MPT မှ Myanmar Esports Club နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ Esports ကဏ္ဍအား ပံ့ပိုးကူညီ

MPT သည် နာမည်ကြီး Esports ဂိမ်းများဖြစ်သည့် PUBG Mobile နှင့် Mobile Legends Bang Bang (MLBB) တို့အား အခြေခံသည့် ပြိုင်ပွဲများဖြစ်သော PUBG Mobile Fun Matches နှင့် Mobile Legends Weekly Community Cup တို့အား လက်ရှိကြီးမှူး ကျင်းပပေးလျက်ရှိသည့် Myanmar Esports Club နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ Esports အား အင်တိုက်အားတိုက် ပံ့ပိုးကူညီလျက်ရှိသည်။

PUBG Mobile Fun Matches တွင် ဆုလက်ဆောင်အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၀၀၀ အပြင် MPT Club Points နှင့် ဆုလက်ဆောင်များကိုပါ ရရှိကံထူးနိုင်မည်ဖြစ်ပြီး  အပတ်စဉ်ပြုလုပ်နေသော Weekly Community Cup တွင် အနိုင်ရရှိသူများအား တစ်ပတ်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၅၀၀ အထိ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ PUBG Mobile Fun Matches အား အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ 

Photo source https://www.facebook.com/mptofficialpage/

“MPT အနေနဲ့ MESC နဲ့ပူးပေါင်းပြီး Fun Matches နဲ့ Weekly Community Cup စတဲ့ ပြိုင်ပွဲတွေကနေတစ်ဆင့်  မြန်မာနိုင်ငံရဲ့ Esports နဲ့  ဂိမ်းကစားခြင်းကဏ္ဍတွေကို တစ်ဖက်တစ်လှမ်းက ပံ့ပိုးခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ Esports ကို စိတ်ဝင်စားတဲ့လူ များပြားလာတာနဲ့အမျှ ဒီကဏ္ဍက လူငယ်တွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီလိုပြိုင်ပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံကလူငယ် ဂိမ်းကစားသမားတွေကို နိုင်ငံတကာ ဂိမ်းကစားခြင်းအတွေ့အကြုံရရှိအောင် ကူညီပြီး တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံရဲ့ Esports ကိုပါ နိုင်ငံတကာအဆင့်ထိ တိုးတက်အောင် ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီး MPT ရဲ့ မြန်ဆန်၊ စိတ်ချယုံကြည်ရတဲ့ အကျယ်ပြန့်ဆုံး ကွန်ရက်နဲ့ ဒီပြိုင်ပွဲမှာ ပါဝင်ကစားကြမယ့်သူတွေအတွက် အကောင်းဆုံး ဂိမ်းကစားနည်းအတွေ့အကြုံတွေနဲ့ တစ်သက်တာ အကောင်းဆုံးပြိုင်ပွဲ အတွေ့အကြုံတွေကို ရရှိစေမယ်လို့လည်း  ယုံကြည်ပါတယ်။”  ဟု MPT-KSGM  JO ၏ စီးပွားရေးဌာနကြီး၊ စျေးကွက်ရေးရာဌာနမှ ဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် က  ပြောကြားခဲ့ပါသည်၊၊

လက်ရှိကျင်းပလျက်ရှိသော ပြိုင်ပွဲနှစ်ခုအနက် PUBG Mobile Fun Match ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ နာမည်ကြီးအနုပညာရှင်များ၊ Streamer များ၊ ထိပ်တန်းကစားသမားများအပြင် နိုင်ငံတကာမှ နာမည်ကြီး Streamer များ၊ ထိပ်တန်း ကစားသမားများနှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာကစားနည်းများဖြင့် ယှဉ်ပြိုင်ကစားခွင့် ရရှိမည်ဖြစ်သည်။ ယခုပြိုင်ပွဲသည် ပုံမှန်ပြုလုပ်နေကျ ပြိုင်ပွဲများနှင့်မတူဘဲ နိုင်ငံတကာ နှင့် ပြည်တွင်းမှ နာမည်ကြီး အနုပညာရှင်များနှင့် ထိပ်တန်းကစားသမားဖြစ်ကြသည့် pindapanda၊ Biancake၊ ယွန်းဝတီလွင်မိုး၊ ခင်ဝင့်ဝါ၊ Kelvin Kate၊ Bon Bon၊ AKgoLive၊ TOMLLA၊  Power – Gaming နှင့် အခြားသော ကစားသမားများပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ထိ ရရှိနိုင်မည်ဖြစ်ပြီး MPT Club points များအပြင် အခြားသောဆုလက်ဆောင်များကိုလည်း ကံထူးနိုင်မည် ဖြစ်သည်။ MPT သုံးစွဲသူများနှင့် MLBB ကစားသမားများ အနေဖြင့် အခြားပြိုင်ပွဲဖြစ်သော Weekly Community Cup ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိသူများသည် အပတ်စဉ်ဆုကြေးငွေအဖြစ် ဂိမ်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ ရရှိမည် ဖြစ်ပါသည်။ 

