မြန်မာနိုင်ငံတွင်း အကောင်းဆုံးဆက်သွယ်ရေး Internet Service Provider (ISP) များအကြောင်း

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး နှင့် နည်းပညာ ကဏ္႑ဖွွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်နှင့် ကမ္ဘာ့စာပို့ သမဂ္ဂရဲ့ စံသတ်မှတ်ချက်များနှင့် အညီ အခြေခံအဆောက်အဦးများ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး ဆန်းသစ်တီထွင်မှုရှိသော ဆက်သွယ်ရေး၀န်ဆောင်မှုများအား ဆောင်ရွက်စေခြင်းဖြင့် အများပြည်သူများအတွက် လူမှုစီးပွား အခြေအနေများ တိုးတက်လာစေရန် ၊ e-Government လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေးတိုးမြင့်ဆောင်ရွက်ရန် စာပို့တိုက် ၀န်ဆောင်မှုလုပ်ငန်းကို ခေတ်မှီစက်ကိရိယာများ တပ်ဆင်ပြီး အရည်အသွေးကို ပြည်သူလူထု ယုံကြည်မှုအပြည်အ၀ရရှိအောင် ဆက်သွယ်ရေး၀န်ဆောင်မှု လုပ်ငန်းများအား နိုင်ငံတကာ နှင့်ရင်ဘောင်တန်း နိုင်ရန် အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ တိုးတက်ပြောင်းလဲလာစေပြီး ဆက်သွယ်ရေး၀န်ဆောင်မှုလုပ်ငန်းများအား ကျေးလက်နှင့်မြို့ပြဒေသများအားလုံး ဖြန့်ကျက်သုံးစွဲနိုင်ရေး နှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ၀န်ဆောင်မှုပေးနိုင်ရေးအတွက် မြန်မာ့ ဆက်သွယ်ရေး နှင့် နည်းပညာ အခန်းကဏ္႑ကိုဖွံ့ဖြိုးတိုးတက်အောင်ကြံဆောင်နေပါတယ်။ မြန်မာနိုင်ငံ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာ လုံခြုံရေး အနေဖြင့် e-Government လုပ်ငန်းများ အကျိုးရှိရှိ ထိရောက်အောင်မြင်စေရန် အရေးပါသော လူ့စွမ်းအား အရင်းအမြစ်များအား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် စီမံခန့်ခွဲမှု နှင့် ICT နည်းပညာများကို သင်ကြား ပို့ချပေးခြင်း Data ID Card System ၊ Digital Government Strategy ၊ e-Government စနစ်အား လုံခြုံ စိတ်ချစွာအသုံးပြုနိုင်ရန်ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသများသို့ ကွန်ရက်ဖြန့်ကျက်နိုင်ရေးအပြင်သုံးစွဲသူအရေအတွက်ပိုမို သုံးစွဲနိုင်ရေးအတွက်ပါ အရန်ပင်မ Fiber Cable ဆက်ကြောင်းများ တိုးချဲ့တည်ဆောက်ထားပြီး ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြင့်တင်ခြင်း မြို့ကြီးများတွင် LTE စနစ်များ တိုးချဲ့တည်ဆောက်သွားခြင်းအပြင် Fiber Internet ၀န်ဆောင်မှုများကို ရန်ကုန် မန္တလေး နေပြည်တော် အပြင် အခြားမြို့ကြီးများ တွင်လည်း Fiber Internet ၀န်ဆောင်မှုကို ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများဖြင့်ပြုလုပ်ဆောင်ရွက်ထားပြီး Mobile Money ၀န်ဆောင်မှုများကိုလဲ လက်ရှိသုံးစွဲသူများဆက်လက်တည်တံ့စေရေး နှင့် လျော့နည်း မသွားစေရေးတို့ကိုဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဆက်သွယ်ရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂ္ဂလိက လုပ်ငန်းများကို Internet ငှားရမ်းလုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များချထားပေးလျက်ရှိပါတယ်။ ယခုဖော်ပြပေးသွားမယ့် မြန်မာနိုင်ငံတွင်း အကောင်းဆုံးဆက်သွယ်ရေး ပုဂ္ဂလိက Internet Service Provider (ISP) များကတော့ 5BB Broadband , Myanmar Net တို့ဖြစ်ပါတယ်။

