အူရီဒူးမြန်မာမှ ကမ္ဘာ့လူမှုအကျိုးပြုလုပ်ငန်းများဆိုင်ရာ ညီလာခံ ၂၀၂၂ တွင် လူမှုအကျိုးပြုလုပ်ငန်းဆုနှစ်ဆုကို ရရှိ

အူရီဒူးမြန်မာအနေဖြင့် အများပြည်သူ၏ လူမှုဘဝများကို ပိုမိုကောင်းမွန်အောင်ဖြည့်ဆည်းရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများနှင့် အလေးထားဆောင်ရွက်ချက်များကို အသိအမှတ်ပြုခြင်းခံရသည့်အနေဖြင့်  ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့လူမှုအကျိုးပြု လုပ်ငန်းများဆိုင်ရာ ညီလာခံတွင် Global CSR Excellence and Leadership ဆုများချီးမြှင့်ရာ၌ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်စေခြင်း  (Community Development) နှင့် အများပြည်သူအား ပံ့ပိုးကူညီပေးနိုင်ရန် အကောင်းဆုံး Covid-19 တုံ့ပြန်ခြင်းနည်းလမ်း (Best Covid-19 Solution for Community Care) ဆုများအား ရရှိခဲ့ပါသည်။

၂၀၂၀ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ ပထမဆုံး COVID-19 ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာပြီးချိန်မှ ယနေ့အထိ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီမှုအစီအစဉ်အမျိုးမျိုးဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်းသုံးသောင်းကိုးထောင်ကျော် (၃.၉ ဘီလီယံကျော်) လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် မြန်မာနိုင်ငံ COVID-19 ကပ်ဘေး ဒုတိယလှိုင်းနှင့် တတိယလှိုင်းများအတွင်း ကပ်ရောဂါဘေးမှကင်းလွတ်ပြီး အခြေအနေပြန်လည်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံအား ပံ့ပိုးပေးရန်နှင့် COVID-19 လူနာများ၏အသက်ကို ကယ်ဆယ်ရန်အတွက် အူရီဒူးမြန်မာမှ အဓိကလိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့်  အသက်ရှူစက်၊ နှလုံးခုန်စက်၊ oxygen concentrator နှင့် oxygen concentrator များ လှူဒါန်းခဲ့သည်။ ထို့အပြင် အူရီဒူးမြန်မာမှ ဝန်ထမ်းများမှလည်း မြန်မာနိုင်ငံ COVID-19 ဒုတိယလှိုင်းနှင့် တတိယလှိုင်းများအတွင်း ၎င်းတို့၏ ကိုယ်ပိုင်လစာများမှ ရန်ပုံငွေများကို နှစ်ကြိမ်စုပေါင်းပြီး စုစုပေါင်း ကျပ်ငွေ သိန်း၆၇၀ ကျော်တန်ဖိုးရှိ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ 

Photo Source ooredoo.com.mm

ဆက်သွယ်ရေးသည် နိုင်ငံတစ်နိုင်ငံနှင့် နိုင်ငံသားများအတွက် ခိုင်မာတိကျသည့် နောက်ဆုံးရ ကျန်းမာရေး သတင်းများနှင့် လမ်းညွှန်ချက်များရရှိနိုင်ရန်လည်းကောင်း၊ မိသားစု မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ် ရှိနေစေရန်လည်းကောင်း အရေးပါသောကဏ္ဍတစ်ခုဖြစ်ကြောင်း နားလည်ထားသည့်အတွက် အူရီဒူးမြန်မာမှ ပြတ်တောက်မှုမရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုပေးနိုင်ရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အူရီဒူးမြန်မာသည်  အခမဲ့ အင်တာနက်အစီအစဉ်များနှင့် ဖုန်းဘေလ်များ ပါဝင်သည့် ဆင်းမ်ကတ်ပေါင်း ၁၄,၀၀၀ ကျော်ကို quarantine center များနှင့် ပရဟိတ လူနာတင်ယာဉ်ကွန်ရက်များသို့ လှူဒါန်းခဲ့ပါသည်။

ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အူရီဒူးမြန်မာမှ COVID-19 နောက်ဆုံးရအချက်အလက်များ၊ အခမဲ့ တိုင်ပင်ဆွေးနွေးမှုနှင့် ပြည်သူများသို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကြံဉာဏ်များပေးအပ်ရာတွင် ပံ့ပိုးပေးခြင်း၊ COVID-19 ဆိုင်ရာပညာပေးစာတိုပေးပို့ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်၀ေသော COVID-19 ပညာပေးပို့စ်များနှင့် ဗီဒီယိုများကို အူရီဒူးမြန်မာ၏ ဆိုရှယ်မီဒီယာများမှ မျှဝေပေးခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  COVID-19 Consultation Hotline၊ consultation call centers များသို့ အခမဲ့ဖုန်းခေါ်ဆိုခွင့်များ ပံ့ပိုးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။

COVID-19 ကပ်ရောဂါကာလအတွင်း အူရီဒူးမြန်မာသည် ဆင်းရဲနွမ်းပါးသော လူမှုအသိုင်းအဝိုင်းများသို့ “ပြည်သူမှပြည်သူသို့မျှဝေခြင်း” ပရဟိတအဖွဲ့နှင့်ပူးပေါင်းပြီး အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာ ထုပ်များ ကို အိမ်ခြေ ၁၅၀၀ ကျော်အား လှူဒါန်းခြင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကလေးကျောင်းများ စုစုပေါင်း ၃၃ ကျောင်းသို့ ခြေနင်းလက်ဆေးစင် ၉၅ ခု နှင့် လက်ဆေးဆပ်ပြာရည်များ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အထက်ပါ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် အူရီဒူးမြန်မာသည် ကမ္ဘာ့လူမှုအကျိုးပြု လုပ်ငန်းများဆိုင်ရာ ညီလာခံတွင် အများပြည်သူအား ပံ့ပိုးကူညီပေးနိုင်ရန် အကောင်းဆုံး Covid-19 တုံ့ပြန်ခြင်းနည်းလမ်း (Best Covid-19 Solution for Community Care) ဆုကို လက်ခံရရှိခဲ့ပါသည်။

Photo Source ooredoo.com.mm

အူရီဒူးမြန်မာသည် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (SEAD) ဖြင့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်စေခြင်း  (Community Development) ဆုအား Global CSR Excellence and Leadership ဆုချီးမြှင့်ပွဲ၌ ရရှိခဲ့ပါသည်။ စိုက်ပျိုးရေးကဏ္ဍသည် မြန်မာ့စီးပွားရေး၏ ကျောရိုးဖြစ်သောကြောင့် အူရီဒူးမြန်မာ မှ UNDP နှင့် ပူးပေါင်း၍ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) ကို ပံ့ပိုးကူညီခဲ့ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးပုံစံကို ထူထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူး၏ အဆင့်မြင့်မိုဘိုင်းနည်းပညာကို အသုံးချပြီး UNDP ၏ အတွေ့အကြုံဖြင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးအလေ့အကျင့်များကို မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းတွင် လက်တွေ့ကွင်းဆင်းသင်တန်းများ အပြင် အက်ပလီကေးရှင်း၊ Viber နှင့် YouTube ကဲ့သို့သော ဒစ်ဂျစ်တယ်အကြံပေးချန်နယ်များမှတစ်ဆင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်များ နှင့် လေ့ကျင့်မှုများကိုဖြန့်ဝေပေးခြင်းဖြင့် လယ်သမားများ၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD)သည် မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသရှိ ကျေးရွာပေါင်း ၁၃၀ မှ အိမ်ထောင်စု ၃၉,၃၉၁ ကို အကျိုးပြုခဲ့ပါသည်။