COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် MPT မှ လိုအပ်သောနေရာများတွင် မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက် ချိတ်ဆက်ပေး

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကပ်ရောဂါ ဒုတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း မြန်မာပြည်နှင့်အတူရှိနေမည့် MPT ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုတို့ကို မရှိမဖြစ် လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
MPT အနေဖြင့် လတ်တလောတွင် အသစ်ဖွင့်လှစ်လိုက်သည့် ရန်ကုန်မြို့၊ သုဝဏ္ဏ ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ တွင် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ဆက်သွယ်မှုနှင့် Wi-Fi ကွန်ရက်စနစ် တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဤ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ လူနာများ၊ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူ ၅၀၀ ကိုထားရှိ ဆောင်ရွက်နေခြင်းဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

ထို့အပြင် ထပ်ဆောင်းလူနာနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရုံးအဖွဲ့များ အပါလူပေါင်း ၅၉၅ ဦးကို လက်ခံ ဆောင်ရွက်နိုင်သည့် ကိုဗစ်-၁၉ အရေးပေါ် ကုသရေးဌာန ဖြစ်သည့် ဧရာဝတီစင်တာ ကို တိုးချဲ့ တည်ဆောက်လျက်ရှိပြီး MPT အနေဖြင့် အဆိုပါ တိုးချဲ့ဆောင်များ၌လည်း လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို တိုး ချဲ့တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
“တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့ MPTအနေနဲ့ လတ်တလောမှာ ဆောက်လုပ်ပြီးစီးသွားခဲ့တဲ့ ကိုဗစ်-၁၉ အရေးပေါ် ကုသရေးဌာန ဧရာဝတီစင်တာ မှာ မြန်နှုန်းမြင့် B2B ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးအပ်ထားပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မကြာခင်မှာ တည်ဆောက်ပြီးတော့မယ့် ကိုဗစ်-၁၉ အရေးပေါ် ကုသရေးဌာနဖြစ်တဲ့ ဧရာဝတီစင်တာ ရဲ့ တိုးချဲ့ဆောင် မှာလည်း လိုအပ်တဲ့ တယ်လီကွန်းဆက်သွယ်ရေးအထောက်အပံ့ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage/

“ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျွမ်းကျင်တဲ့ MPT က B2B ဝန်ဆောင်မှုအဖွဲ့ရဲ့ ကြိုုးပမ်းမှုနဲ့အတူ “မြန်မာပြည် နှင့် အတူရှိနေမည်” ဆိုတဲ့ MPT ရဲဆောင်ပုဒ် ထိန်းသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရ အဖွဲ့အစည်းများအတွက် မြန်ဆန်ပြီး ယုံကြည်ရတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို ရှေ့တန်းကနေ လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေကိုလည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းမှ ဆက်လက်ပြောကြားသည်။
တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် ပြီးခဲ့သည့် ဧပြီလကပင်စတင်ပြီး ပံ့ပိုးကူညီ ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်မှု နေရာ (Quarantine Center) များနှင့် ကုသရေးဌာနများ၌ မြန်နှုန်းမြင့် FTTH နှင့် B2B ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုများ၊ PSTN အော်တို တယ်လီဖုန်းဝန်ဆောင်မှုနှင့် VOIP ဖုန်းလိုင်းများကို တပ်ဆင်ပေးခဲ့ပြီး ဖြစ်သည်။