Ooredoo Group မှ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွက် ဝင်ငွေ ကာတာရီရယ် ၅.၅ ဘီလီယံ ရရှိခဲ့ပြီး Pre FX အသားတင်အမြတ်ငွေ ၄၈ % အထိ တိုးလာခဲ့ကြောင်း ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် IndosatOoredoo နှင့် Hutchinson တို့သည် အင်ဒိုနီးရှားတွင် ပေါင်းစည်းမူကြောင့် အူရီဒူး ၏ ယခင်အကြီးဆုံး နိုင်ငံတကာ လည်ပတ်ဆောင်ရွက်မှု၏ စာရင်းပိုင်း ကိုင်တွယ်မှုကို ပြောင်းလဲစေခဲ့သည်။ IndosatOoredoo Hutchison (IOH) ၏ ဝင်ငွေ၊ အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ (EBITDA)၊ သုံးစွဲသူများနှင့် Capex တို့ကို ယခုအခါ joint venture ဖက်စပ်ကုမ္ပဏီ အဖြစ် ခွဲခြားသတ်မှတ်ထားသောကြောင့် ပေါင်းစည်းဖော်ပြခြင်း မရှိတော့ပါ။ တစ်နှစ်နှင့်တစ်နှစ် ကာလတူ အခြေအနေခြင်းနှိုင်းယှဉ်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှားပေါင်းစည်းထားသောရလဒ်များမပါဝင်ဘဲ proforma ဇယားကို လက်ယာဘက်တွင် ပေါင်းထည့်ထားသည်။

Photo Source https://www.facebook.com/OoredooMyanmar 

ဇန်နဝါရီလ ၄ ရက်နေ့တွင် Ooredoo Group နှင့်CK Hutchison တို့အကြား ပေါင်းစည်းမှုအား တရားဝင်အတည်ပြုခဲ့ပြီး IndosatOoredoo Hutchison ကိုစတည်တည်ထောင်ခဲ့သည်။ IndosatOoredoo Hutchison အင်ဒိုနီးရှားဈေးကွက်တွင် ပိုမိုအားကောင်းသော နံပါတ် ၂ လုပ်ငန်းကြီးသည် ယခုအခါ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်း၏ ဝင်ငွေနှင့် EBITDA ပံ့ပိုး ကူညီမှုများကို အူရီဒူးအုပ်စုမှ ‌ပေါင်းစည်းခြင်းမရှိ‌တော့ပါ။
ဇန်နဝါရီလ ၆ ရက်နေ့တွင် Ooredoo Group မှMr. Ahmad Al-Neamaအား Group Regional CEO အဖြစ်လည်းကောင်း၊Mr. Bilal Kazmiအား Group Commercial Officer အဖြစ် ခန့်အပ်ကြောင်းကြေငြာခဲ့ပါသည်။
ဖေဖော်ဝါရီလ၂ရက်နေ့တွင်Ooredoo GroupမှKhalid Hassan Al-Hamadiအား Ooredoo Maldives ၏ Chief Executive Officer အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
မတ်လ ၁ရက်နေ့တွင် Ooredoo Groupသည် Ericsson နှင့် Nokia တို့နှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် အထူးသီးသန့် LTE ကွန်ရက်ကို မိတ်ဆက်ကြေညာခဲ့သည်။
မတ်လ၃ရက်တွင်အူရီဒူးအားFIFA World Cup Qatar 2022 အတွက် ‘တရားဝင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ချိတ်ဆက်မှု ဝန်ဆောင်မှုပေးသူအဖြစ် သတ်မှတ်ခဲ့သည်။
မတ်လ ၁၀ ရက်နေ့တွင် အူရီဒူးအုပ်စုမှ Najib Khan အား Group Chief Business Services Officer နှင့် EyasAssafအား Deputy Group CFO အဖြစ် ခန့်အပ်ကြောင်းကြေငြာခဲ့သည်။
NMTC သည် တယ်လီကွန်းအော်ပရေတာများအပေါ် စည်းကြပ်ခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ပထမ (ဇန်နဝါရီလ ၂၀၂၂) နှင့် ဒုတိယအဆင့် (ဧပြီ ၂၀၂၂ အယူခံတရားရုံး) တို့၌ အနိုင်ရရှိခဲ့သည်။ တောင်းဆိုမှု ပမာဏမှာ ခန့်မှန်းခြေ ကာတာရီရယ် ၅၂၈ သန်းဖြစ်ပြီး အမှု သည် cassation တရားရုံး သို့ ဆက်လက်သွားမည်ဖြစ်သည်။
IndosatOoredoo Hutchison မှ ယခုလ ပထမသုံးလပတ်တွင် ဈေးကွက်အတွင်း ၎င်း၏ နံပါတ်၂ နေရာကိုပိုမိုအား ကောင်းအောင်လုပ်ဆောင်သည့်အနေဖြင့် အသစ်ဖြစ်ပြီးဆန်းသစ်တီထွင်သောထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား အင်ဒိုနီးရှားသို့ ယူဆောင်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများစွာကိုလက်မှတ်ရေးထိုးခဲ့သည်။