လေယာဉ်လက်မှတ်နှင့်ဟိုတယ် Applicaton တစ်ခုဖြစ်သော MyanTrip App အကြောင်း

အားလပ်ရက်တွေမှာ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ပြေပျောက်စေဖို့နဲ့ စိတ်အပန်းပြေဖို့အတွက် လူတိုင်းကတော့ ခရီးသွားရတဲ့ အရသာကိုပိုနှစ်သက်ကြတာသဘာဝပါ။ ကိုယ်သွားချင်တဲ့နေရာတစ်ခုကို ပျော်ရွှင်စွာသွားလာခဲ့တဲ့အတွက်လည်း တသက် လုံး အမှတ်ရနေစေမှာအသေအချာပါပဲ၊ အဲ့ဒါကြောင့်လည်း ကိုယ်သွားချင်တဲ့နေရာတစ်ခုကို စိတ်ချမ်းသာသာသွားလာဖို့အ တွက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ် Booking တွေကို ကြိုတင်စီစဉ်ထားကြလေ့ရှိပါတယ်။
အရင်တုန်းကတော့ အပန်းဖြေခရီး၊ ဘုရားဖူးခရီး စတဲ့ခရီးစဉ်အားလုံးအတွက် ခရီးသွားလုပ်ငန်းတွေဆီကနေ ကိုယ်တိုင်သွား ပြီးဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ စုံစမ်းဝယ်ယူကြပေမယ့် ခုနောက်ပိုင်းမှာတော့ ခရီစဉ်များကို Online ကနေပိုမိုရောင်းချလာ ကြသလို ဝယ်ယူသူတွေအနေနဲ့လည်း Online Booking ပြုလုပ်ဝယ်ယူလာကြတာကလည်း ကောင်းမွန်တဲ့အလားအလာ တစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ခရီးသွားရာသီဖြစ်တဲ့ High Season ကာလဆိုရင်တော့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေက မြန်မာပြည်အနှံ့က လည်ပတ်စရာကောင်းတဲ့နေရာတွေမှာ ပြည့်နှက်နေတတ်ပြီး ခရီးစဉ်လက်မှတ်ကုန်သွားတာတွေ၊ ဟိုတယ် Booking မရ တာမျိုးတွေကပိုမိုဖြစ်တတ်ကြပါတယ်။ ယခုလိုမိုးရာသီ Low Season ကာလမှာတော့ သွားချင်တဲ့နေရာကို လက်မှတ်ဝယ်ယူ တာ၊ တည်းခိုဖို့စီစဉ်ရတာတွေက High Season ကာလလောက်တော့ မခက်ခဲတော့ပါဘူး။

