နောက်ဆုံးပေါ် Samsung Galaxy A53 5G စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်

Samsung Electronics Co., Ltd ၏ နာမည်ကျော် လူကြိုက်အများဆုံးသော Galaxy A Series စမတ်ဖုန်းများတွင် အသစ်ပါရှိလာသည့် နောက်ဆုံးပေါ် စွမ်းဆောင်ရည်များနှင့် လုပ်ဆောင်ချက်များအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက် (မြန်မာစံတော်ချိန် ည ၈:၃၀ နာရီ) တွင် ခမ်းနားစွာ ကျင်းပ ပြုလုပ်ခဲ့သည့် Galaxy A Event အခမ်းအနားကြီးတွင် မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကမ္ဘာတစ်ဝန်းမှ ကြည့်ရှုသူများ အနေနှင့် စိတ်လှုပ်ရှားဖွယ် တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာများပါရှိသည့် mid-range နှင့် Upper mid-range Galaxy A Series စမတ်ဖုန်း အသစ်များအား ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှု ခံစားခွင့် ရရှိခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မိတ်ဆက်ပြသခဲ့သည့် နောက်ဆုံးပေါ် စမတ်ဖုန်းတစ်ခုဖြစ်သည့် Galaxy A53 5G စမတ်ဖုန်းအား ပါးလွှာသော ဘေးဘောင်၊ သပ်ရပ် လှပမှု အပြည့်ရှိသော ဒီဇိုင်းနှင့် တည်ဆောက်ပေးထားပြီး နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ကိုလည်း ထည့်သွင်းပေးထားသည့် အတွက် ကမ္ဘာတစ်ဝန်းမှ အသုံးပြုသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
အကောင်းမွန်ဆုံး‌သော စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ခံစားရရှိနိုင်စေရန်အတွက် နောက်ဆုံးပေါ် Galaxy A53 5G စမတ်ဖုန်း တွင် 120Hz refresh rate ပါရှိသည့် ကြီးမားကျယ်ပြန့်သော ၆.၅” FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ အဆင့်မြှင့်တင်ထားသော Night Mode နှင့် Frame Rate ထည့်သွင်းပေးထားသည့် စွမ်းဆောင်ရည်မြင့် နောက် ကင်မရာ ၄ လုံး (12 MP Ultra-Wide, 64 MP Main, 5 MP Depth နှင့် 5 MP Macro)၊ 5nm high performance AP နှင့် 25W Super-Fast Charging လုပ်ဆောင်ချက်ပါရှိသည့် ကြာရှည်ခံ 5,000 mAh ဘက်ထရီ စသည့် အမြင့်မားဆုံးသော စွမ်းဆောင်ရည်များ ထည့်သွင်းပေးထားသည်။ ထို့အပြင် Galaxy A53 5G စမတ်ဖုန်းတွင် 8+256 GB မှတ်ဉာဏ်ပမာဏနှင့် ‌ရေအောက် ၁ မီတာအနက်တွင် မိနစ် ၃၀ ခန့် ထားရှိနိုင်သည့် IP67 အဆင့်ရှိ Water & Dust Resistance စွမ်းဆောင်ရည်များ ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် စမတ်ဖုန်းတစ်လုံး၏ အမြင့်မားဆုံး‌‌သော စွမ်းဆောင်ရည်များအား အချိန် အခိုက်အတန့်တိုင်းတွင် တစ်စုံတစ်ရာ ပူပင်မှုမရှိ အသုံးပြုသွားနိုင်မည် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအားလုံးရဲ့ လိုအပ်ချက် ကဏ္ဍပေါင်းစုံကိုထောက်ပံ့ပေးနိုင်အောင် အသစ်အသစ်သော နည်းပညာတွေကို အမြဲဖန်တီးဖို့ကြိုးစားနေတာဖြစ်လို့ အခုဆိုရင် Galaxy A series ဟာလည်း မြန်မာနိုင်ငံမှာပါမဟုတ်ပဲ ကမ္ဘာမှာပါ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း အမျိုးအစားတစ်ခု အဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လူတိုင်း ရရှိခံစားနိုင်စေဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ချက်နဲ့အညီ ပြီးခဲ့တဲ့ Galaxy A Event အခမ်းအနားကြီးမှာ နောက်ဆုံးပေါ် Galaxy A53 5G စမတ်ဖုန်း အပါအဝင် စွမ်းဆောင်ရည်မြင့်မားလှတဲ့ Galaxy A Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လူငယ်ကြိုက် စတိုင်ကျနလှတဲ့ ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး Flagship လုပ်ဆောင်ချက်တွေကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရယူအသုံးပြု နိုင်အောင် လုပ်ဆောင်ပေးထားတာကြောင့် Galaxy A53 5G စမတ်ဖုန်းဟာ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် လုပ်ငန်းခွင်မှာရော၊ နေ့စဉ် ဘဝမှာပါ အသင့်တော်ဆုံး အဖော်မွန် ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

