အူရီဒူးဆင်းကတ် ပျောက်ဆုံး(သို့)ပျက်စီးပါက အလွယ်တကူပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ

အူရီဒူးသုံးစွဲသူများအနေဖြင့် ဆင်းကတ်ပျောက်ဆုံးခြင်း (သို့) ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့ပါကအူရီဒူးကိုယ်ပိုင် အရောင်းဆိုင် များတွင်သာမကယခုအခါ နီးစပ်ရာအူရီဒူးအရောင်းကိုယ်စားလှယ်ဆိုင်များ (သို့) အူရီဒူး E – Load ရောင်းချပေးသည့် ဆိုင်များကိုသွားရောက်ပြီး အလွယ်တကူပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။
ဆင်းကတ်လဲလှယ်ပေးခြင်း ဝန်ဆောင်မှုကိုအရောင်းကိုယ်စားလှယ်များမှ ၎င်းတို့၏ Dealer App မှတစ်ဆင့်ပြုလုပ်ပေး မည်ဖြစ်ပြီးသုံးစွဲသူများအနေဖြင့် မိမိ၏ ဆင်းကတ်ကိုအချိန်ပိုင်းအတွင်းအမြန်ဆုံးပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။

Photo Source https://www.ooredoo.com.mm

သုံးစွဲသူများအဆင်ပြေချောမွေ့စေရေးအတွက် ယခုကဲ့သို့ ဆင်းကတ်အလွယ်တကူလဲလှယ်ပေးသည့် ဝန်ဆောင်မှုမျိုးအားအူရီဒူးတွင်သာရရှိနိုင်ခြင်းဖြစ်ပါသည်။
ဆိုင်လိပ်စာအသေးစိတ်အား အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://ore.do/k25wi
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသောဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန် ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေသည်။
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်သည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများအဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်သည်။