MPT မှ GGI Nippon Life နှင့် AYA SOMPO အာမခံတို့နှင့်ပူးပေါင်းကာMPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု အသစ်ကို စတင်မိတ်ဆက်

MPT သည် အာမခံ လုပ်ငန်းတွင် ဦးဆောင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီနှစ်ခုဖြစ်သည့် GGI Nippon Life နှင့် AYA SOMPO အာမခံ ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းကာ MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယခုမိတ်ဆက်လိုက်သော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်ပြီး ကိုဗစ်-၁၉ အပါအဝင် ရောဂါဝေဒနာများ ခံစားရခြင်းနှင့် မတော်တဆမှုများကြောင့်ဖြစ်ပွားသည့် အသက်နှင့်ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုများ၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော စရိတ်လိုအပ်ချက်များကို ပံ့ပိုးပေးမည့် MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အာမခံဝန်ဆောင်မှုဖြစ်သည်။ ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်ရေးမှာ အလွန်ပင် အရေးကြီး လာပြီဖြစ်သည်။
MPT သည် GGI Nippon Life နှင့် ပူးပေါင်း၍ “ဇီဝက” ကျန်းမာရေးအာမခံ၊ AYA SOMPO အာမခံ နှင့် ပူးပေါင်း၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံစသည့် အာမခံ (၂) မျိုးကို MPT ဆင်းမ်ကတ်အသုံးပြုသူများထံ မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ MPT ဆင်းမ်ကတ်သုံးစွဲသူများသည် မိမိကိုယ်ကိုနှင့်မိမိချစ်မြတ်နိုးရသူများအား ကာကွယ်ရန် အထက်ပါ အာမခံဝန်ဆောင်မှု (၂) မျိုးကို MPT4U App၊ MPT ဝက်ဘ်ဆိုက်၊ စာတိုအတွင်းရှိ Link နှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုဝက်ဘ်ဆိုက် http://bit.ly/U-life-MM မှတဆင့် မိမိတို့၏နေအိမ်မှပင် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

အောက်တိုဘာလ ၁၉ ရက်မှစ၍ MPT သုံးစွဲသူများသည် GGI Nippon Life ၏ “ဇီဝက” ကျန်းမာရေးအာမခံ ဝန်ဆောင်မှုကို ဝယ်ယူရရှိနိုင်ပြီး အဆိုပါဝန်ဆောင်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားရောဂါများကြောင့် သေဆုံးခြင်းများသာမက ဆေးရုံတက်ကုသမှုအတွက် စရိတ်များကိုလဲ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ဤဝန်ဆောင်မှုတွင် “ဇီဝက” ကျန်းမာရေး အာမခံကိုဝယ်ယူထားသည့်မည်သူမဆို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ဟုစစ်ဆေးတွေ့ရှိပါက အပိုထပ်ဆောင်းပေးချေမှု ပမာဏ (၂)သိန်းကျပ်ကို (သက်တမ်းကာလ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ) ခံစားခွင့် ရရှိနိုင်သည်။ ဇီဝကကျန်းမာရေးအာမခံကို အသက်(၆)နှစ် မှ (၇၅) နှစ် ကြား MPT ဆင်းမ်ကတ်အသုံးပြုသူတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး အသက် (၆)နှစ်မှ (၁၈)နှစ် ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၏ ထောက်ခံ ချက်ရရှိရန် လိုအပ်သည်။
“သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝန်ဆောင်မှုကို AYA SOMPO အာမခံနှင့် ချိတ်ဆက်ထားပြီး မတော်တဆမှုများကြောင့် သေဆုံးခြင်း၊ တစ်သက်တာကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် ဆေးရုံတက်ကုသမှုများ အတွက် စရိတ်ပံ့ပိုးပေးမည်ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် အဆိုပါ အာမခံ ဝန်ဆောင်မှုအား အောက်တိုဘာ လကုန်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ အာမခံထားရှိသူသည် ဝယ်ယူထားသောဝန်ဆောင်မှု အလိုက် ၅၀၀,၀၀၀ ကျပ်မှ စတင်ပြီး အများဆုံးကျပ် သိန်း ၁၀၀ ထိထုတ်ယူနိုင်သော ခံစားခွင့်ကိုရရှိမည်ဖြစ်သည်။ အသက်(၁၆)နှစ် မှ (၆၀)နှစ်ကြားရှိ MPT သုံးစွဲသူများအနေဖြင့် အဆိုပါ အာမခံ ခံစားခွင့်ကို ထားရှိနိုင်မည်ဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ တစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။
အာမခံဝန်ဆောင်မှုအား တစ်ကြိမ်တစ်ခါမျှ မဝယ်ယူဖူးသောသုံးစွဲသူများအတွက် ဘဝ၏စိန်ခေါ်မှုအခိုက်အတန့်များကို လွှမ်းခြုံပံ့ပိုးသွားနိုင်မည့် ကတိတစ်ခုပေးအပ်လိုက်ခြင်းဖြစ်သော “MPT U-Life ဒီဂျစ်တယ် အာမခံဝန်ဆောင်မှု” သည် MPT ဆင်းမ်ကတ်သုံးစွဲသူများ အာမခံဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အာမခံကြေးပေးသွင်းရာတွင် ဝယ်ယူသူ၏ မိုဘိုင်းလ်ဖုန်းရှိ ဖုန်းလက်ကျန်ငွေ (သို့မဟုတ်) MPT Money အကောင့်လက်ကျန်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ပါသည်။ ထို့အပြင် အထက်ပါအာမခံဝန်ဆောင်မှုများကို အောက်တိုဘာလ ၁၈ ရက်နှင့် နိုဝင်ဘာလ ၁၈ ရက်အကြား ဝယ်ယူပါက ထပ်ဆောင်းအကျိုးခံစားခွင့်လက်ဆောင်များ ရရှိနိုင်မည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/mptofficialpage

MPT သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းကို အသုံးပြု၍ မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့်အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်ခ်မှလည်း တိုက်ရိုက်ဒေါင်းလုတ်ရယူနိုင်ပါသည်။
“MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/mptofficialpage နှင့် MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက်စာမျက်နှာ https://bit.ly/U-life-MM တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။