OPPO က အမေရိကန်ဒေါ်လာ ၄၄၀,၀၀၀ ရင်းနှီးမြုပ်နှံမှုနဲ့အတူ ဆန်းသစ်တဲ့ နည်းပညာဆိုင်ရာ တီထွင်မှုတွေကို ဖိတ်ခေါ် မဲ့ 2023 Inspiration Challenge ကို စတင်မိတ်ဆက်

OPPO မှ Global Partner တွေဖြစ်တဲ့ Qualcomm Venture၊ GSMA 5G IN၊ Amazon Web Services ၊ LinkedIn တို့နဲ့အတူ OPPO Research Institute အနေနဲ့ 2023 OPPO Inspiration Challenge ကို World Smile Day တွင် စတင်မိတ်ဆက် ကြေညာခဲ့ပါတယ်။

OPPO နဲ့အတူ Global Technology Ecosystem Partner တွေဟာ “Inspiration Ahead” ဆိုတဲ့ ခံယူချက်အတိုင်း ရန်ပုံငွေ၊ ပံ့ပိုးမှုနှင့် မိတ်ဖက်အခွင့်အလမ်းတွေကို ဖန်တီးပေးခြင်းဖြင့် လူနေမှုဘဝအတွက် ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို ယူဆောင်လာဖို့ ရည်ရွယ်ပါတယ်။ ယခုလို အတူတကွ လက်တွဲလုပ်ဆောင်ခြင်းဖြင့် OPPO ဟာ ယင်းဆန်းသစ်တီထွင်မှုတွေဟာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ယူဆောင်လာနိုင်ပြီး Global Community တွေအပေါ် သက်ရောက်မှုရှိတဲ့ ပြဿနာရပ်တွေဆိုင်ရာ အသိပညာပေးမြှင့်တင်နိုင်ဖို့ မျှော်လင့်ပါတယ်။

Image: OPPO

“OPPO အနေနဲ့ ‘Virtuous Innovation’ ဆိုတဲ့ ခံယူချက်ကို လေးလေးနက်နက် ကိုင်စွဲယုံကြည်ထားပါတယ်။ လူတွေကို ဦးစားပေး ရှေ့တန်းတင်တဲ့ နည်းလမ်းနဲ့ နည်းပညာအသစ်တွေကို ဆက်လက်စူးစမ်းလေ့လာရင်း ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကျန်းမာရေး၊ လက်လှမ်းမီနိုင်မဲ့ နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ Global ပြဿနာရပ်တွေကြောင့် တစ်ကိုယ်ရည်စာ ကိုယ့်အားကိုယ်ကိုးရုံနဲ့ အဖြေရှာဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က နည်းပညာရဲ့ စွမ်းအားကို အသုံးပြုပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးဖို့ စိတ်တူကိုယ်တူ တီထွင်ဆန်းသစ်သူတွေကို မြှင့်တင်ပေးမဲ့ Inspiration Challenge ကို စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်” ဟု OPPO ရဲ့ Head of Research Institute အကြီးအကဲက ပြောကြားခဲ့ပါတယ်။

2023 OPPO Inspiration Challenge အတွက် လျှောက်လွှာများကို မေလ ၈ ရက်မှ ဇွန်လ ၃၀ ရက်နေ့အတွင်း စတင် လက်ခံသွားမည်ဖြစ်ပြီး ဘန်ကောက်မြို့၊ ဘော့စတွန်မြို့နဲ့ ရှန်ကျန်းမြို့တွေမှာ ဒေသဆိုင်ရာ သရုပ်ပြပွဲ သုံးခုကို သြဂုတ်လ အစောပိုင်းမှာ ကျင်းပသွားမည်ဖြစ်သည်။ ဩဂုတ်လကုန်မှာ ကျင်းပမဲ့ Global နောက်ဆုံးသရုပ်ပြပွဲ မတိုင်မီ OPPO အမှုဆောင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ တွေ့ဆုံကာ Proposal တွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဒေသဆိုင်ရာ သရုပ်ပြပွဲတစ်ခုစီကနေ ဆန်ကာတင် စာရင်းဝင်သူတွေကို Inspiration Challenge Acceleration Camp သို့ ဖိတ်ကြားသွားမှာဖြစ်ပါတယ်။

ယခုနှစ် OPPO Inspiration Challenge အတွက် Proposal အားလုံးကို “ဖြစ်နိုင်ခြေ၊ နည်းပညာဆန်းသစ်မှု၊ ရေရှည်အလားအလာ ကောင်း၊ မကောင်း နဲ့ လူမှုရေးဆိုင်ရာ တန်ဖိုးများ” ဆိုတဲ့ စံနှုန်းလေးခုအပေါ် အခြေခံ၍ အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်သည်။ ဒေသတွင်း သရုပ်ပြပွဲများက အရည်အချင်းပြည့်မီသော Proposal စုစုပေါင်း ၁၅ ခုကို Global နောက်ဆုံးဆန်ခါတင်များအဖြစ် ရွေးချယ်မည်ဖြစ်ပြီး ဆုရတဲ့ Proposal ၅ ခုကို Global နောက်ဆုံး သရုပ်ပြပွဲတွင် ပါဝင်ရန် ရွေးချယ်မည်ဖြစ်ကာ တစ်ဖွဲ့စီကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဆုငွေချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Image: OPPO

