MPT4U Application သုံးစွဲသူပေါင်း ၁၄ သန်းပြည့်အဖြစ် ဆုလက်ဆောင်များ ပေးအပ်မည့် အစီအစဉ်ပြုလုပ်

MPT သည် သုံးစွဲသူ အတွေ့အကြုံကို အကောင်းဆုံးပေးအပ်နိုင်ခဲ့သည့် ၎င်း၏ MPT4U app သုံးစွဲသူပေါင်း (၁၄) သန်း ပြည့်မြောက်ခြင်း မှတ်တိုင်တစ်ခုကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။ MPT4U app ကို သုံးစွဲသူများသည် ၎င်း၏ ကောင်းမွန်သည့် အကျိုးခံစားခွင့်များဖြစ်သည့် ထိပေါက် ကံစမ်းမဲအစီအစဉ်၊ Special Offer (ဒေတာပက်ကေ့ချ်များ)နှင့် အခြားသော MPT Club ၏ အကျိုးခံစားခွင့်များစသည်တို့ကို ဒေတာကုန်ကျစရိတ်မရှိဘဲ အသုံးပြုနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ အလွန်အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် ကံထူးရှင် (၁၄) ဦးအတွက် အထူးဆုအဖြစ် MPT Money ပိုက်ဆံ (၁၀) သိန်းစီနှင့် ဒေတာလက်ဆောင်ပေါင်း များစွာကို MPT4U app အစဉ်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပေးအပ်သွားမည့် အထူးအစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။
MPT သုံးစွဲသူများအားလုံးသည် ဩဂုတ်လ ၁၈ ရက် မှ စက်တင်ဘာလ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည့် အဆိုပါ အထူးကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပြီး ပါဝင်လိုဆင်နွှဲသူများအနေဖြင့် အောက်ဖော်ပြပါ အဆင့်များအတိုင်း ပြုလုပ်၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များကို ရရှိကံထူးနိုင်မည်ဖြစ်သည်။
-MPT4U app ကို ဒေါင်းလုတ်ရယူပါ။
-MPT4U app တွင် ဝှက်ထားသည့် စာလုံး (၃) လုံးအား ရှာဖွေပါ။
-ဝှက်ထားသော စာလုံး (၃) လုံးကို တွေ့ရှိပါက MPT4U app ၏ ပင်မစာမျက်နှာသို့ သွားပါ။
-ထို့နောက် Promotion Banner ကို နှိပ်ပြီး ရှာဖွေတွေ့ရှိထားသည့် စာလုံးများကို ဖြည့်သွင်း ပေးရပါမည်။
ဝှက်ထားသည့် စာလုံး (၃) လုံးကို မှန်ကန်စွာရှာဖွေတွေ့ရှိပြီး ဖြည့်သွင်းပေးပို့သူများသည် အဆိုပါ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်သည်။ ပေးအပ်ချီးမြှင့်သွားမည့် ဆုလက်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကံထူးသူများကို စက်တင်ဘာလ တတိယအပတ်အတွင်းတွင် ရွေးချယ်ကြေညာ ပေးသွားမည် ဖြစ်ပြီး MPT Money မှ ငွေသားဆု ရရှိသူများကို အထူးဆု ပေးအပ်ချီးမြှင့်ရန်အတွက် MPT မှ ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ် ပါသည်။

Photo Source https://www.facebook.com/mptofficialpage/

“အခု အစီအစဉ်ဟာဆိုရင် MPT4U က သမိုင်းမှတ်တိုင်အသစ် စိုက်ထူနိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် အစဉ်သုံးစွဲသူ တွေအပေါ် ကျေးဇူးတုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်တွေကို ကံစမ်းနိုင်မှာဖြစ်ပြီး ကံထူးရှင် ၁၄ ယောက်ကတော့ အထူးဆု (Grand Prize) အဖြစ် MPT Money ငွေ (၁၀) သိန်း ကို ရရှိကံထူးနိုင်မှာဖြစ်ပါတယ်။ MPT သုံးစွဲသူအားလုံးအနေဖြင့် MPT4U app ကို ဒေါင်းလုတ်ရယူရင်း ပျော်စရာကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဒီအစီအစဉ်မှာပါဝင်နိုင်ဖို့ ကျွန်တော် တိုက်တွန်းပါရစေ” ဟု အဆိုပါ အထူးအစီအစဉ်နှင့် ပတ်သက်၍ MPT-KSGM JO စီးပွားရေးဌာနကြီး ၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးကိုကိုအောင် က ပြောကြားသည်။
“ကျွန်တော်တို့ အနေနဲ့ ဒီအောင်မြင်မှုကို ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ အရမ်းဂုဏ်ယူပါတယ်။ သုံးစွဲသူတွေအတွက် အဖိုးထိုက်တန်တဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ထူးခြားကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ဆက်လက်ပြီး ပေးအပ်သွားမှာပါ။ သုံးစွဲသူတွေဟာ နိစ္စဒူဝကိစ္စရပ်များကို မိမိတို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေပေါ်ကနေတစ်ဆင့် လုပ်ဆောင်နေကြတာဟာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သုံးစွဲသူတွေ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို MPT4U app ကနေတစ်ဆင့် လျင်လျင်မြန်မြန်၊ လွယ်လွယ်ကူကူနဲ့ အထိရောက်ဆုံး ပေးအပ်နိုင်ခြင်းဟာ အလွန်အရေးပါတဲ့ ဆောင်ရွက်မှုတစ်ခုပဲ ဖြစ်ပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
သုံးစွဲသူများအနေဖြင့် MPT ၏ “ရှယ်လန်း ရှယ်လန်းကမ္ဘာ” ထဲကို ဝင်ရောက်ပြီး အဆင့်မြှင့်တင်ထားသည့် 4G/LTE ကွန်ရက်ပေါ်တွင် လျင်မြန်မှု၊ လုံခြုံစိတ်ချရမှုတို့နှင့်အတူ လူမှုကွန်ရက်များ သုံးစွဲခြင်း၊ အင်တာနက်မှတစ်ဆင့် ဗွီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းနှင့် အွန်လိုင်းဂိမ်းကစားခြင်းစသည့် ဒီဂျစ်တယ်လုပ်ဆောင်ချက်များဖြင့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပြီဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

MPT4U app သုံးစွဲသူပေါင်း (၁၄) သန်း ပြည့်မြောက်သည့် သမိုင်းမှတ်တိုင်သည် MPT အနေဖြင့် မြန်မာနိုင်ငံ၏ နံပါတ် (၁) ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် စဉ်ဆက်မပြတ်ရပ်တည်နိုင်ရန် ကြိုးပမ်းနေသည့် သက်သေများပင် ဖြစ်သည်။ MPT သည် သုံးစွဲသူများအားလုံး၏ ဒီဂျစ်တယ်လူမှုဘဝများကို ပိုမိုပြည့်စုံ ကြွယ်ဝ နိုင်စေရန်ရည်ရွယ်၍ အများပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် နည်းပညာချိတ်ဆက်မှုများကို ပြောင်းလဲတိုးမြှင့်ခြင်းဖြင့် ထူးခြားဆန်းသစ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
MPT သည် မြန်မာနိုင်ငံ၏ဝေးလံခေါင်ဖျားသောဒေသများရှိ သုံးစွဲသူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် အရည်အသွေးမြင့် ကွန်ရက်အခြေခံအဆောက်အအုံများကို ကာလရှည်ကြာ ထောက်ပံ့ပေးလာသည့် သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့် အပြင် iOS နှင့် Android ဗားရှင်းများအတွက် MPT4Ufree လင့်ခ် မှလည်း တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်