ပြည်တွင်းပြည်ပ ရုပ်ရှင်နှင့် ရုပ်သံအစီအစဉ်များကို စာရင်းသွင်းခ အခမဲ့ဖြင့် MPT IPTV App တွင် ဝင်ရောက်ကြည့်ရှုနိုင်

MPT မိုဘိုင်းဒေတာနှင့် ပြည်တွင်း ပြည်ပမှ ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်တွေကို စာရင်းသွင်းခ ပေးဆောင်စရာမလိုဘဲ အသက်သာဆုံးဒေတာ နှုန်းထားများဖြင့် MPT IPTV Application ပေါ်တွင် ကြည့် ရှုနိုင်ပြီဖြစ်ကြောင်းသိရသည်။
ပြည်တွင်း ပြည်ပ ရုပ်သံလိုင်း (၈) လိုင်း ကိုကြည့်ရှုနိုင်ပြီး နာမည်ကြီးရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်နဲ့ TV show များကိုလည်း ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။ MPT ဖုန်းအင်တာနက်ဖြင့်အသုံးပြုသော non-subscription အသုံးပြုသူဖြစ်ပါက ဒေတာအသုံးပြုမှုအတွက်သာ ကျသင့်မည်ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုတ်ဆွဲခြင်းကို ပြုလုပ်ရနိုင်မည်မဟုတ် ပေ။ MPT IPTV ဝန်ဆောင်မှုကို မြန်မာနိုင်ငံအတွင်းသာ အသုံးပြုနိုင်မည်လည်းဖြစ်သည်။

Photo Source https://www.mpt.com.mm/mm/home-mm/support-mm/contact-us

ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုရန် မဖြစ်မနေ subscribe လုပ်ရန် မလိုဘဲ MPT ဖုန်းအင်တာ နက်ကိုအသုံးပြုပြီး non-subscriber အဖြစ်ကြည့်ရှုနိုင်ပါသည်။ ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုရန် မဖြစ်မနေ subscribe လုပ်ရန် မလိုပါ။ MPT ဖုန်းအင်တာနက်ကိုအသုံးပြုပြီး non-subscriber အဖြစ်ကြည့် ရှုနိုင်သည်။ ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P) ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင် မည်ဖြစ်သည်။
MPT IPTV မှတဆင့် ထောက်ပံ့ပေးသော (သို့မဟုတ်) MPT IPTV နှင့်စပ်လျဉ်းသည့် ဝန်ဆောင်မှု၊ ဝက်ဆိုက် (နှင့်/သို့မဟုတ်) ဆော့ဝဲလ်တို့ ဝန်ဆောင်မှုအား အသုံးပြုရာ၌ ဝန်ဆောင်မှုရယူသူအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် များအား MTP Website တွင်ဖော်ပြထားသည်။

Photo Source https://www.mpt.com.mm/mm/home-mm/support-mm/contact-us

MPT IPTV ဝန်ဆောင်မှုကို Android မှ တစ်ဆင့် အသုံးပြုလိုပါက http://lotaya.mpt.com.mm/event/260 ဒေါင်းလုဒ်ရယူနိုင်ပါသည်။ (သို့မဟုတ်) *1717# ကို ခေါ်ဆိုပြီး application ကို ဒေါင်းလုဒ်ရယူနိုင်ပြီး iOS application မှတစ်ဆင့် ဒေါင်းလုဒ်ရယူလိုပါက iOS app store တွင် “MPT IPTV” ဟုရိုက်နှိက် ရှာဖွေကာ ရယူနိုင်ပါသည်။ (သို့မဟုတ်) https://apps.apple.com/us/app/mpt-iptv/id1530893772 တစ်ဆင့် ဒေါင်းလုတ်ရယူနိုင်ပါတယ်။
MPT ၏ ဝန်ဆောင်မှု သတင်းအချက်အလက်များအကြောင်း ပိုမိုသိရှိလိုလျှင် MPT မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၁၀၆ (သို့) ၂၈၀၀ သို့ဆက်သွယ်ပြီး MPT မဟုတ်သော မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၀၁-၂၃၉၉၁၀၆ (သို့) ၀၁-၈၆၅၂၈၀၀ သို့ဆက်သွယ်ပါ။ ဆက်သွယ်နိုင်သော အချိန်များကို အောက်ပါ MPT website လင့်ခ်တွင်ကြည့်ရှုနိုင်ပါတယ်။
https://www.mpt.com.mm/mm/home-mm/support-mm/contact-us