OPPO ဖုန်းချစ်သူတွေသိသင့်တဲ့ OPPO F21 Pro စမတ်ဖုန်းဆိုတာ…

လတ်တလော ဈေးကွက်ထဲမှာ စတင်ဖြန့်ချိတော့မယ့် OPPO F21 Pro ဟာဆိုရင် မထွက်ခင်ကတည်းက OPPO ဖုန်းချစ်သူ တွေကြားထဲမှာ ကြိုတင်ရေပန်းစားနေတဲ့စမတ်ဖုန်းတစ်ခုပါ။ ဘာကြောင့်လည်းဆို ကင်မရာပိုင်းဆိုင်ရာ အရည်အသွေး ကောင်းမွန်မှုကြောင့် Style သစ်လွင် Selfie ဘုရင် ဆိုတဲ့ဆောင်ပုဒ်ကို ပိုင်ဆိုင်ထားခြင်းကြောင့်ပါပဲ။
“OPPO F21 Pro ရဲ့ ကင်မရာပိုင်းမှာ Pro-Level Imaging System နဲ့ Multi-Style Portrait System တွေနဲ့ အတူ Professional ကျတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ စနစ်တွေ ပါဝင်လာမှာပါ။ OPPO F21 Pro ရဲ့ အရှေ့ဘက် Selfie Camera က 32MP နဲ့ အတူ SONY နဲ့ OPPO တို့ ပူးပေါင်းတီထွင်ဆန်းသစ်ထားတဲ့ Ultra-sensing IMX 709 Hardware Sensor ပါဝင်လာမှာဖြစ်ပြီးတော့Selfie ဓာတ်ပုံတွေကို ပိုမိုသေသပ်လှပစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒီ IMX 709 Sensor က များသောအားဖြင့်တော့ Smartphone တွေမှာ Software ပိုင်းတွေမှာသာ တပ်ဆင်လေ့ရှိပါတယ်။ ယခု OPPO F21 Pro မှာတော့ ထူးထူးခြားခြား Hardware ပိုင်းမှာ တပ်ဆင်ပေးထာတဲ့အတွက် Software ပိုင်းမှာ တပ်ဆင်ထားတာထက် ပိုမိုကောင်းမွန်တဲ့ Selfie ဓာတ်ပုံတွေကို လှပသေသပ်စွာ ရိုက်ကူးနိုင်မှာပါ။ Selfie Camera ရဲ့ Hardware ပိုင်းမှာ ဒီ Sensor ကို တပ်ဆင်ပေးထာတာ ဒီ Industry ထဲမှာ ပထမဆုံးပါပဲ။ ဒီ Sensor က RGBW Sensor ဖြစ်ပြီးတော့ Selfie ဓာတ်ပုံတွေ ရိုက်တဲ့အခါ အလင်းရောင် အားနည်းတဲ့ ပတ်ဝန်းကျင်တွေမှာဆိုရင်တောင် ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံတွေ ထုတ်ပေးနိုင်ပါတယ်။ နောက်ဘက် ကင်မရာတွေမှာဆိုရင် 64MP ပါဝင်တဲ့ High Resolution Main Camera နဲ့ အတူ 2MP Microlens Camera နဲ့ 2MP Depth Camera တို့ကိုTriple Camera Setupနဲ့ ထည့်သွင်းပေးထားပါတယ်တယ်။ 2MP Microlens Camera ဟာဆိုရင် မြန်မာနိုင်ငံ Smartphone Industry မှာ ပထမဆုံး Zoom အဆ ၃၀ ထိ ပြုလုပ်နိုင်တဲ့ Microlens ဖြစ်ပါတယ်။ အဲဒီ Microlens ကို အသုံးပြုပြီးတော့ အလွယ်တကူ မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့အရာတွေကို Microscope နဲ့ ကြည့်သလို စူးစမ်းလေ့လာနိုင်မှာပါ။ ဒီ Microlens ကို ဓာတ်ပုံသာမက Video လဲ အသုံးပြုရိုက်ကူးနိုင်ပါတယ်။ နောက်ပြီး OPPO F21 Pro မှာစတိုင်အမျိုးမျိုးနဲ့ Portrait ပုံတွေ ရိုက်နိုင်တဲ့ Multi-Style Portrait၊ ဆွဲဆောင်မှုရှိပြီး လှပတဲ့ Portrait ပုံတွေ ဖန်တီးနိုင်တဲ့ Bokeh Flare Portrait၊ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို သဘာဝကျကျ Retouch လုပ်လို့ရမယ့် Portrait Retouching စတဲ့ ကင်မရာ Features တွေလည်း ထည့်သွင်းထား တဲ့အကြောင်း ကင်မရာပိုင်းဆိုင်ရာစွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး OPPO Myanmar AED မှ Assistant Media and PR manager ဖြစ်သူ မမိုးပွင့်ဖြူက ပြောပါတယ်။

Photo Source https://www.facebook.com/OPPOMyanmar

ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်လည်း OPPO F21 Pro ဟာ Style သစ်လွင်အောင်ကိုယ်ထည်ဒီဇိုင်းပိုင်းကိုပါးလွှာကျစ်လစ်တဲ့ Ultra-Slim Flat-Edged Design နဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ Sunset Orange အရောင်ဟာဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ Smartphone Industry မှာ ပထမဦးဆုံး Fiberglass-leather ဒီဇိုင်းပါပဲ။ ဒီ ဒီဇိုင်းဟာOPPO ကနေ မူပိုင်တီထွင် ဖန်တီးထားတဲ့ အရောင်ဖြစ်ပြီးတော့ Lychee သီးရဲ့ အခွံကို Inspiration ယူပြီး လုပ်ထားတဲ့ ဒီဇိုင်းပါ။Fiberglass-leather ဒီဇိုင်းဆိုပေမဲ့လဲသုံးစွဲသူတွေအတွက် ပွန်းရာ ခြစ်စရာ မထင်အောင်လဲ၊အကြမ်းခံစေဖို့လဲ စမ်းသပ်မှုတွေ အကြိမ်ရေ အများကြီး လုပ်ထားပါတယ်။ Premium ဆန်တဲ့ Look ကို ရရှိဖို့အတွက် OPPO F21 Pro ရဲ့ ဘေးဘောင်တွေကိုလဲ Metal Frame ကို လေးထောင့်ကျတဲ့ Flat-edge ဒီဇိုင်းဖြင့် ဖန်တီးပေးထားပါတယ်။
Comic Black အရောင်မှာဆိုလည်း တောက်ပပြီး လက်ဗွေရာ ထင်တာတွေ မဖြစ်စေတဲ့ OPPO Glow Design Process ကို ထည့်သွင်းထားပါတယ်။ Sunset Orange အရောင်ဟာ အလေးချိန် 175g နဲ့ အထူ 7.54mm သာရှိပြီး Cosmic Black အရောင်ကတော့ အလေးချိန် 175gနဲ့ အထူ 7.49mm သာရှိတာကြောင့်မို့လို့ လက်ဖဝါးနဲ့ အံကိုက်ပြီး ပေါ့ပါးကျစ်လစ်တဲ့ Hand Feeling ကိုလည်း ရရှိနိုင်မှာပါ။ နောက်ပြီး ဒီ OPPO F21 Pro မှာ ထူးထူးခြားခြား ဒီဇိုင်းပြုလုပ်ထားတာကတော့ Orbit Light လို့ ခေါ်တဲ့ အလင်းပတ်လမ်းလေး တစ်ခုကို Microlens Camera ဘေးပတ်လည်မှာ တပ်ပေးထားပါတယ်။ ဒီ Orbit Light က Microlens Camera သုံးတဲ့အခါမှာ အသုံးပြုနိုင်သလို ဖုန်းထဲကို ဝင်လာတဲ့ Message, Notification, Miss Callနဲ့ ဖုန်းအားသွင်းချိန်တွေမှာဆိုရင် အသက်ရှုထုတ်နေသလိုမျိုး အလင်းတန်းနဲ့ အချက်ပြပေးသွားမှာပါ။
OPPO F21 Pro ရဲ့ Screen Size ကတော့ 6.4” ဖြစ်ပြီးတော့ AMOLED Punch-Hole Display ကို အသုံးပြုထားတဲ့အတွက် ကြည်လင်ကောင်းမွန်တဲ့ ရုပ်ထွက်ကို ခံစားရမှာပါ။ ဒါ့အပြင် 90Hz Screen Refresh Rate နဲ့ တွဲဖက် ထုတ်လုပ်ထားတာကြောင့် ဖုန်းမျက်နှာပြင် ပွတ်ဆွဲအသုံးပြုတဲ့အခါမှာ ချောမွေ့မြန်ဆန်စေမှာပါ။ OPPO F21 Pro ရဲ Display က Eye Care Display ဖြစ်တဲ့အတွက် ဖုန်း Screen ကနေ ထွက်တဲ့ မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အပြာရောင်အလင်းတန်းတွေကို လျော့ချပေးနိုင်တာမို့လို့ သုံးတဲ့သူတွေဟာ ဖုန်း Screen ကို ကြည့်တဲ့အခါမှာ မျက်လုံးကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးသွားစမတ်ဖုန်းတစ်လုံးလည်ဖြစ်ပါတယ်။
”OPPO F21 Pro က ၅ မိနစ်အားသွင်းပြီး မိနစ် ၁၆၀ ပြောလို့နိုင်တဲ့၊ ၅ မိနစ်အားသွင်းပြီး ၂ နာရီ ဂိမ်းကစားနိုင်တဲ့ 33W SUPERVOOC အမြန်အားသွင်းစနစ် ပါဝင်ပါတယ်။ ဒီ ဗို့အားနည်း အားသွင်းမြန်စနစ်ဖြစ်တဲ့ SUPERVOOC နည်းပညာဟာ OPPO ရဲ့ နည်းပညာတစ်ခုဖြစ်ပြီးတော့ Five Layer Protection စနစ် ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်မို့ တခြားဖုန်းတွေလို ဖုန်းအားသွင်းနေချိန်မှာ ဖုန်းအသုံးပြုမယ်ဆိုရင် ဖုန်းပူလာခြင်းမရှိပါဘူး။ မိနစ် ၃၀ အားသွင်းရုံနဲ့ ၅၈ ရာခိုင်နှုန်းထိ အားဖြည့်သွင်းနိုင်မှာဖြစ်ပြီးတော့ တစ်နာရီအတွင်း အားအပြည့် သွင်းနိုင်မှာပါ။ ဘက်ထရီပိုင်းမှာဆိုရင်လည်း 4500mAh Battery ကို တပ်ဆင်ပေးထားပြီးတော့ ဘက်ထရီအား ချွေတာနိုင်တဲ့ Super Power Saving Mode နဲ့ Super Night Time Standby ဆိုတဲ့ Features တွေကို ထည့်သွင်းပေးထားတဲ့အကြောင်း သူမက ထပ်ပြီးရှင်းပြပါတယ်။

Photo Source https://www.facebook.com/OPPOMyanmar

OPPO F21 Pro မှာ RAM 8GB နဲ့ ROM 128GB ပါဝင်ပါတယ်။ ROM ကို 1TB ထိ SD Card ထပ်စိုက်ပြီး အသုံးပြုနိုင်သလို RAM ကိုလည်း Up to 5GB ထိ တိုးချဲ့ အသုံးပြုနိုင်တဲ့ RAM Expansion နည်းပညာ ပါဝင်ပါတယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်ဆိုင်ရာပိုင်းမှာဆိုရင် ပိုမိုချောမွေ့မြန်မြန်ဆန်ဆန် သုံးနိုင်ဖို့အတွက် OPPO F21 Pro ရဲ့ CPU ကို Qualcomm Snapdragon 680 6nm CPU ကို သုံးထားတယ်။ OS ပိုင်းမှာဆိုရင်လည်း Android Version 12 ကို အခြေခံထားတဲ့ OPPO ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ ColorOS Version 12 ကို အသုံးပြုထားပါတယ်။ ဒီ ColorOS 12 မှာ အသုံးဝင်တဲ့ Feature တွေဖြစ်တဲ့ ဖုန်း Screen ကို လက်နဲ့ ထိတွေ့စရာမလိုဘဲ လေထဲကနေ လက်ဟန်ပြပြီး အသုံးပြုနိုင်တဲ့ Air Gesture၊ ဓာတ်ပုံတွေပေါ်မှာရှိတဲ့ ဘာသာပြန်လိုတဲ့ စာသားတွေကို ဘာသာပြန်ပေးနိုင်တဲ့ Screen Translate စတဲ့ Feature တွေလည်း ပါဝင်တဲ့အတွက်ကြောင့် နည်းပညာဆန်းသစ်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
“Style သစ်လွင် Selfie ဘုရင် လို့ ခေါ်နိုင်တာကတော့ ဒီဖုန်းလေးက ကိုင်သွားမယ်ဆိုရင် တစ်မူထူခြားတဲ့ စတိုင်နဲ့ အသွင်ကို ပေးနိုင်ပါတယ်။ နောက်ပြီး ဒီ Market ထဲမှာ မရှိသေးတဲ့ ဖုန်းဒီဇိုင်းလဲ ဖြစ်တဲ့အတွက် Style သစ်လွင်တယ်။ ပြီးလို့ရှိရင် SONY နဲ့ OPPO တို့ အထူးပူးပေါင်းတီထွင်ဆန်းသစ်ထားတဲ့ Ultra-sensing IMX 709 Hardware Sensor တပ်ဆင်ထားတဲ့ ရှေ့ဘက် Selfie Camera ဟာဆိုရင်လည်း Selfie အသားပေးCamera ဖြစ်ပါတယ်။ဒါကြောင့် ဒီဇိုင်းနဲ့ ကင်မရာကို ရည်စူးပြီးတော့ OPPO F21 Pro ကို“Style သစ်လွင် Selfie ဘုရင်” လို့ ပေးဖြစ်ခဲ့တာပါ။ Selfie ဘုရင်ဆိုတာကလည်း အရင်ကတည်းက OPPO က Selfie တစ်ခေတ်ကို ဖောက်ခဲ့တဲ့ Brand ဖြစ်ခဲ့တဲ့အတွက် ဒီတစ်ခေါက်မှာလည်း Selfie Camera အသားပေး ထုတ်လုပ်ထားတဲ့ ဒီ OPPO F21 Pro ကို“Style သစ်လွင် Selfie ဘုရင်” လို့ သုံးနှုန်းဖြစ်ခဲ့ပါတယ်။OPPO ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ပထမဆုံး Selfie King ဆိုတဲ့ ဆောင်ပုဒ်နှင့်အတူ Selfie Camera ပါဝင်လာတဲ့ ဖုန်းအဖြစ် OPPO F1S ကို စတင်မိတ်ဆက်ခဲ့ပြီးတော့ Selfie တစ်ခေတ်ဆန်းသစ်စေခဲ့ပါတယ်။ အဲဒီကာလတုန်းက OPPO ဟာ Selfie ရိုက်ကူးတဲ့အခါ မိမိ၏ အလှတရားကို ပိုမိုပေါ်လွင်စေတဲ့ AI Beautification ကို စတင်ထည့်သွင်းပေးခဲ့တဲ့ ပထဦးဆုံး Brand ဖြစ်ခဲ့ပြီး အားပေးသူတွေကြားမှာ လည်း အလွန်ရေပန်းစားခဲ့ကြောင့် ဒီဆောင်ပုဒ်ကို ပိုင်ဆိုင်ထားခဲ့တာလို့ OPPO Myanmar AED မှ Assistant Media and PR manager ဖြစ်သူ မမိုးပွင့်ဖြူက ဆောင်ပုဒ်နဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းပြပါတယ်။
OPPO F21 Pro စမတ်ဖုန်းဟာ အသုံးပြုမယ့်လူတွေ လက်ထဲမှာ ကိုင်ရတဲ့ Hand Feeling ကောင်း‌ကောင်းရဖို့အတွက်လဲ ဖုန်းရဲ့ အလေးချိန်နဲ့ အထူကိုလည်း အထူးစီမံ ထုတ်လုပ်ထားပါတယ်။

Photo Source https://www.facebook.com/OPPOMyanmar

OPPO F21 Pro ကို Sunset Orange နဲ့ Cosmic Black ဆိုပြီး အရောင် နှစ်ရောင်နဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်း ကတော့၆၂၉,၉၀၀ ကျပ်ဖြစ်ပါတယ်။
OPPO F21 Pro ရဲ့ ဈေးကွက်ရောင်းအားအခြေအနေနဲ့ပတ်သက်ပြီး လက်တလောက‌တော့ Pre-order ကာလဖြစ်နေသေးတဲ့အတွေက်ကြောင့် ဈေးကွက်ရောင်းအားအခြေအနေကတော့ သေချာလေး မသိရသေးပါဘူးလို့လည်း မမိုးပွင့်ဖြူက ပြောပါတယ်။
OPPO F21 Pro ဟာ SEA ဈေးကွက်တွေမှာတော့ Reno7 4G ဆိုပြီး အခု ၂၀၂၂ခုနှစ်မှာ စတင်ရောင်းချနေပါပြီဖြစ်ပါတယ်။
OPPO F21 Pro ကို မေလ ၁၁ ရက်မှ ၁၅ ရက်အထိ Pre-order တွေမှာ ယူလို့ ရပါတယ်။ အဲဒီရက်အတွင်း Pre-order မှာမယ်ဆိုရင် OPPO ကနေ Pre-order Gift အနေနဲ့ ခရီးဆောင်အိတ်ကို လက်ဆေင်ပေးသွားမှဖြစ်တဲ့အကြောင်း သူမက ဆက်လက်ရှင်းပြပါတယ်။
“OPPO က အသုံးပြုတွေ အဆင်ပြေနိုင်မဲ့၊ ရွေးချယ်ဝယ်ယူနိုင်မဲ့ ဖုန်းတွေကို Customer တွေရဲ့ လိုအပ်ချက်တွေ ကိုအမြဲနားထောင်သေချာလေ့လာပြီးတော့မှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နောက်ပိုင်းလဲ OPPO က ခေတ်နဲ့ အညီ အသုံးပြုသူတွေ အဆင်ပြေစေနိုင်မဲ့လှပကြော့ရှင်းတဲ့ ဒီဇိုင်းတွေနဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကိုတွေ ပေါင်းစပ်ပြီးCustomer တွေကို အကောင်းဆုံးတွေပေးစွမ်းနိုင်ဖို့ဖို့ အမြဲကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်” လို့ နောက်ပိုင်းထွက်ရှိလာမယ့်ဖုန်းတွေတွေနဲ့ပတ်သက်ပြီး OPPO ဖုန်းချစ်သူတွေကို မမိုးပွင့်ဖြူက သတင်းစကားပါးခဲ့ပါတယ်။