MPT ၏ နိုင်ငံတစ်ဝန်း နည်းပညာလေ့လာသင်ကြားရေးအစီအစဉ်မှတစ်ဆင့် ကျောင်းသား ၅၀၀ နီးပါး လုပ်ငန်းခွင်အတွေ့အကြုံနှင့် အသိပညာများ ရရှိခဲ့

MPT က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ “၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်” ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ MPT ရုံးများတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာ တက္ကသိုလ် (၁၆) ခုမှ ကျောင်းသား/ကျောင်းသူ ၅၀၀ နီးပါး တက်ရောက်လေ့လာခဲ့ကြပါသည်။ MPT အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဤအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ရာ  ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့ တက္ကသိုလ်တွင် သင်ကြားခဲ့သော ဘာသာရပ်များကို တကယ့်လက်တွေ့လုပ်ငန်းခွင်၌ မည်သို့အသုံးချနေသည်ကို သိရှိနားလည်စေရန်နှင့် လုပ်ငန်းခွင်တွင်အမှန်တကယ်အသုံးချနေသည့် နည်းပညာများနှင့် ထိတွေ့ခွင့်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက်ရောက်လေ့လာခဲ့သည့် ကျောင်းသား/သူ စုစုပေါင်း ၂,၈၀၀ ကျော်ကို  သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

Image: MPT

MPT သည် တစ်နိုင်ငံလုံးရှိ ကျောင်းသား/သူ စုစုပေါင်း ၄၇၃ ဦးအတွက် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်များကို ပံ့ပိုးပေးခဲ့ပြီး ပညာရပ်ဆိုင်ရာ သီအိုရီများနှင့် လက်တွေ့လုပ်ငန်းခွင် အသုံးချမှု များအကြား လိုအပ်ချက်များကို သင်ကြားပြသပေးခဲ့ပါသည်။ ယခုအစီအဉ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ Network Center နှင့် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း တို့၌ ဒုတိယနှစ်၊ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား/ ကျောင်းသူ (၁၆၂) ဦး တို့ကို သင်တန်းသားများ အဖြစ် လက်ခံခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၃၁၁) ဦးတို့က လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ MPT ရုံးများတွင် လေ့လာခွင့်ရရှိခဲ့ကြပါသည်။ သင်တန်းသားများ အနေဖြင့်  ခေတ်မီကွန်ရက်စနစ်များကို  ကွန်ရက်ချိတ်ဆက်မှု နည်းပညာ၊ FTTH ပြုပြင်ထိန်းသိမ်းရေး နည်းပညာ၊ MSAN နှင့် Exchange ပိုင်းဆိုင်ရာနည်းပညာစသော  အကြောင်းအရာများကို စာတွေ့လက်တွေ့  သိရှိနားလည်နိုင်စေရန် လက်တွေ့လုပ်ဆောင် လေ့ကျင့်ပေးခြင်း များကို လေ့လာသင်ယူခွင့် ရရှိခဲ့ကြပါသည်။

Image: MPT

“MPT အနေနဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး လူငယ်တွေရဲ့ဖွံ့ဖြိုးရေးကို အဓိကအလေးထားတဲ့အနေနဲ့ ‘နိုင်ငံတစ်ဝန်း လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်’ တွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ကျောင်းမှာသင်ကြားခဲ့ရတဲ့ ပညာရပ်တွေနဲ့ လက်တွေ့နယ်ပယ်က နည်းပညာရပ်တွေအကြား ပိုပြီးနီးစပ်သွားအောင် ဖြည့်ဆည်းပေးခဲ့တာကြောင့် အခုဆိုရင် နည်းပညာတက္ကသိုလ်ကျောင်းသားပေါင်း ၂,၈၀၀ ကျော်ကို လက်ဆင့်ကမ်း ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကျောင်းသား/ကျောင်းသူ ၅၀၀ နီးပါးကို လုပ်ငန်းခွင်ဝင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှု တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် ရရှိလာတဲ့ အတွေ့အကြုံတွေဟာ ကျောင်းသားလူငယ်တွေ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်တဲ့အခါ အမှန်တကယ် အရည်အချင်းပြည့်ဝပြီး လုပ်ငန်းခွင်အဆင်သင့်ဖြစ်နေတဲ့ လူငယ်တွေဖြစ်လာစေမယ်လို့ ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် ၎င်းလုပ်ငန်းလည်ပတ်သည့် ကဏ္ဍများအားလုံးတွင် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက် ရေးကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ် အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/  မှတစ်ဆင့် မြန်မာနိုင်ငံရှိ  ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။

Image: MPT

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။