Mobile Wallet တစ်ခုကဲ့သို့အသုံးပြုနိုင်သည့် OnePay App ကိုစတင်မိတ်ဆက်

နေ့စဉ်လူနေမှုဘဝနှင့်ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထားသည့် OnePay Mobile App မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ OnePay ၏ ရည်ရွယ်ချက်မှာလည်း ငွေကြေးနှင့်ပတ် သက်သည့် နေ့စဉ်လူနေမှုဘဝအတွက် လိုအပ်သောလုပ်ငန်းဆောင်တာများဖြစ်သည့် ကားလက်မှတ်ဝယ်ယူခြင်း၊ ဘေလ် များပေးချေခြင်း၊ အစားအသောက်မှာယူခြင်းနှင့် မိမိတို့နှစ်သက်ရာလူမှုအသင်းအဖွဲ့များထံ လှူဒါန်းခြင်းများကို သက်သောင့် သက်သာဖြစ်စေရန်၊ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် လျှင်မြန်လွယ်ကူစေရန်တို့အတွက်လည်းဖြစ်သည်။
OnePay App ကို အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) မှ ဘဏ်လုပ်ငန်းမိတ်ဖက်အနေဖြင့် ပူးပေါင်းပါဝင်ထားခြင်းလည်း ဖြစ်သည်။ OnePay App သည် အဆင့်မြင့်နည်းစနစ်များအသုံးပြု၍ ငွေပေးချေမှုလမ်းကြောင်းများစွာကို လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေမှုရှိအောင် ပေါင်းစည်းပေးထားပြီး အသုံးပြုသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးသော App တစ်ခုလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

အဆိုပါ App ကိုမှတ်ပုံတင်ထားသော ဆင်းမ်ကတ်နှင့်စမတ်ဖုန်းရှိသူတိုင်းအသုံးပြုနိုင်မည်ဖြစ်ပြီး MM Bus Ticket, First National Unsurance, Food2u, World Wildlife Fund, Htoo Foundation, Yangon United Sports Complex, Flymya နှင့် rgo 47 ကဲ့သို့သော မိတ်ဖက်လုပ်ငန်းများ၏ အရေးပါသောဝန်ဆောင်မှုများကို One Pay တွင် ရွေးချယ်ရယူနိုင် မည်လည်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဦးဆောင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ OnePay က သုံးစွဲသူတွေအနေနဲ့ ကုန် ပစ္စည်းတွေကို လွယ်လွယ်ကူကူ ဝယ်ယူငွေပေးချေဖို့အတွက် ရည်ရွယ်တီထွင်ထားတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ OnePay ဟာ ငွေကြေးဝန်ဆောင်မှု လိုအပ်လာချိန်တိုင်းမှာ စိတ်ချရတဲ့ ဘဏ်ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေအကျိုးရှိစွာနဲ့ အ သုံးပြုသူများရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပြီးပြည့်စုံစေဖို့အတွက် ပြုလုပ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးနေ့စဉ်လူနေ မှုဘဝကို အထောက်အပံ့ပေးထားတဲ့ Application တစ်ခုလည်းဖြစ်ပါတယ်” ဟု OnePay ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးအောင်ဇေယျမျိုးက ပြောကြားသည်။

Photo Source By Myanmar Tech Press

OnePay ၏ အဓိကလုပ်ဆောင်ချက်များမှာ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများအတွက် နိုင်ငံအနှံ့ရှိလက်လီဆိုင်များတွင် အ သုံးပြုသူများအနေဖြင့် QR Code အသုံးပြုကာ ငွေပေးချေနိုင်သည့်အပြင် အရောင်းကိုယ်စားလှယ်များအနေဖြင့်လည်း OnePay Business App ကိုအသုံးပြုကာ လွယ်ကူစွာငွေလက်ခံနိုင်ခြင်း၊ ပြည်တွင်းဆက်သွယ်ရေးဖုန်းများကို ငွေဖြည့်သွင်း နိုင်ခြင်း၊ ဘေလ်ပေးချေမှုများနှင့် နေ့စဉ်လုပ်ဆောင်နေသောအလုပ်များကို လုပ်ဆောင်ပေးသည့် ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်ခြင်း၊ သတ်မှတ်ထားသောစားသောက်ဆိုင်များနှင့်နာမည်ကြီးစားသောက်ဆိုင်များမှ အစားအသောက်များ ငွေ ပေးချေမှာယူနိုင်ခြင်း၊ အားကစားပြုလုပ်ရန်နေရာများ ကြိုတင်ငွေပေးချေစားရင်းသွင်းခြင်း၊ အဝေးပြေးကားလက်မှတ်များနှင့် လေယာဉ်လက်မှတ်များဝယ်ယူနိုင်ခြင်း၊ rgo 47 မှတဆင့်အွန်လိုင်းဈေးဝယ်ယူနိုင်ခြင်း၊ ငွေသွင်းငွေထုတ်ယူခြင်းများအတွက် အသုံးပြုသူ၏ AGD ဘဏ်အကောင့်နှင့် လျှင်မြန်စွာချိတ်ဆက်နိုင်ခြင်း၊ Visa Card, Mastercard နှင့် MPU Card များမှ OnePay သို့ ငွေဖြည့်သွင်းနိုင်ခြင်း၊ OnePay App အတွင်း သီးသန့်လျှော့ဈေးများနှင့်ပရိုမိုးရှင်းများပါဝင်ဝယ်ယူနိုင်ခြင်း၊ OnePay အသုံးပြုသူအချင်းချင်း အလွယ်တကူငွေလွှဲပြောင်းပေးနိုင်ခြင်း၊ လက်ရှိ AGDPay တွင်ပါဝင်သော လုပ်ဆောင်ချက် များဖြစ်သည့် VISA Credit Card အတွက် ငွေပြန်လည်ဖြည့်သွင်းခြင်း၊ ကတ်အား Lock ချခြင်းပြန်လည်ဖြည်ခြင်း၊ ငွေစာရင်း လက်ကျန်များနှင့် ကတ်အကောင့်ငွေလက်ကျန်များကို စစ်ဆေးနိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Photo Source By Myanmar Tech Press

“OnePay ရဲ့ ဘဏ်လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်းပါဝင်ရလို့ ဂုဏ်ယူမိပါတယ်။ OnePay နဲ့ ကျွန်တော်တို့ AGD ဘဏ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတည်တံ့ဖို့ ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ OnePay ကိုပါ တိုးတက်အောင်လုပ်ဆောင် သွားမှာပါ။ AGD က ပထမဦးဆုံး အလုံးစုံပါဝင်တဲ့ ဒီဂျစ်တယ်ငွေသားမဲ့ငွေကြေးစနစ်ကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာပြည်မှာ e-Commerce ပိုမိုတွင်ကျယ်လာတဲ့အချိန်မှာ OnePay ဟာ e-wallet ငွေကြေးဝန်ဆောင်မှုတွေကို ကိုယ်စား ပြုနေတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်”ဟု AGD Bank ၏ Chief Business Officer ဦးပြည်စိုးထင်က ပြောကြားသည်။
OnePay App ကို Android နှင့်ဖြစ်၊ IOS နှင့်ဖြစ်စေအသုံးပြုနိုင်မည်ဖြစ်ပြီး App ကို Playstore နှင့် Apple App Store အသီး သီးမှ download ရယူနိုင်မည်ဖြစ်သည်။ OnePay အကြောင်းပိုမိုသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။
https://wwwonepay.com.mm