5BB Broadband

Screen Shot Photo Source – http://www.5bb.com.mm

Global Technology Group ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အဆင့်မှီ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို စတင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မှုဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း Network Facilities Services (Individual) လိုင်စင်ကို ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်မှစတင်ပြီး FTTX (Fiber Network) ၀န်ဆောင်မှုကို ရန်ကုန်မြို့တွင် စတင်၀န်ဆောင်မှုပေးခဲ့ပြီး မန္တလေးမြို့နှင့် ပဲခူးတိုင်းဒေသကြီးတွင်ဆက်လက်တိုးချဲ့၀န်ဆောင်မှုပေးလျှက်ရှိပါတယ်။ Global Technology ကုမ္ပဏီမှ International Gateway Services (IGW) ၀န်ဆောင်မှုလုပ်ငန်းကို ၂၃ ဇန်နဝါရီလ ၂၀၁၈ ခုနှစ်တွင်တရား၀င်စီးပွားအဖြစ်စတင်ခဲ့ပြီး ပထမဦးဆုံး မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိက လုပ်ငန်းအနေဖြင့် International Gateway Services (IGW) ၀န်ဆောင်မှုလုပ်ငန်းကိုစတင်ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ယခုထက်ပိုမိုကောင်းမွန်သော အင်တာနက်၀န်ဆောင်မှု ဒေတာ၀န်ဆောင်မှုနှင့် ကွန်ရက်ချိတ်ဆက်ခြင်းလုပ်ငန်းများဖြစ်သော Global Net , 5BB Broadband အမှတ်တံဆိပ်များဖြင့် အကောင်းဆုံး၀န်ဆောင်မှုများပေး ထားတာပါတယ်။ 5BB Broadband FTTX ကို သုံးချင်းအားဖြင့် လစဉ်ကြေးဈေးနှုန်းများသက်သာပြီး Internet Speed အများဆုံး နှင့် အပြည့်ရရှိမှာဖြစ်ပါတယ်။ Unlimited Data Download ဖြစ်တဲ့အတွက်ကြောင့် မိသားစုတစ်ယောက်ချင်းသုံးစွဲသော မိုဘိုင်းဖုန်းအင်တာနက်စုစုပေါင်းထက်ကုန်ကျစရိတ်များစွာသက်သာပြီး ဗီဒီယိုကြည့်ရန်၊ YouTube ကြည့်ရန် အကောင်းဆုံးအင်တာနက်ဖြစ်ပါတယ်။ Mobile, Tablet , Laptop များအပြင် Smart TV များနှင့်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Line Speed အနေဖြင့် အနည်းဆုံး XS Plan (3Mbps) ဖြင့်ပင် တစ်အိမ်လုံး လုံလုံလောက်လောက် ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ တပ်ဆင်ပေးထားသော FTTH WiFi Router အတွက် Lifetime warranty ပေးထားသောကြောင့် 5BB ၏အင်တာနက်ကိုသုံးနေသမျှကာလပတ်လုံး ချို့ယွင်းခဲ့လျှင်အခမဲ့လဲလှယ်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းနေရာတော်တော်များများတွင် နှစ်ပတ်ခန့်အတွင်း တပ်ဆင်ပေးလျှက်ရှိပြီး အလွန်ခက်ခဲသောနေရာများ လမ်းကူးလမ်းဖြတ်ခက်ခဲသောနေရာများ တွင် လမ်းကြောင်းအသစ်ရှာဖွေရမှုပေါ်မူတည်ပြီး အချိန်အနည်းငယ်ကြန့်ကြာနိုင်ပါတယ်။ 5BB Wifi line များကိုနေရာတော်တော်များများတွင် အခမဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Line Speed နှင့် Internet Plan များကိုအောက်ပါအတိုင်ကြည့်ရူနိုင်ပြီး http://www.5bb.com.mm/ တွင်လည်းအသေးစိတ်၀င်ရောက်ကြည့်ရူနိုင်ပါတယ်။

