Application မှတစ်ဆင့်ကားမျိုးစုံငှားရမ်းနိုင်သော Yoma Car Share မှမြန်မာနိုင်ငံတွင်းဈေးကွက်ပိုမိုချဲ့ထွင်လာ

မြန်မာနိုင်ငံတွင် Application မှတစ်ဆင့် ကားမျိုးစုံငှားရမ်းနိုင်သော Yoma Car Share ကိုယ်တိုင်မောင်းကားအငှား ဝန်ဆောင်မှုလုပ်ငန်းသည် ဈေးကွက်ပိုမိုချဲ့ထွင်လာပြီး ရန်ကုန်မြို့တွင် လွယ်ကူစွာရှာဖွေနိုင်သည့် rental hub အသစ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
စီးပွားရေးလုပ်ငန်းများနှင့် အားလပ်ရက်ခရီးသွားလာသူများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှေ့တွင်တည်ရှိသော Yoma Car Share rental hub မှ ကားများကို ငှားရမ်းအသုံးပြုနိုင်ပြီဖြစ်သလို ရန်ကုန်မြို့တွင်း မော်ဒယ်မြင့်ကားများဖြင့် အချိန်သက်သာပြီး မြန်ဆန်စွာသွားလိုသူများမှာ သာကေတမြို့နယ် Capital Hypermarket အရှေ့တွင်ရှိသည့် Yoma Car Share Rental Hub မှ ကားများကို အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်း စိတ်တိုင်းကျငှား ရမ်းအသုံးပြုနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/yomacarshare/

“မြန်မာနိုင်ငံမှာ Yoma Car Share ဟာ ထူးခြားဆန်းသစ်ထားတဲ့ ကိုယ်တိုင်မောင်းကားအငှားဝန်ဆောင်မှုလုပ်ငန်း တစ်ခုအနေနဲ့ အာမခံချက်ရှိပြီးတော့ သက်သာတဲ့ နှုန်းထားတွေနဲ့ အဆင်ပြေစေမယ့် အငှားဝန်ဆောင်မှုမျိုးစုံကို ကျွန်မတို့ရဲ့ သုံးစွဲသူတွေ ဈေးကွက်ထဲမှာ အလွယ်တကူရရှိနိုင်ဖို့အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံတွင်း rental hubs ၂၄ ခုနဲ့အတူ သုံးစွဲသူတစ်ဦိးချင်းစီရဲ့ လိုအပ်ချက်တွေကို နေရာမရွေး အချိန်မရွေး စိတ်ကျေနပ်မှုရရှိတဲ့အထိ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့အဆင်သင့်ရှိနေပါတယ်။ ဒီနှစ်ထဲမှာလည်း ကျွန်မ တို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ငွေပေးချေမှုနည်းလမ်းအသစ်တွေနဲ့ မိတ်ဆက်ပေးဖို့ရှိသလို ခေတ်မီ rental hub တွေကိုလည်း နောက်ထပ်နေရာသစ်တွေမှာ ထပ်ပြီးတော့ ဖွင့်လှစ်သွားမှာပါ” ဟု Head of Sales & Marketing ဖြစ်သူ ဒေါ်မေဦးမောင်မှ ပြောကြားသည်။

Photo Source – https://www.facebook.com/yomacarshare/

သုံးစွဲသူများအတွက် Yoma Car Share မှ sedan, SUVs, minivans နှင့် hatchback ကားများအပါအဝင် အမျိုုးအစားစုံလင်စွာ ငှားရမ်းအသုံးပြုနိုင်ပါသည်။ RFID နည်းပညာ၏ အကျိုးကျေးဇူးကြောင့် Yoma Car Share အသုံးပြုသူများသည် membership tap card ဖြင့် နီးစပ်ရာ rental hubs များတွင် အချိန်မရွေး (၂၄ နာရီ ၇ ရက်) ကားများကို သွားရောက်ယူဆောင်နိုင်သည်။ ထို့ပြင် www.yomacarshare.com တွင် registration ပြုလုပ်နိုင်သလို မိုဘိုင်းလ်အပ်ပလီကေးရှင်းအသစ်ကို App Store နှင့် Play Store တို့မှတဆင့် download ရယူသုံးစွဲနိုင်မည်ဖြစ်သည်။
Yoma Car Share သည် မြန်မာနိုင်ငံတွင် ဉီးဆောင်နေသော နိုင်ငံတကာအဆင့်မီ ကိုယ်တိုင်မောင်းကား အငှားလုပ်ငန်းဖြစ်ပြီးအသုံးပြုသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းကာ လွယ်ကူအဆင်ပြေစေသည့် ပြီးပြည်စုံ သောဝန်ဆောင်မှုကို ပေးအပ်လျက်ရှိသောနေရာတစ်ခုလည်းဖြစ်သည်။ မိုဘိုင်းလ် application ကိုအသုံးပြုပြီး ကားငှားနိုင်ခြင်း၊ နည်းပညာသုံး Tap Card ဖြင့် နှစ်သက်ရာ rental hub တွင် ကားသွားရောက်ထုတ်ယူနိုင်ခြင်း၊ ကျသင့်ငွေကို Debit (သို့) Credit Cards များဖြင့်ပေးချေနိုင်ခြင်းတို့အပြင် ထပ်ဆောင်းဝန်ဆောင်မှုများကြောင့် Yoma Car Share တွင်ရရှိနိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/yomacarshare/

အသုံးပြုသူများအနေဖြင့် Yoma Car Share ၏ Suzuki Swift, Suzuki Ertiga, Suzuki Ciaz, Toyota Tourism, Hyundai H1, Ford Everest, Hyundai Tucson, Ford Ranger Double Cab အပါအဝင် နောက်ဆုံးပေါ်ကားများကို မိမိပုံစံလိုအပ်ချက်အလိုက် ရွေးချယ်ငှားရမ်းနိုင်မည်ဖြစ်သည်။ ကားများအားလုံးသည် ဘယ်မောင်းဖြစ်ပြီး မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချသူများမှ တရားဝင်အသိအမှတ်ပြုလက်မှတ်ရရှိထားသော စက်ပြင်ကျွမ်းကျင်သူများမှ စက်ပိုင်းဆိုင်ရာ ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ ကောင်းမွန်သောတာယာများ တပ်ဆင်အသုံးပြုထားခြင်းကြောင့် စိတ်ချယုံကြည်စွာ ငှားရမ်းနိုင် မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအဆင့်မီ အာမခံစနစ်နှင့်အတူ သုံးစွဲသူများကလည်းယုံကြည်စိတ်ချပြီး စိတ်အေးချမ်း သာစွာဖြင့် ကားများအသုံးပြုနိုင်မည်ဖြစ်လည်းဖြစ်သည်။
Yoma Car Share မှ ကားအငှားဝန်ဆောင်မှု အသုံးပြုသူလိုများသည် https://www.yomacarshare.com တွင် membership လျှောက်ထားခြင်း (သို့မဟုတ်) မိုဘိုင်းလ် applications (iOS and Android) ကို Google Play Store (သို့) App Store မှတစ်ဆင့် download ရယူပြီး လွယ်ကူစွာ register လုပ်နိုင်မည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/yomacarshare/