အသုံးမလိုတဲ့ပစ္စည်းတွေကို ပြန်လည်ရောင်းချနိုင်တဲ့ Oh My Trash Mobile Application

အိမ်တစ်အိမ်ရဲ့ အိမ်မှုကိစ္စလုပ်ဆောင်မှုတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ချက်ပြုတ်စားသောက်စရာတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့အမျိုးမျိုးသော စွန့်ပစ်ပစ္စည်းတွေဆိုတာ အထိုက်လျောက်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းလို့ ခေါင်းစဉ်တပ်ထားပေမယ့် ပြန်လည် အသုံးပြုလို့ရတဲ့ စွန့်ပစ်ပစ္စည်းနဲ့ ပြန်လည် အသုံးပြုလို့ မရတော့တဲ့ စွန့်ပစ်ပစ္စည်းတွေလည်း ရှိပါသေးတယ်။ ကိုယ့်အတွက်တော့ အသုံးမလိုတော့တဲ့စွန့်ပစ်ပစ္စည်းတစ်ခုဆိုပေမယ့် တခြားသူ အတွက်တော့ ပြန်လည်အသုံးဝင်တဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

Photo Source – https://www.facebook.com/ohmytrashmyanmar/

မိမိတို့အတွက် အသုံးမလိုတော့တဲ့ စွန့်ပစ်ပစ္စည်းဆိုတဲ့အထဲမှာ အိမ်ကပျက်စီးသွားတဲ့ လျှပ်စစ်ပစ္စည်းအစုတ်၊ သံတိုသံစတွေ၊ ပလတ်စတစ်တွေ၊ အလူမီနီယံတွေနဲ့ စက္ကူတွေလည်း ပါဝင်ပါသေးတယ်။ လျှပ်စစ်ပစ္စည်းအစုတ်တွေကိုလည်း လမ်းတစ် ကာမှာလိုက် ဝယ်တဲ့သူတွေရှိပေမယ့် သူတို့လာမဝယ်အချင်းအိမ်မှာ သိမ်းထားနေရတာအမှန်ပါပဲ။ သံတိုသံစတွေ ဆိုရင်လည်း သိမ်းဆည်းရခက်ပြီးတော့ ထွက်လာတဲ့သံချေးတွေကလည်း အိမ်တစ်အိမ်ကို ညစ်ပတ်လာစေပါတယ်။ အိမ်မှာအသုံးမပြုတော့တဲ့ ကလေးကျောင်းစာအုပ်တွေ၊ သတင်းစာအဟောင်းတွေ၊ စာရွက်အဟောင်းတွေဟာလည်း အိမ်မှာ သေချာသိမ်းဆည်းနေရတာ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/ohmytrashmyanmar/

ဒီလိုမလိုအပ်တော့တဲ့ ပစ္စည်းတွေကိုရောင်းချင်ပေမယ့်ဘယ်မှာသွားရောင်းရမလဲ မသိတဲ့သူတွေ၊ ဒီလိုပစ္စည်းတွေကို ပြန်ဝယ်ချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဘဲ အဆက်အသွယ်နည်းတဲ့သူတွေအတွက် အဆင်ပြေလွယ်ကူစေတဲ့ Oh My Trash ဆိုတဲ့ Application တစ်ခုရှိပါတယ်။
Oh My Trash Application ဆိုတာကတော့ အသုံးမလိုတဲ့ စက္ကူ၊ ပလတ်စတစ်၊ သံ၊ အလူမီနီယံ စတာတွေကို ပြန်လည်ရောင်းချနိုင်အောင် ကူညီပေးတဲ့ Mobile Application တစ်ခုဖြစ်ပါတယ်။ ကိုယ့်အိမ်နဲ့ အနီးဆုံးမှာရှိတဲ့ အဝယ်ဆိုင်တွေကို သိရှိနိုင်ဖို့ တည်နေရာနဲ့လည်း ရှာဖွေနိုင်ပါတယ်။ ပြန်အသုံးပြုလို့ရသေးတဲ့ ပစ္စည်းတွေကို စုထားပြီးတော့ အနီးဆုံးမှာရှိတဲ့ ပြန်ဝယ်တဲ့ဆိုင်တွေမှာ ရောင်းရမှာ ဖြစ်ပါတယ်။ ရောင်းချဖို့ အကြမ်းဖျဉ်းဈေးနှုန်းတွေကို Oh My Trash Application မှာဖော်ပြထားပေးမှာဖြစ်ပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် ဈေးနှုန်းချင်းတော့ မတူနိုင်ပါဘူး။ စတင်အသုံးပြုမယ်ဆိုရင်တော့ Oh My Trash Application မှာအကောင့်ဖွင့်ရမှာ ဖြစ်ပြီး နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံတို့ကို ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/ohmytrashmyanmar/

Application ကနေ အသုံးမလိုတော့တာတွေကို ပြန်လည်ရောင်းချနိုင်တာအပြင် ဗဟုသုတအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ သတင်းတိုတွေကိုလည်း ဖတ်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။ အသေးစိတ် သိရှိမေးမြန်းလိုသော အချက်အလက်များအတွက် ဖုန်းနံပါတ် ၀၉-၇၆၁-၈၄၂-၆၅၆ ကို မနက် ၉နာရီကနေ ညနေ ၅နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ လိပ်စာအနေနဲ့ကတော့ Royal River View ကွန်ဒို၊ (၁၁) လွှာ၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်၊ ပန်းဘဲတန်းမြို့နယ် ဖြစ်ပါတယ်။
ထပ်မံသိရှိလိုပါက အောက်ပါ လင့်ခ်များမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Oh My Trash Mobile Application:
http://bit.ly/31NS9Ls
Oh My Trash Facebook Page:
http://bit.ly/2SlZDSI