MPT မှ စိတ်လှုပ်ရှားစရာများ ဖန်တီးပေးမည့် “မျက်လှည့်” ဝန်ဆောင်မှုကိုစတင်မိတ်ဆက်

MPT မှ ပျော်ရွှင်စိတ်ဝင်စားဖွယ်ကောင်းသော မျက်လှည့်ပြကွက်များကို မိသားစုနှင့်မိတ်ဆွေများအား ပြန်လည်ဖျော်ဖြေပေး နိုင်ရန်အတွက် “မျက်လှည့်” ဝန်ဆောင်မှုအား ၂၀၁၉ ခုနှစ် ဇူလိုင် ၉ ရက်နေ့တွင် စတင်မိတ်ဆက်အသုံးပြုနိုင်ပြီဖြစ် ကြောင်းလည်း သိရသည်။

Photo Source – https://mpt.com.mm

အဆိုပါဝန်ဆောင်မှုတွင် MPTသုံးစွဲသူများအနေဖြင့် ဒီဂျစ်တယ်အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ဝန်ဆောင်မှုများပါရှိပြီး မိုဘိုင်းလ်ဆိုင်ရာထပ်ဆောင်းဝန်ဆောင်မှုများ၊ မိုဘိုင်းလ်အသုံးပြုမှုဆိုင်ရာ ဖြေရှင်းနည်းဝန်ဆောင်မှုနှင့် အခြားသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Teleapex Group Co., Ltd နှင့် ပူးပေါင်း၍ မျက်လှည့်ပညာကို လေ့လာသင်ယူလိုသူများအတွက် “မျက်လှည့်” ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
မျက်လှည့်ပညာစိတ်ဝင်စားသည့် သုံးစွဲသူများအနေဖြင့် “မျက်လှည့်” ဝန်ဆောင်မှုမိုဘိုင်းလ်အက်ပလီကေးရှင်းနှင့်ပေါ် တယ် https://www.myanmagic.com မှတစ်ဆင့် အကြောင်းအရာစုံလင်စွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော မျက်လှည့် ပညာရပ်မျိုးစုံပါဝင်သည့် ကဏ္ဍ (၄) မျိုးအား သက်သာသည့် နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် ရယူနိုင်မည်ဖြစ် ကြောင်းလည်းသိရသည်။

Photo Source – https://www.myanmagic.com

မျက်လှည့်ဝန်ဆောင်မှုတွင် ပါဝင်သည့် အကြောင်းအရာများမှာ_
(၁) မျက်လှည့်ပြကွက်နဲ့သင်ခန်းစာများကဏ္ဍမှာတော့ ကောင်းမွန်ဆန်းကြယ်သော မျက်လှည့်ပညာရပ်များဖြစ်သည့် အထွေထွေပြကွက်၊ ဦးထုပ်မျက်လှည့်၊ ဖဲချပ်မျက်လှည့်၊ စိတ်ညှို့ခြင်းမျက်လှည့်၊ အကြွေစေ့မျက်လှည့်၊ အံစာတုန်းမျက်လှည့်၊ ကြိုးမျက်လှည့်၊ စက္ကူမျက်လှည့်၊ သားရေကွင်းမျက်လှည့် စသည့် ကျော်ကြားသောမျက်လှည့်ပညာများကို ပျော်ရွှင်စရာနည်းလမ်းအမျိုးမျိုး ဖြင့် သင်ယူလေ့လာနိုင်မည်ဖြစ်သည်။
(၂) စင်တင်ပြကွက်များကဏ္ဍမှာတော့ နာမည်ကျော်ကြားသော မျက်လှည့်ပညာရှင်များ၏ စင်တင်မျက်လှည့်ဗွီဒီယိုနှင့် ပြကွက်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
(၃) Mr. Top Live Chat ကဏ္ဍမှာတော့ နာမည်ကျော်မျက်လှည့်ပညာရှင် Mr. Top ၏ ပျော်စရာဆန်းကြယ်သော မျက်လှည့်ပြကွက်များကို တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
(၄) မျက်လှည့်ပစ္စည်းအရောင်းဆိုင်ကဏ္ဍမှာတော့ တန်ဖိုးရှိ မျက်လှည့်ပစ္စည်းများနဲ့ မျက်လှည့်ပြကွက်များတွင် အသုံးပြုထား သော မျက်လှည့်ပစ္စည်းများကို ဝယ်ယူနိုင်မည်လည်းဖြစ်သည်။
မျက်လှည့်ဝန်ဆောင်မှုကို ရယူလိုသည့် MPT သုံးစွဲသူများအနေဖြင့် 8435 သို့ “ON” ဟု စာတို (SMS) ပေးပို့၍ သော်လည်းကောင်း https://www.myanmagic.com မှသော်လည်းကောင်း ရယူနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://lotaya.mpt.com.mm/event/233

ထို့အပြင် MPT ၏ ဒေတာ သို့မဟုတ် Wifi ကိုအသုံးပြု၍ Google Play Store (သို့မဟုတ်) လိုတရပေါ်တယ် ဖြစ်သည့် https://lotaya.mpt.com.mm/event/233 မှတစ်ဆင့် မိုဘိုင်းလ်အက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်မည် ဖြစ်သည်။ မျက်လှည့် ဝန်ဆောင်မှုကို စာရင်းသွင်းရယူနိုင်ရန် မိမိတို့ ဖုန်းများ (သို့မဟုတ်) ကွန်ပျူတာများကို အသုံးပြု၍ သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်းသိရသည်။
“ကျွန်တော်တို့ MPT ကို သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်လူမှုဘဝအတွက် စိတ်ဝင်စားပြီး ပျော်ရွှင်စိတ်လှုပ်ရှား စရာကောင်းတဲ့၊ ဖျော်ဖြေမှုနဲ့ အသိပညာပေးနိုင်တဲ့ အစီအစဉ်တွေကို အမြဲဖန်တီးပေးနေပါတယ်။ MPT သုံးစွဲသူတွေအတွက် နိုင်ငံရဲ့ အမြန်ဆုံး 4G/LTE ကွန်ရက်ကို ဆောင်ရွက်ပေးနေတဲ့အပြင် သုံးစွဲသူတွေအမြဲတမ်း ပြုံးပျော်စေနိုင်မယ့် အက်ပလီကေး ရှင်းတွေ၊ ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ယခု “မျက်လှည့်” ဝန်ဆောင်မှု (အက်ပလီကေးရှင်း နှင့်ပေါ်တယ်) ဟာဆိုရင် မျက်လှည့်ဝါသနာပါတဲ့ သူတိုင်းအား သူတို့ရဲ့ဗီဇဝါသနာကို ဖော်ထုတ်ပြသခွင့်၊ လေ့လာသင်ယူခွင့် ရလာအောင် အလွယ်ကူဆုံးနည်းလမ်းနဲ့ ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေထဲက မျက်လှည့်ဝါသနာပါတဲ့ လူငယ်တွေအဖို့ ဒီဝန်ဆောင်မှုဟာ တကယ့်ကို အကျိုးရှိမယ့်၊ ပျော်စရာကောင်းမယ့်၊ ဖျော်ဖြေရေးဝန်ဆောင်မှုတစ်ခု ဖြစ်လာပြီး မိသားစုဝင်တွေ၊မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ရင်းနှီးမှုတွေ ပိုပြီးတိုးလာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှပြောကြားသည်။