ကမ္ဘာ့နိုင်ငံအနှံ့ရှိ Ria Money Transfer မှတစ်ဆင့် ငွေလွှဲပြီး CB Bank တွင် ငွေသားထုတ်ယူနိုင်

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ရှိသော Ria Money Transfer ကုမ္ပဏီမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ CB Bank ဘဏ်ခွဲတိုင်းသို့ ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်းသိရသည်။
ငွေလွှဲပြီးချိန်တွင် ရရှိလာသော ငွေလွှဲထိန်းချုပ်နံပါတ် ( ၁၁ ) လုံးနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပြီး CB Bank ရှိ ငွေစုစာအုပ်အတွင်းသို့လည်း တိုက်ရိုက်ထည့်သွင်းနိုင်ပြီလည်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လုံခြုံစိတ်ချစွာ ငွေလွှဲပေးပို့နိုင်ရန်အတွက် ယခုဝန်ဆောင်မှုကို အသုံးပြုပြီး ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်း CB Bank မှ ကြေငြာထားသည်။
လက်ရှိ ကိုင်ဆောင်အသုံးပြုလျက်ရှိသော CB Bank (Debit, Credit, Prepaid Card) စသည့် မည့်သည့်ကတ် အမျိုးအစားကိုမဆို သက်တမ်းကုန်ဆုံးရက်မတိုင်မီ ကတ်အသစ်လဲလှယ်သုံးပြုပေးရန်လည်း CB Bank မှထုတ်ပြန်ထားသည်။ ကတ်များ၏ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ (Expiration Date) ကို ကတ်နံပါတ်၏အောက် (သို့မဟုတ်) Valid Thru ၏ဘေးတွင် Month/Year (eg. 12/20 or 12/2020) စသည်ဖြင့် တွေ့နိုင်မည်လည်းဖြစ်သည်။

Photo Source https://web.facebook.com/CBBankmyanmar

သက်တမ်းကုန်ဆုံးသွားသော်လည်း ကတ်အသစ်လဲလှယ်အသုံးပြုခြင်းမရှိပါက ကတ်ပိတ်သွားမည်ဖြစ်ပြီး ကတ်နှင့်ပတ်သက်သည့် မည့်သည့်ဝန်ဆောင်မှုမျိုးကိုမျှ ဆောင်ရွက်နိုင်တော့မည်မဟုတ်ကြောင်းလည်းသိရသည်။
သို့ဖြစ်ပါ၍ ကတ်၏သက်တမ်းကုန်ဆုံးရန် ၆ လအလို (သို့မဟုတ်) ကတ်သက်တမ်းကုန်ဆုံးခါနီးတွင် နီးစပ်ရာ CB Bank ဘဏ်ခွဲများသို့လာရောက်၍ အောက်ဖော်ပြပါနှုန်းထားများအတိုင်း ကတ်အသစ်လဲလှယ်နိုင်ကြောင်းလည်း CB Bank မှ ထုတ်ပြန်ထားသည်။
ကတ်အသစ်လဲလှယ်သည့် နှုန်းထားများမှာလည်း အောက်ပါအတိုင်းဖြစ်သည်။
(၁) Debit Card များ မြန်မာကျပ်ငွေ ၁,၀၀၀
(၂) Prepaid Card များ မြန်မာကျပ်ငွေ ၈,၀၀၀
(၃) Credit Card များ (Classic Card – ၁၀,၀၀၀ ကျပ် ၊ Gold Card- ၁၅,၀၀၀ ကျပ်၊ Platinum Card- ၅၀,၀၀၀ ကျပ်) တို့ဖြစ်သည်။
ဘဏ်သို့လူကိုယ်တိုင်သွားရောက်ရန်အခက်အခဲရှိတဲ့ Customer များအတွက် Online မှတစ်ဆင့် ကတ်အသစ်လဲလှယ်နိုင်ရန် အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကိုဝင်ရောက်ပြီး ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို CB Bank Official Facebook Page ရဲ့ Messenger တွင် မေးမြန်းနိုင်သကဲ့သို့ CB Bank Contact Centre (+951) 2317770 သို့လည်း ဆက်သွယ်စုံစမ်းနိုင်သည်။
https://www.cbbank.com.mm/en/form