MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည်ဆောင်ရွက်

မြန်မာနိုင်ငံ၏ စစ်မှန်သော ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ MPT သည် မြန်မာပြည်သူများ၏ လူမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဇွန်လ (၃၀) ရက်နေ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ နေရာပေါင်း (၁၄) နေရာတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။ ရွေးချယ်ထားသောနေရာများတွင် သစ်ပင်ပေါင်း ၂,၀၀၀ ကျော်ကို MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ၁,၀၀၀ ကျော် က ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။ 

Image: MPT

MPT ၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သော “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဥ်မှ တစ်ဆင့် သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းလာစေရန်နှင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၏ နေထိုင်မှုဘဝအရည်အသွေးများ ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်ထားပါသည်။ MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန် လာစေရန်၊ ဖန်လုံအိမ်ဓါတ်ငွေ့များကိုလျော့ချနိုင်ရန်နှင့် ကာဘွန်ထုတ်လွှတ်မှုကိုလျော့ ပါးစေနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ သစ်ပင်များသည် လူသားများနှင့် တိရစ္ဆာန် တို့အတွက် နားခိုစရာနှင့် အစားအစာတို့ကို ဖန်တီးပေးသောကြောင့် သစ်ပင်စိုက်ပျိုးခြင်းမှ ကုသိုလ်များစွာ ရရှိသည်ဟု မြန်မာ့ရိုးရာအစဥ်အလာအရ ယုံကြည်လက်ခံထားပါသည်။ MPT ၏ အခြားသော တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများနည်းတူ ယခု သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုသည်လည်း လူမှုအသိုက်အဝန်း၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပိုမိုအောင်မြင် လာမည်ဟု ယုံကြည်ပါသည်။

Image: MPT

MPT အနေဖြင့် ၂၀၁၇ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ဒေသခံ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။အဆိုပါ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် သစ်ပင်ပေါင်း ၁၇,၀၀၀ ကျော်စိုက် ပျိုးပြီးစီးခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အထောက်အပံ့ပြု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ဆောင်ရွက်သည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ် တိုင်း/ပြည်နယ်  စိုက်ပျိုးသည့်နေရာ
၁။ ကချင် နာရဂမိဘမဲ့ဂေဟာကျောင်းလမ်း ၊ နန်ကွေ့ရပ်ကွက်၊ မြစ်ကြီးနားမြို့
၂။ ကယား ပြည်နယ်မန်နေဂျာရုံးပတ်ဝန်းကျင်နှင့်အိတ်ချိန်းရုံးပတ်ဝန်းကျင်
၃။ ကရင် မြဝတီအိတ်ချိန်းဝင်း
၄။ မွန် သံဖြူဇရပ်ဝင်းအတွင်း
၅။ ရှမ်း(အရှေ့) သစ်တစ်ပင်တောင်၊ရပ်ကွက်(၁)၊ ကျိုင်းတုံမြို့
၆။ ရှမ်း(တောင်) ဝန်ကြီးဧည့်ရိပ်သာဝင်း၊ တောင်ကြီး
၇။ ရှမ်း(မြောက်) နည်းပညာတက္ကသိုလ်၊ လားရှိုး
၈။ ပဲခူး(အရှေ့) ခေါင်းဆေးကန်ဘုရားကျောင်း

(နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များနှင့် ဖွံ့ဖြိုးရေးပရဟိတကျောင်း၊)  ဉဿာမြို့သစ်၊ ပဲခူးမြို့

၉။ ပဲခူး(အနောက်) တိုင်းမန်နေဂျာရုံးဝင်း ၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ
၁၀။ မကွေး ဆင်ဖြူကျွန်းအော်တိုအိတ်ချိန်း
၁၁။ မန္တလေး ပြည်ကြီးတံခွန် အိတ်ချိန်းဝင်း ၊ မန္တလေး
၁၂။ ရန်ကုန် ခေမာဗုဒ္ဓတက္ကသိုလ်
၁၃။ တနင်္သာရီ ထားဝယ်မြို့သစ်အိတ်ချိန်းဝင်း
ဘုတ်ပြင်းဆက်သွယ်ရေးဝင်း
ကရသူရိ ဆက်သွယ်ရေးဝင်း
၁၄။ ဧရာဝတီ ပုသိမ်-ချောင်းသာလမ်းရှိ   ဆက်သွယ်ရေးပိုင် သီဟိုဋ်ခြံဝန်းအတွင်း၊ သစ်တိုပင်  ကျေးရွာ၊ ရှောပြာအုပ်စု၊ ပုသိမ်မြို့

“အတူလက်တွဲ အမြဲရှိမည် MPT” သည် ဆိုသည့် ကတိကဝတ်အတိုင်း MPT သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၄ နာရီ (၇) ရက်ပတ်လုံး စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးအပ်နေချိန်တွင် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရေးတွင် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုအဖြစ် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အခြားသောနယ်ပယ်များတွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။