အူရီဒူးမြန်မာမှ Asia-Pacific Stevie(R) Awards ၂၀၂၂ တွင်ဆုကြီး ၃ ဆု ဆွတ်ခူးခဲ့

Ooredoo သည် Stevie® Awards ဆုကြီးသုံးဆုဖြစ်သည့် Innovative Achievement in Human Resources category (လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ဆန်းသစ်တီထွင်အောင်မြင်မှု) အတွက် ရွှေတံဆိပ်ဆုGold Stevie® ၊ Most Valuable Corporate Response (COVID-19 Response) (တန်ဖိုးအရှိဆုံး ကော်ပိုရိတ်အလိုက်တုံ့ပြန်မှု – COVID-19 တုံ့ပြန်မှု) ကဏ္ဍအတွက်ငွေတံဆိပ်ဆုSilver Stevie® နှင့်Innovative Use of Technology in Customer Service, telecommunications industries (သုံးစွဲသူဝန်ဆောင်မှုတွင် နည်းပညာကို ဆန်းသစ်တီထွင် အသုံးပြုခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများ) အတွက် ကြေးတံဆိပ်ဆုBronze Stevie® တို့ကိုAsia-Pacific Stevie® Awards ၂၀၂၂ ဆုပေးပွဲတွင် ရရှိခဲ့ကြောင်းသိရသည်။
အူရီဒူးမြန်မာသည် ၎င်း၏ဝန်ထမ်းများအား အဓိကဦးစားပေးကဏ္ဍများထဲမှတစ်ခုအဖြစ် သတ်မှတ်ထားပြီး ၎င်း၏ အဓိကပင်မတန်ဖိုးသုံးခုဖြစ်သော အလေးထားဂရုစိုက်ခြင်း၊ ဆက်သွယ်ချိတ်ဆက်ခြင်းနှင့်စိန်ခေါ်မှုများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းစသည့်တန်ဖိုးများနှင့်အညီလုပ်ငန်းလုပ်ဆောင်ချက်များကြောင့် Innovative Achievement in Human Resources category ( လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ဆန်းသစ်တီထွင်အောင်မြင်မှု) ရွှေတံဆိပ်ဆု Gold Stevie® ကို လက်ခံ ရရှိခဲ့သည်။ အူရီဒူးမြန်မာအနေဖြင့်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးတို့အတွက် အဓိက ထား ဆောင်ရွက်ပေးခဲ့သည်။
အူရီဒူးမြန်မာမှ ၎င်း၏ဝန်ထမ်းများ ဘေးကင်းလုံခြုံစေရန်အတွက် အောက်ပါ ကြိုးပမ်းအားထုတ်မှုများဖြစ်သည့် ၂၄ နာရီဝန်ဆောင်မှုပေးသော အပိုဆောင်း လုံခြုံရေးဆိုင်ရာ အရေးပေါ်hotline၊ အိမ်သုံးအင်တာနက် ဝန်ဆောင်မှုများနှင့် လုပ်ငန်းခွင်တစ်ခုလုံးလုံခြုံရေးဆိုင်ရာအသိပညာဖြန့်ဝေပေးမှုတို့ကိုစတင်ဆောင်ရွက်ခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

“ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး စီးပွားရေးဆုများထဲမှ တစ်ခုဖြစ်သည့် Stevie® Awards မှ ဆု (၃) ခုကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ယခုလို အသိအမှတ်ပြုခံရခြင်းဟာ လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသောဒစ်ဂျစ်တယ် လူနေမှုဘဝ များရရှိအောင် ဖြည့်ဆည်းပေးရန်ဆိုသည့် အူရီဒူးမြန်မာ၏ ရည်မှန်းချက်ကိုသာမက ၎င်းတို့၏နေ့စဉ်ဘဝများ တိုးတက် ကောင်းမွန်စေရန် အလေးထားပံ့ပိုးဆောင်ရွက်မှုများအတွက် အထောက်အထားကောင်းတစ်ခုဖြစ်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံသားများ အဆက်အသွယ်မပြတ်ရှိနေစေရန်ကူညီဆောင်ရွက်ပေးခဲ့သည့် အူရီဒူး၏ ကြိုးပမ်းအားထုတ်မှုများနှင့် အမျိုးမျိုးသောလုပ်ဆောင်ချက်များဖြင့် မြန်မာပြည်သူပြည်သားများအားပိုမိုကောင်းမွန်သောအခြေအနေတစ်ခုသို့ အတူတကွရောက်ရှိနိုင်ရန် ပံ့ပိုးပေးသွားမည်ဟူသည့် ကတိကဝတ်များကို ဆက်လက်ဆောင်ရွက်ခြင်းတို့အတွက် သာဓကကောင်းနှင့် ဂုဏ်ပြုချီးမြှင့်မှု ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Rajeev Sethiမှ“ပြောကြားသည်။
Stevie® Awards သည် ၂၀၀၂ ခုနှစ်တွင် စတင်ဖန်တီးခဲ့သည့်ကမ္ဘာ့ထိပ်တန်းစီးပွားရေးဆုများဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိအဖွဲ့အစည်းများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်ပညာရှင်များ၏ အောင်မြင်မှုများနှင့်အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများကို လူအများအသိအမှတ်ပြုဂုဏ်ပြုရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ အချိန်ကာလတိုအတွင်း Stevie® ဆုများသည်ကမ္ဘာ့ပေါ်တွင်အလိုချင်ဆုံးဆုများထဲမှတစ်ခုဖြစ်လာခဲ့သည်။
Asia-Pacific Stevie® Awards သည် အာရှ-ပစိဖိတ်ဒေသရှိအဖွဲ့အစည်းအားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော နိုင်ငံတကာစီးပွားရေးဆုပြိုင်ပွဲတစ်ခုဖြစ်သည်။ ဆုပေးပွဲ၏ အဓိက ဦးစားပေးအချက်မှာ ဆန်းသစ်တီထွင်မှုပုံစံ အားလုံးကို အသိအမှတ်ပြုခြင်းဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသဒေသရှိနိုင်ငံပေါင်း ၂၉ နိုင်ငံမှဆန်းသစ်တီထွင်သော အောင်မြင် မှုများနှင့်ပတ်သက်၍ဝင်ရောက်လျှောက်ထားခဲ့မှု၉၀၀ကျော်ကို ၂၀၂၂ ခုနှစ်အတွက် အကဲဖြတ်ဒိုင်လူကြီးများက ထည့်သွင်းစဉ်းစားခဲ့သည်။