အူရီဒူးမြန်မာမှ မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် ဘုန်းကြီးကျောင်းများ စုစုပေါင်း ၆၈ နေရာသို့ သွားရောက်လှူဒါန်း

မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အူရီဒူးမြန်မာသည် မြန်မာတို့၏ ကုသိုလ်ကောင်းမှုများပြုလုပ်သည့် ရိုးရာယဉ်ကျေးမှုနှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် ဘုန်းကြီးကျောင်းများ စုစုပေါင်း ၆၈ နေရာသို့သွားရောက်၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများနှင့် မှီခိုနေထိုင်ပညာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် စုစုပေါင်းဦးရေ ၄၂,၀၀၀ကျော်အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

Image: ooredoo

၎င်းအစီအစဉ်ဖြင့် အူရီဒူးမြန်မာသည် လိုအပ်သည့်လူမှုအသိုင်းအဝိုင်းများအတွက် စားသောက်ကုန်များဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ၊ ဆီနှင့် အခြားသော အဟာရဖြစ်စေမည့် စားသောက်ကုန်များကို လှူဒါန်းခဲ့ပါသည်။ အူရီဒူးမြန်မာအဖွဲ့သားများမှ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ အပါအဝင် စုစုပေါင်း တိုင်းနှင့် ပြည်နယ် ၁၂ ခုတို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ အခြေခံစားသောက်ကုန်များအား ပို့ဆောင်ပေးခဲ့ကြပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “အူရီဒူးမြန်မာအနေဖြင့် ပရဟိတအဖွဲ့အစည်းများကို နည်းလမ်းများစွာဖြင့် ပံ့ပိုးပေးလျက်ရှိပြီး  ယခုလို မြန်မာ့နှစ်သစ်အခါသမယမှာ အခြေခံစားသောက်ကုန်တွေကိုလှူဒါန်းခြင်းဖြင့် ဆက်လက်ထောက်ပံ့ ပေးခြင်းဖြစ်ပါတယ်။ ယခုလှူဒါန်းမှုက ဒီအဖွဲ့အစည်းတွေပေါ်မှာ မှီခိုနေရသူ ဦးရေ ၄၂,၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုအသိုင်းအဝိုင်းအတွက် ‌ကောင်းမွန်တဲ့သက်ရောက်မှုတွေ ဖန်တီးပေးနိုင်အောင် ရည်ရွယ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို အလေးထား ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

Image: ooredoo

အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေးအပ်ချိန်မှစ၍ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို အဓိကထားပြီး အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများဖြင့် အများပြည်သူကို ပံ့ပိုးပေးလျက်ရှိပါသည်။ အူရီဒူးအနေဖြင့် ချို့တဲ့သည့်လူမှုအသိုင်းအဝိုင်းများအား အခမဲ့ပညာသင်ပေးနေသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြားသော ပရဟိတလုပ်ငန်း အဖွဲ့အစည်းများအား ကျောင်းအဆောက်အအုံ ၄၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ယခုလှူဒါန်းမှုတွင် ၎င်းတို့အပါအဝင် အူရီဒူးမှ ထပ်တိုးပံ့ပိုးပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပရဟိတ‌အဖွဲ့အစည်းများပါဝင်ပါသည်။

အူရီဒူးမြန်မာအနေဖြင့် ဆောင်ရွက်နေစဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လူမှုအကျိုးပြုလုပ်ငန်းများဖြင့် လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည်အကျိုးပြု ပံ့ပိုးပေးသွားမည်ဖြစ်သည်။