Myanmar Net 

Screen Shot Photo Source – http://www.myanmarnet.com

သတင်းအချက်အလက်နှင့်နည်းပညာ ဆိုင်ရာ၀န်ဆောင်မှုများအား ဈေးနှုန်ချိုသာစွာပံ့ပိုးပေးခြင်းအားဖြင့်ကမ္ဘာလုံးဆိုင်ရာနည်းပညာကွာခြားမှု များကိုပေါင်းကူးပေးပြိီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့်မြန်နှုန်းမြင့် အင်တာနက်ဆိုင်ရာ ၀န်ဆောင်မှုများကို နေအိမ်များ လုပ်ငန်းများသို့ ဈေးနှုန်း ချိုသာစွာပံ့ပိုးရန်အတွက်မြန်မာနက် အနေဖြင့် ကမ္ဘာပေါ်တွင်အများနှင့်မတူတစ်မူထူးခြားသောစွမ်းဆောင်ရည်မြင့်မားသည့် ကွန်ရက်နည်းပညာကို အသုံးချ၍ ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။ မြန်မာနက်ကို အသုံးပြုသူပေါင်း ၁သိန်းကျော် မှ ယုံကြည်အားထားအသုံးပြုနေသည့် စွမ်းဆောင်ရည်မြင့် မြန်မာနက် အင်တာနက်ကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။ မြန်မာနက် ၏ အ၀သုံး အင်တာနက် အစီစဉ်ကို ရန်ကုန်မြို့တွင်း ၁၃မြို့နယ် နေရာအနှံ့နှင့် မြို့နယ်ပေါင်း ၁၉ မြို့နယ်ရှိ ကွန်ဒို ၊ အိမ်ရာများ တွင်အသုံးပြုနိုင်ပြီး လုပ်ငန်းသုံးအင်တာနက်ကိုတော့ ရန်ကုန်မြို့ တစ်မြို့လုံးနီးပါး ကွန်ရက်လွှမ်းခြုံလျက်ရှိပါတယ်။ မြန်မာနက်ရဲ့ လစဉ်သုံး အင်တာနက် ကို လစဉ်ကြေးဖြင့် အ၀သုံးနိုင်ပြီး အိမ်တွင်းသုံးရုံသာမက အပြင်သွားသည့် အချိန်များတွင်ပါ ရယူထားသောမြန်နှုန်းအလိုက်ရရှိမည့် အခမဲ့မိုဘိုင်းအကောင့်ကတ်များဖြင့်မြန်မာနက်ကွန်ရက်ရှိသည့်နေရာတိုင်း တွင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အ၀သုံးအင်တာနက်တွင်CPE စက်ပါသော တစ်အိမ်လုံးသုံးအစီစဉ်နှင့် CPE စက်မပါသော စုပေါင်း အ၀သုံးအစီစဉ် ၂မျိုးမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

နေ့စဉ်သုံး အစီစဉ်ကို username နှင့် password ပါ အကောင့်ကဒ် (ငွေ ၁,၀၀၀ ပါ၀င်) ကို၀ယ်ပြီး Myanmar Net Wifi ကို ချိတ်ဆက်ပြီး နေ့စဉ်သုံး အင်တာနက်ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နေအိမ် နှင့် ရှံးခန်းနေရာများတွင် မြန်မာနက်ကို လိုင်းအမိဆုံးသုံးရန်အတွက် CPE ငှား ရမ်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နေ့စဉ်သုံးအင်တာနက် အစီစဉ် ၃မျိုး ကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းများအသုံးပြုရန်အတွက် လုံခြုံစိတ်ချ စွမ်းဆောင်ရည်မြင့်မားသည့် လုပ်ငန်းသုံးအင်တာနက်၀န်ဆောင်မှု ကိုပံ့ပိုးပေးလျက်ရှိပါတယ်။
လုပ်ငန်းသုံးအင်တာနက် အစီစဉ်များကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ရပါတယ်။ အသေစိတ်တိတိကျကျ သိရှိလိုပါက http://www.myanmarnet.com/product/my-zawgyi တွင်၀င်ရောက်ကြည့်ရူနိုင်ပါတယ်။