မြန်မာနိုင်ငံအတွင်း ငွေထုတ် ငွေလွှဲပြုလုပ်ခြင်း ဈေး၀ယ်ငွေပေးချေခြင်း များပြုလုပ်နိုင်သော Myanmar Payment Union (MPU)

Image Source: https://www.myanmarpaymentunion.com 

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ငွေကြေးစနစ်ကိုပိုမိုတိုးတက်ကောင်းမွန်စေရန် အတွက် ပြည်သူများ ငွေပေးချေမှု အဆင်ပြေလွယ်ကူစေရန်နှင့် ငွေစက္ကူသုံးစွဲလျော့ချနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် MPU အဖွဲ့၀င်ဘဏ် ၂၃ ဘဏ်များနှင့် ပူးပေါင်းပြီးပြည်သူများသို့ငွေပေးချေမှု ဆိုင်ရာများကိုဆောင်ရွက်ပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်တွင် ၁၉၉၅ ခုနှစ်က စတင်ပြီး ပထမဦးဆုံး ATM Card များစတင်မိတ်ဆက်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်များမှ Credit Card များထုတ်ပေးခဲ့ပြီး ၂၀၀၃ ခုနှစ် နိုင်ငံတွင်း ဘဏ္႑ာရေးအကျပ်တည်းများဖြစ်ပြီးနောက် ပုဂ္ဂလိက ဘဏ်များမှ Credit Card ထုတ်ပေးခြင်းများကိုရပ် ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင်ပြန်လည်ပွင့်လင်းလာပြီးနောက် ဘဏ်လုပ်ငန်းနှင့်ငွေပေးချေမှု စနစ်ပြောင်းလဲမှုများသည် ဘဏ္႑ာရေးလုပ်ငန်း၏ ရေးပါသောပြုပြင် ပြောင်းလဲမှုတစ်ခုအဖြစ်တွေ့မြင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် Myanmar Payment Union (MPU) ကိုအဖွဲ့၀င်ဘဏ် ၁၇ ဘဏ်ဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ငွေပေးချေမှုကွန်ယက်လုပ်ငန်း များကိုစတင်ဆောင်ရွက်ခဲ့ပါတယ်။ Myanmar Payment Union (MPU) အဖွဲ့အစည်းမှ ၂၀၁၅ ခုနှစ် တွင်အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် အဖွဲ့၀င် ဘဏ်ပေါင်း ၂၃ ဘဏ်ရှိခဲ့ပြီး ၄င်း ဘဏ်များအနက် ဘဏ် ၁၉ ခုမှာ Debit ကဒ်များထုတ်ထားပြီး ATM (ငွေထုတ်စက်) နှင့် POS (ငွေပေးချေစက်) များကိုဈေးကွက်ထဲတွင်တပ်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ Myanmar Payment Union (MPU) အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ National Payment Switch (NPS) အဖြစ် ဆောင်ရွက်ရန် အဖွွဲ့၀င်ဘဏ်များ အချင်းချင်း အီလက်ထရောနစ် ကွန်ရက်မှတစ်ဆင့် ပေးချေမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ငွေသားမဲ့ ငွေပေးချေမှုသို့ကူး ပြောင်းရန်နှင့် အနာဂတ်တွင် နိုင်ငံတကာ၏ပေးချေမှုကွန်ယက်ဖြင့်ချိတ်ဆက်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်းခြင်းဖြစ်ပါတယ်။ နိုင်ငံတကာဘဏ်များမှ ထုတ်ထားသော UPI(UnionPay) ကဒ်များအသုံးပြုနိုင်ရန်နှင့် Acquiring လုပ်ငန်းများအတွက် UPI (UnionPayInternational) နှင့်ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်အစောပိုင်းတွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ Myanmar Payment Union ကွန်ယက်တွင် JCB (Japanese Credit Bureau) တို့၏ ကဒ် များကို အသုံးပြုမှုကိုလက်ခံရန် မိတ်ဖွဲ့ခဲ့ပြီး  ၂၀၁၅ ခုနှစ် တွင် MPU မှ ပြည်တွင်း နှင့် ပြည်ပ နိုင်ငံများတွင် အသုံးပြုနိုင်သည့် co-brand ကဒ်များထုတ်လုပ်ရန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော UPI ၊ JCB တို့နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ Myanmar Payment Union Card ကို MPU Credit Card ၊ MPU Debit Card နှင့် MPU Co-Brand Card ဟူ၍ အမျိုးအစား ၃မျိုးရှိပါတယ်။

