Chrome Brower တွေမှာအသုံးပြုနိုင်တော့မယ့် Google Lens

Google Lens ဆိုတာကတော့ အသုံးပြုသူတွေအနေနဲ့ သတင်းအချက်အလက်ရှာဖွေတာတွေ၊ ကော်ပီကူးတာ ဘာသာပြန်ပေးတာ၊ ဆင်တူရိုးမှားဓာတ်ပုံတွေကို ရှာဖွေပေးတာနဲ့ တစ်ခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက် ကောင်းတွေ ပါဝင်တဲ့ vision-based computing capabilities ဖြစ်ပါတယ်။ Google Lens App နဲ့ Google Photo တွေမှာပဲ အသုံးပြုလို့ရခဲ့ပေမယ့် Chrome Browser တွေမှာပါ အလွယ်တကူအသုံးပြုလို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Source https://lens.google/#

Google Lens App သတ်သတ်ရှိပေမယ့် နောက်ပိုင်းမှာတော့ smartphone တွေရဲ့ Chrome Browser တွေမှာ Search Image with Google Lens ဆိုတဲ့ function ကိုထည့်သွင်းပေးလာခဲ့ပါတယ်။ Chrome မှာ ဓာတ်ပုံတစ်ပုံကို ဖိထားလိုက်တာနဲ့ Google Lens Function ပေါ်လာမှာပါ။ ကွန်ပြူတာမှာတော့ ဓာတ်ပုံပေါ်ကို right-click ထောက်လိုက်တာနဲ့ Search Google for Image လို့ပေါ်နေမှာ ဖြစ်ပါတယ်။

Function ကို အသုံးပြုပြီး ပုံထဲကစာသားတွေကို ဘာသာပြန်တာ၊ ပါဝင်တဲ့စာသားတွေကို ကော်ပီယူတာ၊ ဆက်စပ်တဲ့ပုံတွေကို ရှာဖွေပေးတာ အပြင် အခြားလုပ်ဆောင်ချက်ကောင်းတွေကိုလည်း လုပ်ဆောင် ပေးနိုင်ပါတယ်။ ကွန်ပြူတာမှာ ဆိုရင်လည်း ဓာတ်ပုံတစ်ပုံကို ရှာလိုက်တာနဲ့ ပုံရဲ့အရွယ်အစားတွေကို ဖော်ပြပေးတဲ့အပြင် ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကိုပါ ပြပေးမှာဖြစ်ပါတယ်။ ကိုယ်ရှာဖွေချင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ စာသားတွေကို website ကနေမြန်မြန်ဆန်ဆန်ရှာဖွေနိုင်ပြီး Tab တစ်ခုထဲမှာပဲ မြန်မြန်ဆန်ဆန် ပြသပေးမှာပါ။ 

Photo Source https://lens.google/#

မကြာခင်မှာ Google Lens ကို iOS App တွေမှာပါ support ပေးဖို့ Google အနေနဲ့ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ Android App တွေမှာအသုံးပြုသလိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google အနေနဲ့ မကြာခင်မှာ Google Search နဲ့ပက်သက်ပြီး Redesign လုပ်ထားတဲ့ Search page အပြင် Update များစွာနဲ့ Multitask Unified Model (MUM) ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။