အိမ်မှာနေရင်းလေ့ကျင့်ခန်းတွေပြုလုပ်နိုင်မယ့် T Fitness Mobile Application

ကျန်းမာလန်းဆန်းဖို့အတွက် တစ်ချို့ကတော့ နေ့စဉ်လမ်းလျှောက်ကြတယ်၊ ပန်းခြံထဲမှာပြေးကြတယ်၊ Gym မှာသွားပြီးကစားကြပါတယ်။ ကျန်းမာရေးကိုလည်းလိုက်စားချင်တယ် ဒါပေမယ့် လမ်းလျှောက်ဖို့၊ ပြေးဖို့ အချိန်အကြာကြီး မပေးနိုင်ဘူးဆိုရင် အိမ်မှာလည်းထားလို့ရတဲ့ လမ်းလျှောက်စက်တွေကို ဝယ်ထားလို့ ရပါတယ်။ ဒါပေမယ့် GYM မှာ Trainer နဲ့ သေချာ Train ချင်ပေမယ့် တစ်ကယ်ကိုအချိန်မပေးနိုင်ဘူးဆိုရင်တော့ မသန္တာလှိုင်ရဲ့ T Fitness Mobile Application ရှိပါတယ်။ ဖုန်းတစ်လုံးရှိရုံ၊ အင်တာနက်ရရုံ၊ အချိန်လေးနည်းနည်းပေးနိုင်ရုံနဲ့ GYM အထိသွားလာရတဲ့အချိန်မကုန်တော့ဘဲ ကိုယ့်အိမ်မှာတင် လေ့ကျင့်ခန်းတွေကို သေချာလုပ်လို့ရပါတယ်။
GYM ကိုသွားလာရမယ့်အချိန်တွေကို သက်သာစေမှာဖြစ်ပါတယ်။ အိမ်မှာလုပ်ရတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်လုပ်လို့ရမှာြဖစ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်နဲ့ နည်းစနစ်မှန်ကန်နေဖို့၊ အမြဲလုပ်နေဖို့တော့ လိုအပ်ပါတယ်။

Photo Source – http://bit.ly/2SLGlFh

T Fitness Application ကိုတော့ iOS နဲ့ Android နှစ်မျိုးလုံးအတွက် ထွက်ရှိထားပါတယ်။ စတင်သုံးစွဲဖို့အကောင့်ဖွင့်တဲ့နေရာမှာFacebook နဲ့ ချိန်ဆက်အသုံးပြုနိုင်ပြီး ကျား/မ ရွေးချယ်ခြင်း၊ မွေးနေ့ရွေးချယ်ခြင်း၊၊ လက်ရှိကိုယ်အလေးချိန်နဲ့ အရပ်အမောင်း စတဲ့အချက်အလက်တွေကို ဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းနဲ့ပက်သက်တဲ့ ကျွမ်းကျင်မှုအဆင့်ကိုလည်း ဖြည့်သွင်းပေးရမှာဖြစ်ပြီး တစ်ခါမှမလုပ်ဘူးပါ၊ အနည်းအကျည်းလုပ်ဖူးပါတယ်၊ အတော်အသင့်လုပ်နိုင်ပါတယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်နိုင်ပါတယ်၊ ပြင်းပြင်း ထန်ထန်လုပ်နိုင်ပါတယ်၊ ကျွမ်းကျင်အားကစားသမားတစ်ယောက်လို လုပ်နိုင်ပါတယ် ဆိုပြီးအဆင့်တွေ ခွဲခြား ရွေးချယ်နိုင်ပါတယ်။ အပေါ်မှာ ကိုယ်ဖြည့်ခဲ့တဲ့အချက်အလက်တွေပေါ်မူတည်ပြီးတော့ ကိုယ်လေ့ကျင့်ရမယ့် လေ့ကျင့်ခန်းတွေကိုခွဲခြားသတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

Photo Source – http://bit.ly/38tHqbB

Application ရဲ့ Menu ထဲမှာတော့ အသုံးပြုသူရဲ့ Profile, ကိုယ်အလေးချိန်ကိုရက်မလိုက်မှတ်ထားနိုင်တဲ့ မှတ်စု၊ လေ့ကျင့်ခန်းပြုလုပ်ရာတွင်အသုံးတည့်တဲ့ အကြံပြုချက်တွေ၊ လေ့ကျင့်ခန်းအမျိုးအစားတွေ၊ Application ကို ဘာသာစကားများပြန်ချိန်ညှိနိုင်သော Setting, Application ကို Rating ပေးနိုင်တဲ့နေရာ၊ Facebook မှာ Sharringပြုလုပ်ခြင်း၊ Facebook Page ကို Follow လုပ်ခြင်း၊ ကိုယ်သိချင်တဲ့အချက်အလက်တွေကို Messenger Chat Box နဲ့တိုက်ရိုက်ချိတ်ဆက်မေးမြန်းနိုင်ခြင်း၊ စည်းမျဉ်းစည်းကမ်းတွေနှင့် မေးလေ့မေးထရှိသည့် မေးခွန်းတွေဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။
Application အသုံးပြုတဲ့နေရာမှာတော့ Free User နဲ့ Premium User ဆိုပြီး နှစ်မျိုးရှိပါမယ်။ Free User အနေနဲ့ကတော့ မိမိဖြည့်သွင်းထားတဲ့အချက်တွေပေါ်မူတည်ပြီး ကိုယ်နဲ့ကိုက်ညီမယ့်နေ့စဉ်လေ့ကျင့်ခန်းတွေကို Program ရေးဆွဲပြီး Level အလိုက်ချပေးမှာဖြစ်ပါတယ်။ Premium User အနေနဲ့ဆိုရင်တော့ Application တည်ထောက်တဲ့ မသန္တာလှိုင်ရဲ့ အသက်အရွယ်၊ အရပ်နဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ‌ရွေးချယ်ပေးတဲ့ လေ့ကျင့်ခန်းတွေ ကျလာမှာဖြစ်ပါတယ်။ ဒါ့အပြင် မသန္တာလှိုင်ရဲ့ ကိုယ်တိုင်အကြံပြုထားတဲ့ အကြံပေးချက် တွေကိုလည်း ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

Photo Source – http://bit.ly/2SLGlFh

Premium User အနေနဲ့ သုံးစွဲချင်တယ်ဆိုရင်တော့ တစ်လကို ၃,၀၀၀ ကျပ်၊ ၂လကို ၅,၀၀၀ ကျပ် နဲ့ ၅လကို ၁၀,၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ MPT, Telenor ဖုန်းဘေတွေအပြင်၊ KBZPay, WavePay, Google Play Monthly Subscription, CBPay (Manual), WaveMoney (Manual), KBZPay (Manual) နဲ့ T Fitness Promotion Code တွေကိုအသုံးပြုပြီးတော့ Premium User အဖြစ် ဝယ်ယူအသုံးပြုနိုင်ပါတယ်။
အသေးစိတ်ချက်အလက်တွေကိုတော့ အောက်ပါလင်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/tfitnessapp/
https://play.google.com/store/apps/details?id=com.OP.TFitness