Image Source: https://www.myanmarpaymentunion.com 

Debit Card ကိုအသုံးပြုပြီး ATM စက်မှ ငွေထုတ်ယူခြင်း ဈေး၀င်စင်တာများ ကုန်တိုက်များ ဆိုင်များတွင်ရှိသော Point of Sale (POS) စက်များဖြင့် ငွေပေးချေခြင်း MPU E-Commerce Account ရှိပါက Online တွင် ဈေး၀ယ်ခြင်း ငွေပေးချေတို့အတွက် အသုံးပြုနိုင်ပြီး Debit Card ကို ငွေစုဘဏ်စာရင်း (Saving Account) ဖြင့် ချိတ်ဆက်ထားပါက သတ်မှတ်ထားသော ဘဏ်တိုးရရှိနိုင်၍ Debit Card နှင့် ငွေပေးချပါကလည်း ဘဏ်များနှင့်ချိတ်ဆက်ထားသော ဆိုင်များတွင် အထူးလျှော့ဈေးများရရှိနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုက Credit Card ဖြစ်ပြီး ၄င်း ကဒ်ကို ဘဏ်မှသုံးစွဲခွင့်ပြုထားသော သတ်မှတ်ငွေပမာဏ အတွင်း အသုံးပြုပြီး ATM မှ ငွေထုတ်ယူခြင်း ဈေး၀ယ်စင်တာများ ဈေး၀ယ်ကုန်တိုက်များ ဆိုင်များတွင်ရှိသောဆိုင်များတွင် POS စက်များဖြင့်ငွေပေးချေ၀ယ်ယူနိုင်ခြင်း MPU E-Commerce Account ရှိပါက Online တွင် ဈေး၀ယ်ခြင်း တို့တွင်လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Credit Card ဖြင့် သုံးစွဲထားသောငွေများကို အချိန်ကာလတစ်ခုအထိ အတိုးမဲ့သုံးစွဲနိုင်ပြီး သတ်မှတ်ထားသောရက် ကျော်လွန်သွားပါက ဘဏ်တိုးနှုန်းပေးဆပ်ရမှဖြစ်ပြီး ၄င်းကဒ်ဖြင့် ငွေပေးချေပါက ဘဏ်များနှင့် ချိတ်ဆက်ထားသော ဆိုဒ်များတွင်လည်း ငွေပေးချေပါက အထူးလျှော့ဈေးနှုန်းများရရှိနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Co-Brand Card ဖြစ်ပြီး (MPU-JCB Logo ပါသော Card, MPU- UnionPay Logo ပါသော Card) များကို ဆိုလိုတာဖြစ်ပြီး Co-brand Card များကို နိုင်ငံတကာတွင်အသုံးပြုမည်ဆိုပါက JCB, UnionPay Card များလက်ခံသော နိုင်ငံများတွင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Myanmar Payment Union (MPU) ကို ပြည်တွင်း ATM စက်များရှိသည့်မည့်သည့် အချိန် နေရာဒေသတွင်မဆို ငွေသားများကို အလွယ်တကူထုတ်ယူနိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ငွေကျပ် တစ်ထောင် မှ ငွေကျပ် ၁၀ သိန်းအထိထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ပြည်ပတွင်လည်း (JCB, UnionPay) တို့၏ စည်းမျဉ်းများနှင့်အညီသတ်မှတ်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ စားသောက်ဆိုင်များ စူပါမားကတ်များနှင့် ဟိုတယ်များတွင် ထားရှိထားသော POS များတွင် MPU Card နဲ့လွယ်ကူစွာငွေပေးချေနိုင်ခြင်း ပြည်တွင်းရှိ POS စက်များတွင် တစ်ရက်လျှင် အနည်းဆုံး ငွေကျပ် ၁ထောင် မှ ငွေကျပ် သိန်း ၅၀ အထိပေးချေနိုင်မှာဖြစ်ပါတယ်။ MPU-Ecommerce အကောင့်ရှိပါက MPU Logo ရှိသော Online Website များတွင် လုံခြုံစိတ်ချစွာဈေး၀ယ်နိုင်မှာဖြစ်ပါတယ်။ Myanmar Payment Union (MPU) ထုတ်ေ၀ထားသောဘဏ် ၁၉ ဘဏ် ၊ Point of Sale (POS) နဲ့ချိတ်ဆက်အသုံးပြုနိုင်သော ဘဏ် ၁၉ ဘဏ် နှင့် MPU E-Commerce နဲ့ချိတ်ဆက်အသုံးပြုနိုင်သော ဘဏ် ၁၂ ဘဏ် များနှင့် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။