MPT သုံးစွဲသူများအတွက် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့် စုံစုံလင်လင် ပက်ကေ့ချ်တွင် Viber ဝန်ဆောင်မှု ကို ထပ်မံမိတ်ဆက်

MPT သည် သုံးစွဲသူများအတွက် လူကြိုက်များသော စုံစုံလင်လင် ပက်ကေ့ချ်တွင် Viber ဝန်ဆောင်မှုကို ထည့်သွင်းမိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Viber, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများ အားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထား ဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ကျပ် ပါရှိပြီးရက်ပေါင်း (၃၀)အသုံးပြုနိုင်မည်ဖြစ်သည်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင်နေထိုင်နေရသည့် ကာလတွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်၊ တန်ဖိုးရှိသော သတင်းများရရှိစေရန်၊ အွန်လိုင်းမှ သတင်းအချက်အလက်များရယူနိုင်ရန်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် စုံစုံလင်လင် ပက်ကေ့ချ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါပက်ကေ့ချ်တွင် Viber ဝန်ဆောင်မှုကို ထပ်မံမိတ်ဆက်လိုက်ခြင်းဖြင့် သုံးစွဲသူများသည် လူမှုဆက်သွယ်ရေးဝန်ဆောင်မှုအတွက် မြန်မာနိုင်ငံတွင် လူသိများကျော်ကြားသော ထိပ်တန်းဝန်ဆောင်မှုများကို ခံစားနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ထပ်မံဖြည့်စွက်ထားသော Viber ဝန်ဆောင်မှုကို စုံစုံလင်လင် ပက်ကေ့ချ် သုံးစွဲသူများအားလုံးသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်မှ စ၍ ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ အစီအစဉ်သုံးစွဲသူများသည် ပုံမှန်ခံစားခွင့်များအတွက်ကျသင့်မည့်တန်ဖိုး ၉,၉၉၆ ကျပ်အစား ထက်ဝက်တန်ဖိုး (၅၀ ရာခိုင်နှုန်း လျော့ဈေး) ၄,၉၉၈ ကျပ်ဖြင့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်သည့် အကျိုးခံစားခွင့်များ အားလုံးကို ရရှိနိုင်ပါသည်။ “စုံစုံလင်လင်” ပက်ကေ့ချ်သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်း သက်သာစွာဖြင့် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
“Viber ကို ထပ်မံထည့်စွက်ပေးခြင်းဟာ ကျွန်တော်တို့အတွက် အလွန်ပဲအရေးကြီးပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေ ၊တုံ့ပြန်မှုတွေကို အစဉ်အမြဲ အလေးထားတဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ MPT သုံးစွဲသူတွေကို ရှေ့ဆက်ပြီးမတူကွဲပြားတဲ့ ဆန်းသစ်တီထွင်မှုတွေကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်စေဖို့ဆောင်ရွက်လျက်ရှိနေပါတယ်၊၊ အခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ အခက်အခဲကာလ အတွင်းမှာလည်း သုံးစွဲသူပြည်သူတွေနဲ့အတူ အမြဲရပ်တည်သွားမှာဖြစ်ပြီး “မြန်မာပြည်နှင့်အတူရှိနေမည်” ဆိုတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေချမှတ်ထားတဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံချိန်စံညွှန်းတွေကို လူတိုင်းလိုက်နာပြီး ဘေးကင်းကြစေဖို့ဆန္ဒပြုပါတယ်၊” ဟု MPT-KSGM JO ၏ စီးပွားရေးဆိုင်ရာဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

သုံးစွဲသူများအနေဖြင့် Facebook (ပြင်ပ links များမပါဝင်) အသုံးပြုခြင်း၊ Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းများ မပါဝင်) ဂိမ်းကစားနိုင်ခြင်း သို့မဟုတ် JOOX Music မှ နောက်ဆုံး ထွက်ရှိသည့် သီချင်းများကို နားဆင်ခြင်းတို့နှင်အတူ Viber Message အသုံးပြုခြင်းတို့ကို အကန့်အသတ်မရှိ စိတ်ကြိုက်ရယူခံစားနိုင်ပါသည်။ အပိုဆုလက်ဆောင် ရရှိသည့် 2GB ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင် မည်ဖြစ်သည့် အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ သုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်း နှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြားအသုံးပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။
ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော MPT GSM/WCDMA prepaid စနစ် သုံးစွဲသူများအနေဖြင့် စုံစုံလင်လင်ပက်ကေ့ချ်ကို MPT4U App မှတစ်ဆင့် (သို့မဟုတ်) *4998# သို့ခေါ်ဆိုပြီး ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူများအားလုံးသည် နေအိမ်တွင်ပင် အဆင်ပြေလွယ်ကူစွာဖြင့် မိုဘိုင်းလ်ဖုန်းထဲရှိ MPT4U Appသို့ ဝင်ရောက်၍ ၎င်းတို့၏အကောင့်များကို စီမံခန့်ခွဲနိုင်ပါသည်။ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။