Photo Source https://web.facebook.com/SamsungMyanmar

Samsung Myanmar၏ နောက်ဆုံးပေါ် Galaxy A53 5G စမတ်ဖုန်းအားကြိုတင်မှာယူလိုသူများအနေနှင့် ၂၀၂၂ခုနှစ် မတ်လ ၁၈ ရက်၊ မှ ၂၇ရက် အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်သည်။ Samsung Galaxy A53 5G (8+256GB) စမတ်ဖုန်းအား အရောင်အနေနှင့်လည်း စွဲမက်ဖွယ် အရောင် ၃ ရောင် (အနက်ရောင်၊ အပြာနုရောင်နှင့် မက်မွန်သီးရောင်) အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပြီး ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၀၄၉,၀၀၀ ဖြင့် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ထို့အပြင် Galaxy A53 5G ကို Samsung Myanmar အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှနိုင်မည့်အပြင် Samsung Myanmar ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.samsung.com/mm/smartphones/galaxy-a/ မှတဆင့်လည်းကောင်း၊ Samsung Myanmar ၏ လက်ကမ်းစာစောင်မှ QR scan မှတစ်ဆင့်လည်းကောင်း နှင့် Shop.com မှတဆင့်လည်း အိမ်တိုင်ရာရောက် လွယ်ကူလျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။သုံးစွဲသူများ ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား Mobile Banking မှတဆင့် အပြည့်အဝ လက်ခံပေးသွားရန်လည်း စီစဉ်ပေးသွားမည် ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank ၏ IPP Store အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူသွားနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများ၌ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်ပါသည်။ ကြိုတင်မှာယူထားသူများအနေနှင့် Samsung Myanmar မှပေးအပ်သော Galaxy Fit 2 (ပစ္စည်း လက်ကျန်ရှိသည်အထိသာ) ရရှိသွားမည် ဖြစ်သည်။ ဒါ့အပြင် ကြိုတင်မှာယူထားသူများအနေဖြင့် Samsung Myanmar ၏ Lucky Draw Program တွင် Galaxy Watch 4 (၅) လုံး နှင့် Galaxy Buds 2 (၁၅) စုံ ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/SamsungMyanmar

ထို့အပြင် သုံးစွဲသူများ အနေနှင့် အထူးအာမခံ အခွင့်အရေး ဖြစ်သည့် No Worry Crack ဝန်ဆောင်မှုအဖြစ် အဆိုပါကာလအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀ ရာခိုင်နှုန်း အထိ သက်သာခွင့်တစ်ကြိမ် အား(ဝယ်ယူသည့်နေ့မှ ခြောက်လအထိ) ခံစားသွားနိုင်မည် ဖြစ်သည်။ (ဤအာမခံသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ အကျုံးဝင်သည်)
၂၀၁၉ အထက်ရှိ Samsung နှင့် Apple စမတ်ဖုန်းမျမော်ဒယ်များ နှင့် ၅ သိန်း နဲ့ အထက်တန်ဖိုးရှိ အခြားစမတ်ဖုန်းအမျိုးစားများအား ကိုင်ဆောင်ထားသူများ အနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား အသစ်မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် Galaxy A53 5G စမတ်ဖုန်းနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ ထို့အပြင် ထိုသို့လဲလှယ် ဝယ်ယူမှုများအတွက် Samsung Myanmar သည် Galaxy A53 5G အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၁၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 012399888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။