စွမ်းအားမြင့် AI စနစ်သုံး 13MP ကင်မရာ ၃လုံးစနစ်ဖြင့်ထွက်ပေါ်လာခဲ့တဲ့ Realme C21Y စမတ်ဖုန်း

Realme C21Y စမတ်ဖုန်းသည် စွမ်းအားမြင့်မားပြီး ကြာရှည်ခံသောဘက်ထရီက ဖုန်းအသုံးပြုသူရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေမှာလည်းဖြစ်ပါတယ်။ တစ်နေ့တာကြာရှည်စေရန်အတွက် ကြီးမားသည့် 5000mAh ဘက်ထရီနှင့်အတူ စွမ်းအားတွေပေးအပ်ထားမှာဖြစ်သည်။
ဖုန်းက အားတွေစတင်လျော့နည်းလာပြီဆိုလျှင် စိုးရိမ်မှုမရှိစေရန်အတွက် တာရှည်ခံစနစ်တစ်ခုကိုဖွင့်ပြီး App တွေကို ဆက်ပြီးသုံးနေနိုင်စေဦးမှာဖြစ်သည်။ ဒါ့အပြင် စွမ်းအားမြင့် AI စနစ်သုံး 13MP ကင်မရာ ၃ လုံးစနစ်က တောက်ပနေသည့်ကမ္ဘာကြီး၏အနုစိပ်တွေကို ဖမ်းယူပေးမှာဖြစ်သည်။ ပင်မ 13MP ကင်မရာက ပိုမိုပြတ်သား၊ ပိုမိုတောက်ပသည့် ဓာတ်ပုံများကို ရယူပေးနိုင်သလို 2MP Macro lens ကလည်း အနုစိပ်ကျသည့်အနီးကပ်ရိုက်ချက်များအတွက်ပြီးပြည့်စုံစေမှာဖြစ်သည်။ Landscape (မြင်ကွင်းကျယ်ပုံများ)၊ Portrait (အလှပုံများ)၊ Macro shot (အနီးကပ်ရိုက်ချက်များ) အတွက် ဖန်တီးဖြစ်နိုင်စွမ်းအားတွေက အကန့်အသတ်မဲ့ဖြစ်ပါ လိမ့်မည်။

Photo Source https://www.realme.com/mm/

အလင်းရောင်နည်းပါးသည့်ပတ်ဝန်းကျင်အခြေအနေမျိုးမှာပင် ညအလှအပကို ဖမ်းယူနိုင်စေရန် Super Nightscape mode (အလွန်ကောင်းမွန်သောညအမှောင်ရိုက်ချက်) ကိုဖွင့်ပေးရန်သာလိုအပ်မည်ဖြစ်သည်။ AI စနစ်ထောက်ပံ့ပေးထားသည့် စိုပြေတောက်ပသောအရောင်အားဖြည့်မှုစနစ် (Chroma Boost) က ပိုမိုကြွတက်စိုပြေသောအရောင်များနှင့်အတူ ဟန်ချက်ညီပြည့်စုံသည့်ဓာတ်ပုံများကို ထုတ်ပေးနိုင်စေမည်ဖြစ်သည်။
ကြီးမားသော HD+ ရုပ်ထွက်အရည်အသွေးရှိမျက်နှာပြင်က realme C21Y ဖုန်းကိုနှစ်သက်သဘောကျသွားစေမည့် နောက်ထပ်အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ ဂိမ်းကစားနေစဉ် သို့မဟုတ် ဗွီဒီယိုကြည့်နေစဉ်အချိန်မျိုးတွင် Mini-Drop မြင်ကွင်းပြည့်မျက်နှာပြင်က ပိုမိုကြီးမားကျယ်ပြန့်သည့်အတွေ့အကြုံမျိုးကိုပေးစွမ်းစေနိုင်မည်ဖြစ်သည်။

Photo Source https://www.realme.com/mm/

realme စမတ်ဖုန်းတိုင်းသည် သေချာကျနသည့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုများကို ဖြတ်သန်းခံယူထားခြင်းဖြစ်သည်။ realme C21Y စမတ်ဖုန်းကလည်း realme အနေဖြင့် နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ကိုလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မိုဘိုင်ဖုန်းနယ်ပယ်တွင် စမတ်ဖုန်းအရည်အသွေးမြင့်မားစိတ်ချရမှုအာမခံချက်ဖြစ်သော TÜV Rheinland ၏ အသိအမှတ်ပြ မှုကိုရရှိထားသည်နှင့်အညီ realme C21Y က သုံးစွဲသူများအတွက် ပိုမိုကြာရှည်ခံသော စမတ်ကျသည့်ဘဝကို လွတ်လပ်စွာနှစ်သက်ခံစားနိုင်စေရန်လုပ်ဆောင်ပေးစေမည်ဖြစ်သည်။
ယုံကြည်စိတ်ချရသော လက်ဗွေဖတ်စနစ်က လိုအပ်သည့်အချိန်တိုင်း ဖုန်းကို မြန်ဆန်လုံခြုံစွာဖြင့် ဖွင့်ပေးစေမည်ဖြစ်သည်။ SIM ကဒ် ၂ကဒ်ထိုးစနစ်နှင့်အတူ 256GB အထိသိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်စေမည့် MicroSD ကဒ်တစ်ကဒ်တို့ကို အသုံးပြုနိုင်စေမည်ဖြစ်သည်။ ကြီးမားသောလိုင်းဖြတ်မျဉ်းပုံစံဒီဇိုင်းက ဖတ်ရှင်ကျနကာလက်တွေ့ဆန်မှုရှိစေမှာဖြစ်ပြီး အထူးသဖြင့် လက်ဗွေရာထင်ခြင်းမှကာကွယ်ပေးစေသလို မြင်သာထင်သာရှိမှုကိုပါပေးစွမ်းစေမှာဖြစ်သည်။