Ooredoo ၏ ဒစ်ဂျစ်တယ်စာကြည့်တိုက်အရေအတွက်၂၅၀ အထိ ရှိလာကြောင်းထုတ်ပြန်

အူရီဒူးမှ ဒစ်ဂျစ်တယ်စာကြည့်တိုက်အသွင်ကူးပြောင်းခြင်းစီမံကိန်းအားပံ့ပိုးကူညီနေမှုကို တိုးမြှင့်သည့်အနေဖြင့် စုစုပေါင်း ငွေကျပ်သိန်းနှစ်ထောင်ကျော် (၂၀၉,၂၀၀,၀၀၀ိ/ကျပ်) တန်ဖိုးရှိ လက်ပ်တော့ အလုံး၂၀၀ နှင့် Ooredoo wireless broadband စက်များနှင့်အတူ ထပ်တိုးစာကြည့်တိုက် ၄၀ ကို တိုးချဲ့ပံပိုးပေးလိုက်သည့်အတွက် ၂၀၂၂ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ အူရီဒူးမှထောက်ပံ့ပေးနေသည့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုနိုင်မည့် စာကြည့်တိုင်းပေါင်း ၂၅၀ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Photo Source https://www.facebook.com/OoredooMyanmar

“အူရီဒူးမြန်မာဟာဆိုရင် မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာ ပဏာမခြေလှမ်းတွေမှာ အမြဲရှေ့တန်းမှ ရပ်တည်နေခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်း ဒစ်ဂျစ်တယ်တတ်မြောက်မှု တိုးတက်စေရန် နည်းပညာရဲ့စွမ်းအားကို ယုံကြည်ထား တာနှင့်အညီ အဆိုပါအစီအစဉ်ကို ပံ့ပိုးပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဤအစီအစဉ်ဟာဆိုရင် ဒေသခံပြည်သူလူထုအတွက် အရည်အသွေးမြှင့်တင်ရန်နှင့်ဒစ်ဂျစ်တယ်စွမ်းရည်များတိုးတက်ကောင်းမွန်စေရန်အတွက် အူရီဒူးမြန်မာရဲ့ကြိုးပမ်းမှုများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အူရီဒူးမြန်မာ၏ လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန် ဆိုသည့်ရည်မှန်းချက်နှင့်အညီ ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ်ဝန် ဆောင်မှုများကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလားအလာများကိုလည်း ပံ့ပိုးဖန်တီးပေးလျက်ရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
အစီအစဉ်စတင်သည့်အချိန်မှစပြီး အူရီဒူးမြန်မာသည် ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် အင်တာနက်ချိတ်ဆက်မှုများကို ၂၀၁၄ ခုနှစ်တွင် စာကြည့်တိုက် ၅၅ခုမှ စတင်ပံ့ပိုးပေးခဲ့ပြီး ၂၀၁၆တွင် စာကြည့်တိုက်ပေါင်း ၉၀၊ ၂၀၁၈တွင် စာကြည့်တိုက်ပေါင်း ၁၅၀၊ ၂၀၂၁ခုနှစ်တွင် စာကြည့်တိုက်ပေါင်း ၂၁၀ နှင့် ယခု ၂၀၂၂ တွင် စာကြည့်တိုက် စုစုပေါင်း၂၅၀ စသည့်ဖြင့်ပိုမိုတိုးချဲ့ပံပိုးကူညီလျက်ရှိသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မေလအတွင်းတွင် လူဦးရေ ၇၉၆,၇၄၉ ကျော်သည် ဒစ်ဂျစ်တယ်စာကြည့်တိုက်များသို့ လာရောက်လေ့လာခဲ့ကြပြီး လူပေါင်း ၂၄၀,၅၉၂ ကျော်သည် ၎င်းတို့၏ ဒစ်ဂျစ်တယ်တတ်မြောက်မှုစွမ်းရည်များ တိုးတက်လာခဲ့သည်ကို တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

Photo Source https://www.facebook.com/OoredooMyanmar

အဆိုပါ ဒစ်ဂျစ်တယ်အသွင်ပြောင်း စာကြည့်တိုက်များသည် လာရောက်သူများ၏ ၅၅ ရာခိုင်နှုန်းကို လေ့လာသင်ယူနိုင်မှု အခွင့်အလမ်းနှင့် သတင်းများကို အွန်လိုင်းမှတစ်ဆင့်ဖတ်ရှုခွင့်ရရှိစေခဲ့ပြီး ၂၁ ရာခိုင်နှုန်းအားနည်းပညာစွမ်းရည်ကို တိုးတက်စေခဲ့ကာ ၂၄ရာခိုင်နှုန်းသည် အလုပ်အကိုင်အခွင့်လမ်းရှာဖွေရန်နှင့်လျှောက်ထားရန် အသုံးပြုနိုင်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။
၈၆ လတာကာလအတွင်း လူဦးရေ ၃၆၁,၀၀၀ သည် စာကြည့်တိုက်များတွင် ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးပြုခဲ့ပြီး လူပေါင်း ၃၅၃,၀၀၀ ကပထမဆုံးအကြိမ်အဖြစ်အင်တာနက်ကို အသုံးပြုနိုင်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar