Apple ၏ Peek Performance တွင် မိတ်ဆက်ခဲ့သော စမတ်ဖုန်းနှင့်အခြားထုတ်ကုန်များအကြောင်း

Apple ရဲ့ 2022 အတွက် ပထမဆုံး Event လို့ဆိုရမယ့် Peek Performance ကတော့ မကြာသေးခင် အချိန်ကပဲ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။ အဆိုပါ Event မှာ မိတ်ဆက်သွားတဲ့ ဖုန်းနဲ့ ထုတ်ကုန်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Photo Source https://web.facebook.com/phonekingmm

(၁) iPhone 13 Series
ပထမဦးစွာ 13 Series new colour ကိုစောင့်မျှော်နေတဲ့သူတွေအတွက် iPhone 13, iPhone 13 mini (Green Colour) နဲ့ iPhone 13 Pro, iPhone 13 Pro Max (Alpine Green Colour) တို့ကို မိတ်ဆက်ပေးလိုက်ပါပြီ။ ကြည်လင်အေးမြခြင်းနဲ့ လန်းဆန်းတက်ကြွခြင်းသဘောတို့ကို ဆောင်ကျဉ်းထားတဲ့ အရောင်သစ်လေးကလည်း သုံးစွဲသူတို့ကို ဆွဲဆောင်မှုအပြည်နဲ့ စမတ်ကျလှပနေစေမှာအမှန်ပါပဲ။
(၂) iPhone SE (2022)
iPhone SE မှာတော့ အရင် SE တွေနဲ့ Design ပိုင်းအရ အတူတူဖြစ်ပြီး Chipset မှာတော့ A15 Bionic နဲ့ 5G ဖြစ်လာပါတယ်။ ဈေးနှုန်းပိုင်းကတော့ $429 ဖြစ်တဲ့အတွက်အရင်နှစ်တွေထက် $30 ပိုများတာကိုတွေ့ရပါတယ်။
(၃) iPad Air (2022)
အခု iPad Air တွေမှာ iPad Pro လို M1 Chip Support လုပ်လာပါပြီ။ M1 Chipset ပါဝင်တာကြောင့် Performance ကတော့ ပြောစရာမလိုတော့ပါဘူး။ 12MP Selfie Camera နဲ့ Center Stage Feature လည်းပါလာခဲ့ပါပြီ။ Display ကတော့ Liquid Retina Display မှာ 500 nits Peak Brightness ရနိုင်မယ့် 120Hz Promotion Display တော့ မပါဝင်သေးပါဘူး။ နောက်ပြီး Biometric Lock ကလဲ Touch ID ပဲဆက်သုံးပေးထားပါတယ်။ iPad Pro နီးပါးတူသွားတဲ့ iPad Air အသစ်ကို $599 သတ်မှတ်ထားပြီးအရောင်အနေနဲ့ Space Grey , Starlight , Pink , Purple & Blue ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၄) Mac Studio
Mac Studio မှာတော့ Mac Mini ကို Size ကြီးပေးလိုက်တာလို့ဆိုရမလားပဲ။ နောက်ပြီး Powerful အဖြစ်ဆုံး M1 Ultra SoC ကိုမိတ်ဆက်ပေးခဲ့တာဖြစ်လို့ ဒီ Mac Studio မှာ M1 Max & M1 Ultra ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ M1 Max ပါသော Mac Studio အသစ်သည် $1999 မှစတင်ပြီး M1 Ultra ပါသော Mac Studio က $3999 မှစတင်မှာဖြစ်ပါတယ်။
(၅) Studio Display
Mac Studio မိတ်ဆက်အပြီးမှာတော့ သူနဲ့တွဲဖက်ဖြစ်တဲ့ Studio Display ကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။ 27” 5K Retina Display ကို A13 Bionic Chip အသုံးပြုထားတာဖြစ်တဲ့အပြင် Display မှာ Color Accuracy အထူးဂရုပြုထားပြီး Video Conference တွေအတွက် 12MP Camera, Audio အတွက် Speaker (၆)လုံး စတာတွေပါဝင်မှာမို့ Mac Studio အပြင် ဘယ် Macbook အတွက်မဆိုတွဲသုံးဖို့ အဆင်အပြေဆုံး Display ဖြစ်မှာဖြစ်ပါတယ်။ ဈေးနှုန်းအရတော့ $1599 မှစတင်မှာဖြစ်ပါတယ်။
အပေါ်မှာပြောပြပေးသွားခဲ့တာတွေကတော့ Apple ရဲ့ Peek Performance Event မှာမိတ်ဆက်သွားခဲ့တဲ့ Apple Devices တွေဖြစ်ပါတယ်။