Grab Application တွင် ၂၀၁၉ ခုနှစ်နှစ်ကုန်အထိ တည်နေရာပွိုင့်ပေါင်း ၁၉၆၀၀၀ ကျော်ထပ်မံထည့်သွင်း

Grab Application တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပိုမိုတိကျသောတည်နေရာပြပွိုင့်ပေါင်း ၁၉၆၀၀၀ ကျော်ကိုထပ်မံ ဖြည့်သွင်းခဲ့ပြီး ၆၀၀ ရာခိုင်နှုန်းအထိတိုးတက်လာကြောင်း Grab မှထုတ်ပြန်ထားသည်။ ထို့အပြင် Grab Application ကို အသုံးပြုမှုသည်လည်း ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက နေ့စဉ်ငှားရမ်းမှုနှုန်းသည် ၁၀ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်းမောင်းနှင်သွားလာခဲ့သော Grab ခရီးစဉ် အကွာအဝေးပေါင်း ကီလိုမီတာ ၉၇ သန်းကျော် ရှိခဲ့ပြီး ဖြစ်ကြောင်းလည်းသိရသည်။
၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်း သွားလာမှုအများဆုံး နေရာများမှာလည်း မြန်မာပလာဇာ၊ Junction City နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ဖြစ်ပြီး Grab App ကိုအသုံးပြုပြီး အများဆုံး မှာယူသောအစားအစာများမှာလည်း ကြက်ကြော်၊ မြန်မာ့အကြိုက်အစားအစာများနှင့် Bubble Tea တို့ဖြစ်ကြောင်းလည်းသိရသည်။

https://www.facebook.com/GrabMM

“Grab အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ လူနေမှုဘဝအရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် အမြဲတမ်း ကြိုးစားနေပြီးတော့ ဘယ်လူမှုအသိုက်အဝန်းအတွက်မဆို ကောင်းမွန်တဲ့အကျိူးရလဒ်တွေရရှိဖို့အတွက် ဆက်လက်အား ထုတ်လုပ်ဆောင်သွားမှာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာ Grab က အမျိုးမျိုးသောဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ခဲ့လို့ ကျွန်မတို့အတွက် တကယ်ကိုအမှတ်ရစေမယ့် နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နေ့စဉ်လိုအပ်ချက်အားလုံးအတွက် သုံးနိုင်မယ့် Super App တစ်ခုအနေနဲ့ ကျွန်မတို့ Grab မှာ အစားအသောက်ဝန်ဆောင်မှုတွေ၊ အက်ပလီးကေးရှင်းအတွင်း ကနေပဲ ဟိုတယ်အခန်းတွေ တိုက်ရိုက်ဘွက်တင်နိုင်တဲ့ ဝန်ဆောင်မှုနဲ့ ကျွန်မတို့ရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေထဲ အဆင့်မြင့် Premium ယာဉ်တွေ ငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုတွေကို တိုးချဲ့မိတ်ဆက်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

https://www.facebook.com/GrabMM

၂၀၁၉ ခုနှစ်တွင်လည်း Grab သည် GrabTaxi ခရီးစဉ်များအတွက် အငှားယာဉ်များ Booking တင်ငှားရမ်းရာတွင် ခရီးသည်များအား တိုက်ရိုက် ကူညီဆောင်ရွက်ပေးနိုင်မည့် ဖုန်းခေါ်ဆိုငှားရမ်းနိုင်သော GrabTaxiCall ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားဧည့်သည်များနှင့် မိသားစုများမှ အဆင့်မြင့် ၇ ယောက်စီး မီနီဗန်ယာဉ်များနှင့် ၄ ယောက်စီး Sedan ယာဉ်များအား နာရီအလိုက်နှင့် တစ်နေ့တာလုံး ငှားရမ်းအသုံးပြုနိုင်မည့် Premium Rentals (Beta) ဝန်ဆောင်မှုတို့ကို မိတ်ဆက်ခဲ့သည်။
“နေ့စဉ်လိုအပ်ချက်အားလုံးသုံး Super App တစ်ခုအဖြစ် Grab ရဲ့တည်ရှိမှုကို ပိုမိုခိုင်မာစေဖို့နဲ့ မြန်မာနိုင်ငံရှေ့ကိုပိုပြီး တိုးတက်စေမယ့် တွန်းအားအဖြစ် Grab အနေနဲ့ ဝန်ဆောင်မှုအရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှုအဆင့်အတန်းကိုဆက်ပြီး အလေးထားဆောင်ရွက် သွားမှာပါ။ နည်းပညာပိုင်းသာမက ပိုပြီးစုံလင်တဲ့ ပလက်ဖောင်းဖြစ်ဖို့ တိုးချဲ့မှုအပိုင်းတွေနဲ့ မိတ်ဖက်ပူးပေါင်းလုပ်ကိုင်တဲ့ အပိုင်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်ရင်းနဲ့ Grab ရဲ့ ဂေဟစနစ်ကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ဆက်လက်ပြောကြားသည်။

https://www.facebook.com/GrabMM

မန္တလေးမြို့ရှိ ဒေသခံစားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးမိတ်ဖက်များအတွက် ဝင်ငွေအခွင့်အလမ်းများ ပိုမိုရရှိစေ ရန်အတွက် ၂၀၂၀ ခုနှစ်တွင် အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဖြစ်သည့် GrabFood အား မန္တလေးတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်းသိရသည်။
Grab Myanmar အကြောင်း ထပ်မံသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.grab.com
https://www.facebook.com/GrabMM