မကြာမှီထွက်ရှိလာတော့မယ့် Apex Legends Mobile

PlayStation 4, PlayStation 5, Xbox One, Xbox Series, Nintendo Switch, နဲ့ PC တွေပေါ်မှာ အခမဲ့ကစားနိုင်တဲ့ Apex Legends ဂိမ်းဟာ Mobile Version အတွက် အဆင့်အများကြီးကိုဖြတ်ကျော်ပြီး မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Beta Stage တွေစမ်းသပ်ခဲ့တဲ့အတွက် Limited Regional Launch အနေနဲ့လည်း ကစားသူအကန့်အသတ်နဲ့ စမ်းသပ်ခဲ့ပါသေးတယ်။ Official Version အနေနဲ့ ဘယ်တော့ထွက်ရှိမယ် ဆိုတာကိုတော့ ရက်မကြေငြာထားပါဘူး။

တစ်ခြားဂိမ်းတွေကို Android Device တွေအတွက် အရင်ထွက်ရှိပြီး iOS အတွက်ထွက်ရှိမှာမဟုတ်ဘဲ Apex Legends Mobile ဟာ Android, iOS Platform နှစ်ခုလုံးမှာ တစ်ပြိုင်တည်းထွက်ရှိမှာ ဖြစ်ပါတယ်။ Mobile မှာပဲဆော့ကစားနိုင်မယ့် Maps တွေအပြင် Legends တွေနဲ့တခြား Feature တွေပါဝင်မယ်လို့လည်း ဖော်ပြထားပါတယ်။ Cross Platform တော့ ကစားလို့ရမှာ မဟုတ်ပါဘူး။

လက်ရှိအချိန်အထိ Pre-registration ပြုလုပ်သူပေါင်း ၂၅ မီလီယံကျော်လာပြီဖြစ်ပြီး Apex Legends Mobile ကို ဒီလအတွင်းမှာ ထွက်ရှိလာမယ်လို့လည်း Twitter Post တွေ တွေ့ရပါသေးတယ်။