တေးသံသာ Music App နှင့် MPT တို့ပူးပေါင်းကာ Online သီချင်းဆိုပြိုင်ပွဲကျင်းပမည်

တေးသံသာ Music App နှင့် MPT တို့ပူးပေါင်းကာ အရည်အချင်းပြည့်ဝသည့်အနုပညာရှင်အဖြစ် အသက်မွေးဝမ်းကြောင်း စတင်ပြုနိုင်ရန်ရည်ရွယ်၍ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် “ရွှေမိုက်ခဲ” အမည်ရှိအွန်လိုင်းသီချင်းဆိုပြိုင်ပွဲကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
တေးဂီတဝါသနာရှင်များအနေဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင်ကာ ရွှေမိုက်ခဲတေးသီချင်းဆိုပြိုင်ပွဲကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ထင်ရှားကျော်ကြားသည့် တေးရေးဆရာများနှင့်တေးသံရှင်များ ဖြစ်ကြသည့် မြင့်မိုးအောင်၊ လီယိုနာဒ်မောင်မောင်လွင်၊ ဝေကြီး၊ ရေဗက္ကာဝင်း၊ ဂျူဝယ်တို့က သုံးသပ်အကဲဖြတ်ရွေးချယ်ပေး သွားမည်ဖြစ်သည်။ ပြိုင်ပွဲများတွင် မိမိတို့သီဆိုထားသည့် ဗွီဒီယိုရုံသံဖိုင်များကို ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Photo Source By Myanmar Tech Press

သီချင်းဆိုပြိုင်ပွဲကို အဆင့်သုံးဆင့်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ပထမအဆင့်မှာ အွန်လိုင်းမှပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Semi-final နှင့် Grand Final အားပြင်ပတွင် On Stage Performance ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး MPT ၏ Official Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ အနိုင်ရရှိသူများကို ဆုကြေးငွေစုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၁၀၀ နှင့် တေးသံသာမှ အထူးသီးသန့်ကိုယ်ပိုင်သီချင်းတစ်ပုဒ်စီစဉ်ထုတ်လုပ်ပေးမည်ဖြစ်သည်။
အဆိုပါသီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ရွေးချယ်ပေးထားသော လူကြိုက်များထင်ရှား သည့် သီချင်းအပုဒ်ရေ ၄၀ အနက်မှ မိမိကြိုက်နှစ်သက်ရာသီချင်းတစ်ပုဒ်အား ရွေးချယ်သီဆိုရမည်ဖြစ်သည်။

Photo Source By Myanmar Tech Press

သီဆိုထား သော ဗွီဒီယိုဖိုင်အား မိမိ၏ Facebook အကောင့်တွင် Hashtag (#shwemickhae #taythantharMPT) ခေါင်းစဉ်ကိုရေး သားကာ Public ဖြင့်တင်ရမည်ဖြစ်သည်။ ပြိုင်ပွဲသို့ အရည်အချင်းပြည့်မှီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များသည် အဆိုပါ တင်ထားသော post ၏ လင့်ခ်နှင့်အသေးစိတ်အချက်အလက်ဖြစ်သော ပြိုင်ပွဲဝင်အမည်၊ ဖုန်းနံပါတ်(MPT နံပါတ်တစ်ခုတည်းသာ) တို့အား ရွှေမိုက်ခဲ Facebook messenger ဖြစ်သော (m.me/shwemickhae) သို့ပေးပို့ရမည် ဖြစ် သည်။
ပထမအဆင့်မှာ ပေးပို့လာသည့် Video clip များကို ဒိုင်များမှ ပေးသောအမှတ်နှင့် မိမိအကောင့်တွင်တင်ထားသည့် Facebook Post မှ Like များကိုအခြေခံကာ ဒုတိယအဆင့်ဆန်ခါတင်အတွက် ၁၀ ဦးကို စိစစ်ရွေးချယ်မည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ၁၀ ဦးထဲကမှ ၄ ဦးကိုရွေးချယ်ကာထပ်မံသီဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ တတိယအဆင့်ဖြစ်သည့် Grand Final တွင် ထို ၄ ဦးအား ယှဉ်ပြိုင်စေကာ Winner နှင့် First Runner Up ဆု နှစ်ဆုကို ချီးမြှင့်သွားမည်ဖြစ်သည်။

Photo Source By Myanmar Tech Press

ပထမအဆင့်ယှဉ်ပြိုင်သူများထဲမှ မိမိသီဆိုထားသော သီချင်းဗွီဒီယိုဖိုင်အား ရွှေမိုက်ခဲ Facebook messenger သို့ပထမဆုံး ပေးပို့လာသော အယောက် ၃၀ အား MPT ဖုန်းငွေဖြည့်ကတ်တစ်သောင်းကျပ်တန်အား ပေးအပ်သွားမည်ဖြစ်သည်။ ပထမ အဆင့်ပြိုင်ပွဲဝင်အားလုံးသည်လည်း ကျပ်တစ်သိန်းတန်ဖိုးရှိ စိတ်လှုပ်ရှားဖွယ်ဆုများကို ရရှိရန်အတွက် ကံစမ်းမဲဖြင့်ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။
“အခုလို ရွှေမိုက်ခဲ အွန်လိုင်းသီချင်းဆိုပြိုင်ပွဲကို မိတ်ဆက်လိုက်ခြင်းဟာ MPT ရဲ့အစဉ်အလာအတိုင်း ရေရှည်တည်တံ့နေစေ မယ့် ဆန်းသစ်တီထွင်မှုတွေကို ပြည်သူတွေအကြား ဦးဆောင်ဦးရွက်ပြုပြီး မြန်မာပြည်သူပြည်သားတွေ အားလုံးအတွက် ဒီ ဂျစ်တယ်လူမှုဘဝကို ပြည့်စုံစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာပြည်ရဲ့ဘယ်နေရာကမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အဆိုဝါသနာရှင်များအနေနဲ့ အသံစစ်ဆေးရွေးချယ်မှု ပထမဆုံးအဆင့်အတွက် ခရီးစရိတ်နဲ့ အခြားကုန်ကျစရိတ်တွေ ကုန် ကျမှုမရှိအောင် အွန်လိုင်းကနေပါဝင်နိုင်ဖို့ တမင်လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ အနုပညာလောကထဲကို ထိုးဖောက် ဝင်ရောက်နိုင်အောင်လည်း သီချင်းသီဆိုမှုပိုင်းဆိုင်ရာကို ပြည်တွင်းမှာရှိတဲ့ ထိပ်တန်းအသံနည်းပြတွေက ကိုယ်တိုင်လေ့ ကျင့်သင်ကြားပေးမှာဖြစ်တာကြောင့် မိမိတို့ရဲ့ အရည်အချင်းနဲ့ပါရမီကို ထုတ်ဖော်ပြသဖို့ တစ်ကြိမ်တစ်ခါသာ ရရှိနိုင်မယ့် အထူးအခွင့်အရေးပဲဖြစ်ပါတယ်”ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က ပြောကြားသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mptofficialpage/
https://www.mpt.com.mm