AI Triple Camera လုပ်ဆောင်ချက်တို့နဲ့ ဈေးနှုန်းသင့် OPPO A16 စမတ်ဖုန်းအကြောင်း

OPPO A16 စမတ်ဖုန်းဟာ ကျယ်ပြန့်သော မျက်နှာပြင်၊ ကြီးမားသော 5000mAh ဘက်ထရီ၊ ကင်မရာ သုံးလုံး တပ်ဆင်ထားသည့် ပေါ်လွင်တောက်ပသောဒီဇိုင်းပေါ့ပါးကျစ်လစ်အောင် ပေါင်းစပ်ဖွဲ့စည်းထားခြင်း၊ အထူးပါးလွှာသည့်ပုံစံ၊ 3D အနားစောင်း ကွေးကိုယ်ထည်၊ 190g အလေးချိန်နှင့် 8.4mm အထူသာရှိခြင်း ကြောင့် ဈေးကွက် ထဲမှာ နာမည်ကြီးတဲ့ စမတ်ဖုန်းအမျိုးအစားထဲတွင် ပါဝင်သည်။
OPPO A16 ၏ ခေတ်မီဆန်းပြားသည့် အရောင် Pearl Blue အရောင်ဆိုသည်မှာလည်း တောက်ပသော အပြာရောင်တွင် ပုလဲရောင် ဖောက်ထားပေးခြင်းဖြစ်သည်။ လက်ဗွေရာမထင်အောင် အမှုန်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည်။
အရောင်နောက်တစ်မျိုးဖြစ်သော Crystal Black အရောင်သည် အလင်းရောင်အောက်တွင် ရွှန်းစိုနေသော အနက်ရောင်ဖြင့် လှပနေမည် ဖြစ်ပြီး အောက်ခြေတွင်ဝှက်ထားသည့် ဆန်းကြယ်လှပသော AG နှင်းမှုန်ဒီဇိုင်းပုံစံကို တွေ့မြင်နိုင်မည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/smartphones/

AI နည်းပညာသုံး မျက်ဝန်းကာကွယ်သည့် စမတ်နည်းပညာက သင့်တော်မည့် အလင်းရောင်ရရှိစေရန် ပတ်ဝန်းကျင်နှင့် နှစ်သက်သော အလင်းရောင်ကို မှတ်သား၍ အဆင်ပြေအောင် ချိန်ညှိပေးနိုင်သောကြောင့် မျက်ဝန်းအား တနေ့တာလုံး အဆင်ပြေ သက်သောင့်သက်သာရှိစေမည် ဖြစ်သည်။
80 ဒီဂရီထောင့်ကျယ်၊ 13MP ပင်မကင်မရာဖြင့် အလိုအလျောက် focus ဖြတ်ပေးခြင်း + a 2MP အနီးအဝေးချိန်ပေးသည့် ကင်မရာ + a 2MP မက်ခရိုကင်မရာ ပါဝင်သည်။ ကင်မရာသုံးလုံး၏ လုပ်ဆောင်မှုများအတွက် တလုံးခြင်းစီအား AI ဖြင့် နည်းပညာအဆင့်မြှင့်တင်ထားရှိပသည်။ ထို့ကြောင့် ပြီးပြည့်စုံလှပသော ရုပ်ပုံများရရှိအောင် အကောင်းဆုံး မှတ်တမ်းတင် ရိုက်ကူး ပေးနိုင်မည်ဖြစ်သည်။
ကင်မရာတိုင်းက AI နည်းပညာသုံး အဆင့်မြှင့်တင်ပေးထားသဖြင့် အသားအရည်ကို သဘာဝကျကျ လှလှပပဖြစ်အောင် အသေးစိတ် ရိုက်ကူးပုံဖော်ပေးနိုင်သည်။ စိတ်ကြိုက်ဖြစ်အောင် ကြိုတင်ကြည့်ရှု ချိန်ညှိကာ ရိုက်ကူးနိုင်သည်။
မူလပုံစံအတိုင်း ရရှိအောင် ချိန်ညှိပေးနိုင်သော Dazzling Mode က ဉာဏ်ရည်တုကို အသုံးပြုပြီး အရောင်နေရာချသော ဆော့ဝဲလ်ဖြင့် အရောင်များကို ထုတ်လုပ်ပေးနိုင်သောကြောင့် ပုံရိပ်များအား ပိုမို ရုပ်လုံးကြွ ပေါ်လွင်စေသည်။ ဓာတ်ပုံပြုပြင်နိုင်သော filters ၁၅ ခု (လုံးဝအသစ်စက်စက် ၇ ခု ပါဝင်သည်) ထဲက ကြိုက်ရာကို ရွေးချယ်ပြီး ဓါတ်ပုံများအား အနုပညာမြောက်အောင် ပြင်ဆင်ဖန်တီးကြည့်နိုင်သည်။

Photo Source https://www.oppo.com/mm/smartphones/

YouTube ကို 21.02 နာရီကြာ ကြည့်ရှုနိုင်သည်။ အားကုန်သက်သာစေသည့် Super Power Saving Mode ကြောင့် 1.84 နာရီကြာ ဖုန်းပြောဆိုနိုင်မှာဖြစ်သည်။ ညအချိန်အတွက် အမြဲအဆင်သင့်ဖြစ်စေမယ့် Super Nighttime Standby Mode6 က ညချမ်းအချိန်ခါအတွက် 1.21 ရာခိုင်နှုန်းသာ ဖုန်းဘက်ထရီ လျော့မည်ဖြစ်သည်။
ညအချိန်တွင် ဖုန်းအားသွင်းခြင်းများအတွက် လုံခြုံစိတ်ချမှု အပြည့်ရှိအောင် AI နည်းပညာသုံး၍ ကာကွယ်ပေးထားပြီး အားသွင်းစဉ် စက်ပူခြင်းမရှိအောင် ဆောင်ရွက်ပေးထားပါသည်။ USB Type-C ဖြင့်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Lag ဖြစ်ခြင်းကို 18% လျှော့ချပေးနိုင်ခြင်း၊ အမြောက်အများ သိမ်းဆည်းနိုင်စွမ်းရှိခြင်း၊ ဒေါင်းလုတ်ဆွဲမြန်ဆန်ခြင်း၊ လုပ်ငန်းစဉ် တခုလုံးအား ချိန်ညှိပေးနိုင်ခြင်း၊ app များအား စနစ်နှင့် မကိုက်ခြင်းကြောင့် အသုံးပြု၍ မရနိုင်ခြင်းကို ကာကွယ်ပေးခြင်းနှင့် အခြားလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည်။
ဂိမ်းကစားချိန်တွင် စာတိုများအား အလွယ်တကူတွေ့မြင်နိုင်အောင် စာတမ်းထိုးသည့်ပုံစံ ပြသပေးပါတယ်။ Black Screen Mode (IN ID များအတွက်သာ)ကတော့ ဖုန်းမျက်နှာပြင်အား ပိတ်ထားစဉ် ဗီဒီယိုဆက်လက်ဖွင့်ပေးခြင်းကို လုပ်ဆောင်ပေး ပါတယ်။
FlexDrop စနစ်ကတော့ အသုံးပြုနေသော App အား ချုံ့ပေးခြင်းဖြင့် အခြား App အား အလွယ်တကူဝင်ရောက် အသုံး ပြုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်သည်။