ဒေသတွင်း စိန်ခေါ်မှုတစ်ခုစီအတွင်း Proposal ၁၅ ခု ပါဝင်တဲ့ ကမ္ဘာတစ်ဝန်းရှိ Proposal ၄၅ ခုအတွက် Partnership အခွင့်အလမ်းများ ဖွင့်လှစ်ပေးလျက်ရှိနေတဲ့အပြင် အောက်ပါအတိုင်း အကန့်အသတ်မရှိ ပါဝင်နိုင်ပါတယ်။

  • ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများ – အကောင်ထည်ဖော်ရန် ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉၀,၀၀၀ ကို ပူးပေါင်းအဖြေရှာ အကောင်အထည်ဖော်ရာတွင် မတည်မှာ ဖြစ်ပါတယ်။
  • မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေ
  • Global နည်းပညာပွဲတွေမှာ ပါဝင်ပြသရန် အခွင့်အလမ်းတွေ
  • Amazon Web Services က Cloud ဝန်ဆောင်မှုနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု ရရှိမဲ့ အခွင့်အလမ်းတွေ

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့  OPPO Inspiration Challenge တွင် ‘Accessible Technology’ နဲ့ ‘Digital Health’ ပိုင်းတွင် အဓိက အခက်အခဲ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆန်းသစ် တီထွင်သူတွေထံကနေ Proposal ပေါင်း ၅၃၆ ခုကို စုဆောင်းခဲ့သည်။ OPPO ဟာ ယင်း Proposal တွေကို ရုပ်လုံးပေါ် အကောင်အထည်ဖော်ရန် အဆိုပါ အဖွဲ့ ၁၈ ဖွဲ့နဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့ကို OPPO INNO DAY 2022 နဲ့ MWC 2023 ကဲ့သို့သော ကမ္ဘာ့ပလက်ဖောင်းများတွင် ပြသနိုင်ခဲ့ပါတယ်။

Inspiration for People: – ဒစ်ဂျစ်တယ်ကျန်းမာရေးအတွက် ဆန်းသစ်တဲ့ ဖြေရှင်းချက်တွေနဲ့ လက်လှမ်းမီ သုံးစွဲနိုင်တဲ့ နည်းပညာ

ယခု ကဏ္ဍအမျိုးအစားဟာ ဒစ်ဂျစ်တယ်ကျန်းမာရေးနဲ့ လက်လှမ်းမီနိုင်တဲ့ နည်းပညာဆိုင်ရာ နည်းပညာများ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ကြိုဆိုဖိတ်ခေါ်ဆိုမှုတစ်ရပ်ဖြစ်ပါတယ်။ ထို ကဏ္ဍတွင် ကျန်းမာရေးဆိုင်ရာ Algorithm တွေဖြစ်တဲ့ Hardware Sensor ဆန်းသစ်တီထွင်မှုတွေ ပါဝင်ပါတယ်။ ဥပမာ သက်ကြီးရွယ်အိုတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ နည်းပညာတွေဖြစ်တဲ့ နေ့စဉ်ကျန်းမာရေးစောင့်ကြည့် ကိရိယာတွေမှာ အဆင့်မြင့်အာရုံခံကိရိယာအသစ်တွေ ထည့်သွင်းခြင်း၊ ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ကြည့်ခြင်းအတွက် ဆန်းသစ်တဲ့ ထုတ်ကုန်တွေ၊ သုံးစွဲနိုင်မှု အထောက်အကူပြု နည်းပညာတွေ ပါဝင်ပါတယ်။ ဒီကဏ္ဍအမျိုးအစားရဲ့ အဓိကပစ်မှတ်ကတော့ နည်းပညာကို လူတိုင်းလက်လှမ်းမီနိုင်စေဖို့နဲ့ အကျိုးကျေးဇူး ရရှိစေဖို့ဖြစ်ပါတယ်။

Image: OPPO

Inspiration for the Planet: သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ကာဗွန်လျှော့ချတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင် ဖြေရှင်းချက်

၂၀၅၀ ပြည့်နှစ် ၎င်း၏ လုပ်ငန်းဆောင်တာတွေမှာ ကာဗွန်ပါဝင်မှု အပြည့်အဝ ထိန်းချုပ်သွားမဲ့ OPPO ရဲ့ ကတိကဝတ်နဲ့ အညီ ဒီကဏ္ဍအမျိုးအစားဟာ Consumer Electronics ပစ္စည်းတွေမှာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ကာဗွန်ပါဝင်မှုနည်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို ပါဝင်အသုံးပြုရန် ကြိုဆို ဖိတ်ခေါ်လျက်ရှိပါတယ်။ ယင်းတွင် Renewable Energy ဆိုင်ရာ ရေရှည်တည်တံ့တဲ့ ပစ္စည်းတွေနဲ့ ထုပ်ပိုးမှု၊ Green Production လုပ်ငန်းစဉ်တွေ၊ အီလက်ထရွန်နစ်ထုတ်ကုန်တွေ ပြန်လည်အသုံးပြုခြင်း၊ ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုတွေ အသီးသီးပါဝင်ပါတယ်။

2023 OPPO Inspiration Challenge အတွက် ကမ္ဘာအနှံ့မှ ပြိုင်ပွဲဝင်လျှောက်လွှာများကို မေလ ၈ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ လက်ခံသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအစီအစဉ်အကြောင်းပိုမိုလေ့လာဖို့ သို့မဟုတ် စာရင်းသွင်းဖို့အတွက် Official Webpage ဖြစ်တဲ့ https://www.oppo.com/en/proposal/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။