MPT သုံးစွဲသူများအနေဖြင့် LTE+ Data Roaming ကို ခရီးသွားအများဆုံး နိုင်ငံရပ်ခြား ခရီးစဉ်များတွင် အသုံးပြုနိုင်ပြီဖြစ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား နှင့် ဟောင်ကောင်သို့ ခရီးသွားလာကြမည့် MPT သုံးစွဲသူခရီးသွားများ သည် ဈေးနှုန်းသက်သာစွာဖြင့် မြန်နှုန်းမြင့် အင်တာနက် LTE+ roaming ဒေတာဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ယခုဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ ခရီးသွားကြမည့် သူများအနေဖြင့် ၎င်းတို့၏ ခရီးစဉ်အတွင်း မြန်ဆန်လှသည့် အင်တာနက်အသုံးပြုမှုကို ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်မည့်အပြင် အင်တာနက် (MB) အသုံးပြုမှု ပမာဏတိုင်းအတွက် ၉၉% အထိချွေတာသုံးစွဲနိုင်ပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့်မတ်လအတွင်းတွင် MPT မှ data roaming နှုန်းထားနှင့် package အစီအစဉ်သစ်ကို MPT GSM/WCDMA မိုဘိုင်းလ်အသုံးပြုသူ အားလုံးအတွက် မိတ်ဆက်ပေးခဲ့ပြီး ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်နိုင်ငံများတွင် အင်တာနက် အသုံးပြုမှုတိုင်းအတွက် 1MB တွင် ၉ ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် ဝန်ဆောင်ခနှုန်းထား ၉၀၀ ကျပ်ပေးသွင်းပြီး အသုံးပြုနိုင်မည့် အစီအစဉ် ကို မိတ်ဆက်ခဲ့ပါသည်။ ထို့အပြင် အဆိုပါအစီအစဉ်ကို ရယူထားခြင်းမရှိသည့် အသုံးပြုသူများ အနေဖြင့်လည်း 1MB လျှင် ၁၅ ကျပ်ဖြင့် သုံးစွဲမှုအတိုင်းကျသင့်သည့် အစီအစဉ်ကိုလည်း အသုံးပြုနိုင်ရန် မိတ်ဆက်ပေးခဲ့ ပါသည်။
ယခုလည်း MPT အသုံးပြုသူများအနေဖြင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား နှင့် ဟောင်ကောင် တို့တွင် မြန်နှုန်းမြင့် အင်တာနက် LTE+ data roaming ကို လက်ရှိ ပရိုမိုးရှင်း နှုန်းထားများဖြင့် ချိတ်ဆက် အသုံးပြုနိုင်ကြတော့မည် ဖြစ်ပြီး၊ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများတွင် LTE+ အား ဖွင့်ထားရုံဖြင့် ပိုမိုကောင်းမွန်သည့် data roaming အင်တာနက် အတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်သည်။

MPT KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “MPT အနေနဲ့ မြန်မာနိုင်ငံသားတွေကို နည်းပညာမှာ ရှေ့တန်းရောက်နေစေဖို့ အမြဲတမ်းကြိုးပမ်းနေပါတယ်။ ဒီနေ့ကမ္ဘာမှာ မြန်နှုန်းမြင့်ဆက်သွယ်မှုဟာ အရေးပါတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံးအင်တာနက်ဝန်ဆောင်မှုကို အချိုသာဆုံးဈေးနှုန်းတွေနဲ့ MPT အသုံးပြုသူတွေ နိုင်ငံရပ်ခြားမှာ ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် MPT မြန်နှုန်းမြင့် အင်တာနက် LTE+ roaming ကို ပေးစွမ်းနိုင်ခဲ့လို့ အများကြီး ကျေနပ်ပျော်ရွှင် ရပါတယ်။ မြန်မာနိုင်ငံက MPT SIM နဲ့ 4G/ LTE handset သာရှိမယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ ဆင်မ်းကတ်ကို ပြောင်းစရာမလိုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေဆီကို တစ်ဖက်နိုင်ငံကို ရောက်သွားတာနဲ့ ချက်ချင်းဆိုသလို ဆက်သွယ်နိုင်မှာပါ”ဟု ပြောကြားခဲ့ပါသည်။

ဈေးနှုန်းသက်သာသည့် ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် မြန်မာနိုင်ငံတွင်ဖြစ်စေ နိုင်ငံရပ်ခြားတွင်ဖြစ်စေ *9007# သို့မဟုတ် *106*2*5*2# သို့မဟုတ် 1332 သို့ ‘NINE’ ဟု SMS ပေးပို့ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် MPT4U app မှ တစ်ဆင့်လည်း ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး သက်တမ်းကာလ ၇ ရက်အထိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
နိုင်ငံတကာတွင် ခရီးသွားနေစဉ်ကာလအတွင်း MPT ကွန်ရက်မှတစ်ဆင့် အောက်ပါနိုင်ငံ ၉ နိုင်ငံတွင် အထူးအခွင့်အရေးများကို ရယူနိုင်မည် ဖြစ်ပါသည်။

Photos Source- https://www.mpt.com.mm

တချိန်တည်းမှာပင် MPT အသုံးပြုသူများအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အမေရိက၊ သြစတေးလျ၊ သီရိလင်္ကာနိုင်ငံများတွင် သင့်လျော်သောနှုန်းထားဖြစ်သည့် 1MB တွင် ၅၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Photos Source- https://www.mpt.com.mm
ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT၏ Call Centre နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊ သို့မဟုတ် တရားဝင် facebook စာမျက်နှာ  https://www.facebook.com/mptofficialpage ကိုဆက်သွယ်၍မေးမြန်းနိုင်ပါသည်။

Ref:MPT