Photo Source https://web.facebook.com/MyanTripMyanmar

မြန်မာနိုင်ငံရဲ့ ရာသီဥတုအနေအထားအရ မိုးရာသီကာလမှာလည်း သွားလာလည်ပတ်လို့ကောင်းတဲ့ ခရီးစဉ်တွေအများကြီး ရှိလို့နေပါတယ်။ ပုဂံ၊ညောင်ဦး၊ ပုပ္ပါး၊ မော်လမြိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ဘားအံ၊ ကလော စတဲ့ဒေသတွေက မိုးရာသီမှာ ခရီးသွားလာဖို့အတွက်အကောင်းဆုံးနေရာတွေဖြစ်သလို ပြည်တွင်း၊ပြည်ပခရီးသွားတွေအနေနဲ့ သွားရောက်လည်ပတ်သူ များနေဆဲနေရာတွေလည်းဖြစ်ပါတယ်။ မိုးရာသီကာလဖြစ်တဲ့အတွက်လည်း အရမ်းပူပြင်းတဲ့ဒေသတွေတောင် အအေးဓာတ် တွေရှိနေတဲ့အတွက် ခရီးသွားလို့ပိုမိုကောင်းမွန်သလို ခရီးစဉ်ဈေးနှုန်းတွေ၊ တည်းခိုစရိတ်ဈေးနှုန်းတွေက သက်သာနေတတ် တာသဘာဝပါပဲ။
ခရီးသွားချင်နေတဲ့သူအတွက်လည်း မိမိသွားချင်တဲ့နေရာကိုသွားဖို့အတွက် စီစဉ်တဲ့နေရာမှာလည်း တခါတလေမထင်မှတ် တဲ့အခက်အခဲလေးတွေကြုံရတတ်ပါတယ်။ ကားလက်မှတ်ရှာဝယ်ရတာတွေ၊ ဟိုတယ် Booking လုပ်ရတာတွေ၊ လည်ပတ်ဖို့ ကားစီစဉ်ရတာတွေကလည်း အမြဲတမ်းအဆင်မပြေနိုင်ပါဘူး။ အဲ့ဒီအတွက်လည်း ကောင်းမွန်တဲ့ Platform တစ်ခုကိုသိရှိ ထားတာကလည်း ကိုယ့်အတွက်ခရီးသွားချင်တဲ့အခါ အားသာချက်တစ်ခုပါပဲ။
ယခုနောက်ပိုင်းမှာ ဟိုတယ်နဲလေယာဉ်လက်မှတ်တွေကို အခက်အခဲမရှိအလွယ်တကူဝယ်ယူနိုင်တဲ့ MyanTrip ဆိုတဲ့ Applicatin နဲ့ Website တစ်ခုဟာ ရေပန်းစားလာခဲ့ပါတယ်။ မိမိတို့သွားချင်တဲ့နေရာရဲ့ ဟိုတယ်တွေကို ရှာဖွေချိတ်ဆက်နိုင် သလို လေယာဉ်လက်မှတ်တွေကိုလည်း ကြိုတင်ဝယ်ယူနိုင်တဲ့ Platform တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီ Website မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်ပေါင်း ၄၀၀ ကျော်ကို ရှာဖွေချိတ်ဆက်နိုင်ပါတယ်။ မြန်မာပြည်တွင်း ခရီးသွားလာမှုအများဆုံး ဒေသတွေဖြစ်တဲ့ ပုဂံညောင်ဦး၊ ငပလီ၊ အင်းလေး၊ ချောင်းသာ၊ ငွေဆောင်၊ ပူတာအို စတဲ့ဒေသတွေရဲ့ ဟိုတယ်တွေကိုလည်း စုံလင်အောင်ဖော်ပြပေးထားပါတယ်။

Photo Source https://web.facebook.com/MyanTripMyanmar

MyanTrip ကနေ လေယာဉ်လက်မှတ်ဝယ်ယူချင်တဲ့သူတွေအတွက် အောက်ပါအချက်တွေအတိုင်းဆောင်ရွက်နိုင်ပါတယ်။
(၁) Myan Trip Websit (သို့) App ထဲမှာ သွားချင်တဲ့ လေယာဉ်ခရီးစဉ်ကို ရွေးချယ်ပါ။
(၂) ခရီးသည် အချက်အလက်များ ပေးပို့ပြီး Booking လုပ်ပါ။
(၃) Booking တင်ပြီးတဲ့အခါ booking system က သတ်မှတ်ပေးထားသော အချိန်အတွင်း AYA, KBZ, CB, KBZ Pay, Wave Pay, CB Pay, AYA Pay တွေထဲကအဆင်ပြေတာနဲ့ လေယာဉ်လက်မှတ်အတွက် ကျသင့်ငွေကို ပေးချေပါ။
(၄) ငွေလက်ခံရရှိပြီး မိနစ်အနည်းငယ်အတွင်း လေယာဉ်လက်မှတ် E-Ticket ကို ခရီးသည်ထံ Facebook Messenger, Viber, Email တွေကနေ ပို့ပေးပါတယ်။
(၅) လေဆိပ်ရောက်တဲ့အခါ ဝယ်ထားတဲ့ လေကြောင်းလိုင်းရဲ့ ကောင်တာမှာ မြန်ထရစ်ကပို့ပေးတဲ့ E-Ticket ပြပြီး လေယာဉ်စီးနင်းလို့ရပြီဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/MyanTripMyanmar
https://www.myantrip.com/
MyanTrip Application ကို အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/search?q=MyanTrip&c=apps