COVID-19 နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုနဲ့ အောက်ဆီဂျင် ရရှိနိုင်မည့် နေရာများကို ဖော်ပြပေးမယ့် mmcovid

လက်ရှိမြန်မာပြည်တွင်းမှာ Covid-19 တတိယလှိုင်းပြန်လည်ဝင်ရောက်လို့လာပြန်ပါတယ်။ အခုတတိယလှိုင်းဟာ ရောဂါကူး စက်မှုပိုမိုမြန်ဆန်စေသလို ဆေးဝါးကုသမှုဆိုင်ရာများမှာလည်း ပြည်သူများအနေနဲ့များစွာအခက်အခဲဖြစ်ကြရပြန်ပါတယ်။ Covid-19 ရောဂါဖြစ်ပွားနေသူများအနေနဲ့ ဆေးဝါးအထောက်အကူ(သို့မဟုတ်) အောင်ဆီဂျင်အထောက်အကူလို အပ်လာ တဲ့အခါ ဆက်သွယ်ရမယ့်နေရာတွေကို အလွယ်တကူသိရှိထားသင့်ပါတယ်။
အဲ့ဒီအတွက်ကြောင့်လည်း လက်ရှိအသုံးပြုနေတဲ့လက်ကိုင်ဖုန်းကနေ COVID-19 နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုနဲ့ အောက်ဆီဂျင် ရရှိနိုင်မည့် နေရာများကို ဖော်ပြပေးမယ့် mmcovid App နဲ့ Facebook Page အကြောင်းကိုသိရှိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။ မိမိပတ်ဝန်းမှာ အကူအညီလိုအပ် နေသူများရှိရင်လည်း လမ်းညွှန်ပြသပေးနိုင်သလို တဖက်တ လမ်းကကူညီ ဖို့အတွက် အထောက်အကူဖြစ်စေမှာသေချာပါတယ်။
MMCovid က ထပ်ဆင့်ပြုလုပ်ထားတဲ့ MMHealth Facebook Page မှာတော့ရန်ကုန် မြို့နယ်အလိုက် ကျန်းမာရေးဌာန တွေရဲ့ Hotline ဖုန်းနံပါတ်တွေနဲ့ ဒေသန္တရလိပ်စာတွေကို ကြည့်ရှုနိုင်ဖို့ အောက်ပါ Link တွေကိုဖော်ပြပေးထားပါတယ်။

Photo Source https://www.facebook.com/mmCOVID

ဖုန်းနဲ့ကြည့်ရှုနိုင်ဖို့အတွက် http://m.mmcovid.org/ ကွန်ပျုတာနဲ့ကြည့်ရှုနိုင်ဖို့အတွက် http://mmcovid.org/ စတဲ့ Website တွေကိုဖော်ပြပေးထားပါတယ်။ တစ်ခုခုဆိုရင် ဖုန်းနဲ့ အရင်ဆက်သွယ်ကြည့်ပါ။ လူနာကို တိုက်ရိုက်ခေါ်ဆောင် သွားခြင်းမျိုးတော့ မပြုလုပ်သင့်ပါဘူး။
ဒါ့အပြင် ဖုန်း/Online ကနေတဆင့် ဆွေးနွေးတိုင်ပင်နိုင်မယ့် Call Center, Telemedicine နဲ့ အိမ်တိုင်ရာရောက် ကုသ/အကြံပေးပေးမယ့် Home service တို့နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုဖြည့်သွင်းဖော်ပြပေးထားပါတယ်။ အပေါ်က ဖုန်းနဲ့အသုံးပြုတဲ့သူတွေအတွက်တော့ မှန်ဘီလူးလေးကို နှိပ်ပြီး Call Center, ဆရာဝန် လို့ရိုက်ပြီး ရှာနိုင်ပါတယ်။ ကွန်ပျုတာနဲ့အသုံးပြုတဲ့သူတွေအတွက်တော့ ဝန်ဆောင်မှုဆိုတဲ့ နေရာမှာ ရွေးပြီးကြည့်နိုင်ပါတယ်။
http://data.mmcovid.org/ ဆိုတဲ့ Link ကတော့ Covid-19 နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ရသလောက်အချက်အလက်တွေ စုစည်းထားတာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးကအချက်အလက်အားလုံးမပါဝင်သေးပါဘူး။ အသုံးပြုသူအနေနဲ့ ကူညီပြီးအချက်အလက်တွေ ဖြည့်ပေးလို့ရမှာဖြစ်ပါတယ်။ နည်းပညာနဲ့ပတ်သက်ပြီး ကူညီချင်တယ် ဆိုရင်လည်း MMHealth Facebook Page messenger ကနေ ဆက်သွယ်ကူညီပေးနိုင် mmcovid@protonmail.com ကို email ပို့ပေးနိုင်မှာဖြစ်ပါတယ်။
အောင်ဆီဂျင်လိုအပ်နေတဲ့သူတွေအတွက်တော့ အောက်ပါ Link ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://mmcovid.glideapp.io/
အဲ့ဒီ Link မှာလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာရှိတဲ့ မြို့နယ်အလိုက် အောာင်ဆီဂျင်ရရှိနိုင် မယ့်နေရာတွေနဲ့ အခမဲ့အပရဟိတအဖွဲ့အစည်းတွေများ စွာကို ဖော်ပြပေးထားပါတယ်။ အောက်ပါ Link မှလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/mmCOVID

https://mmcovid.glideapp.io/