Photo source https://www.facebook.com/mptofficialpage/

Myanmar Esports Club မှ တာဝန်ရှိသူ ဦးအောင်သူရ အနေဖြင့်လည်း ဤပြိုင်ပွဲများအပေါ် အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ယခုလို ပြိုင်ပွဲတွေကို ပြည်တွင်းက ဂိမ်းဝါသနာရှင်တွေအတွက် မိတ်ဆက်ပေးရတဲ့အပေါ် စိတ်လှုပ်ရှားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အားကျနှစ်သက်ရတဲ့ နိုင်ငံတကာက နာမည်ကျော် ဂိမ်းကစားသမားတွေနဲ့ အတူယှဉ်ပြိုင်ရမယ့်အပြင် ဆုကြေးတွေပါရရှိမယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့ကိုယ်တိုင်လည်း သိလို့ပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT အနေနဲ့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ Esports ကို အင်တိုက်အားတိုက် ပံ့ပိုးကူညီပေးတဲ့အတွက်လည်း  အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီလိုနိုင်ငံတကာအဆင့်မီ ပြိုင်ပွဲတွေကနေတစ်ဆင့် Esports နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့် မြန်မာနိုင်ငံက လူငယ်ကစားသမားဝါသနာရှင်တွေကို အင်တိုက်အားတိုက် မြေတောင်မြှောက်ပေးနိုင်ဖို့နဲ့ နိုင်ငံတကာအဆင့်မီ ဂိမ်းကစားနည်း အတွေ့အကြုံကို ပေးပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုတွေကို ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အားလုံးကို ကံကောင်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ ဒီလိုမျိုးစိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေကို MPT နဲ့ အတူပူးပေါင်းပြီးလုပ်ဆောင်သွားဖို့ကိုလည်း စိတ်လှုပ်ရှားမိပါတယ်။”  

Photo source https://www.facebook.com/mptofficialpage/

မြန်မာနိုင်ငံ၏ Esportsကဏ္ဍ အား ပံ့ပိုးသောအားဖြင့် MPT သည် ဂိမ်းကစားသမားများ အတွက် ၎င်းတို့ကြိုက်နှစ်သက်သည့် ဂိမ်းများကို လျှင်မြန်လှသည့်အမြန်နှုန်း ၊ ထစ်ငေါ့ခြင်းမရှိသည့် ကွန်ရက်နှင့် ကြီးမားလှသည့် စွမ်းဆောင်ရည်ရှိသော MPT ၏ အင်တာနက်ဖြင့် သီးသန့်ရွေးချယ် ကစားနိုင်ရန် PUBG Data Pack  နှင့် Facebook, Viber, JOOX, Mobile Legends, များ အကန့်အသတ်မရှိ သုံးနိုင်မည့် Sone Sone Lin Lin Pack (All in One) Package တို့အား မကြာသေးမီက မိတ်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် MPT ၏ PUBG Data Pack အား ၉၄၅ ကျပ်ဖြင့် ဝယ်ယူပြီး အင်တာနက် ဒေတာ 900 MB အပြင် Lucky PUBG Game Items များကိုလည်း ရက် ၃၀ အတွင်း ရရှိနိုင်မည် ဖြစ်သည်။ MPT ၏ Sone Sone Lin Lin Pack (All in One) တွင် Facebook, Viber, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများ အားလုံးအတွက် တစ်ရက်လျင် ၁၆၈ ကျပ်သာကျသင့်မည့်  ဒေတာ 2GB လက်ဆောင် ၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထား ဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်နှင့် ရက်ပေါင်း (၃၀) အသုံးပြုနိုင်မည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်လည်းပါရှိပါသည်။

အသေးစိတ်သိရှိလိုပါက MPT ၏ Official Facebook Page ဖြစ်သော https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ Official Website ဖြစ်သည့် www.mpt.com.mm  တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။