PUBG MOBILE တွင် ၁၅ မိနစ်အတွင်း CHICKEN DINNERS စားနိုင်သော LIVIK MAP အသစ် မိတ်ဆက်

PUBG MOBILE မှ ပထမဆုံးအကြိမ်အဖြစ် Mobile Version တွင်သာ ရရှိနိုင်သော Battle Royale Map အသစ်ဖြစ်သည့် Livik Map ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။
Map အသစ်ဖြစ်သော Livik တွင် ယခင်က Map များနှင့် မတူညီဘဲ အံသြစရာကောင်းပြီး ခမ်းနားသည့် Nordic Scenery ကို Battleground Theme အနေဖြင့် အသုံးပြုထားသည်။ ယခုမိတ်ဆက်လိုက်သည့် အဆိုပါ Livik Map သည် 0.19.0 Content Update ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး iOS နှင့် Android ဖုန်းများအတွက် အခမဲ့ ဒေါင်းလုဒ်ရယူနိုင် မည်ဖြစ်သည်။
Livik Map အသစ်တွင် 2×2 kilometers အတွင်းတွင် အဓိက ဝင်ရောက်ကစားသူ ၅၂ ယောက်ဖြင့် ၁၅ မိနစ်အတွင်း Chicken Dinner စားနိုင်မည့် အခွင့်အရေးကိုလည်း ထည့်သွင်းပေးထားသည်။ ထို့အပြင် Livik မှ Map-exclusive Gear နှင့် Vehiclesများဖြစ်သည့် P90 Sub-machinegun, Mk12 Marksman Rifle နှင့် Monster Truck Vehicle များကိုလည်း ထည့်သွင်းမိတ်ဆက်ပေးထားသည်။ Livik Map အသစ်သည် ၎င်း၏ Beta Stage (စမ်းသပ်အသုံးပြုဆဲကာလ) တွင် ရှိနေဆဲဖြစ်ပြီး ဂိမ်းဆော့ရသည့် အတွေ့အကြုံ ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆက်လက်ပြီး Update လုပ်သွားမည်ဖြစ် သည်။

Photo Source https://web.facebook.com/PUBGMOBILELITE/

Update အဖြစ် ထွက်ရှိလာသော 0.19.0 Version တွင် ပိုမိုကောင်းမွန်သော ဆန်းသစ်မှုများကို အောက်ပါအတိုင်း ရရှိနိုင်မည်ဖြစ်သည်။
Bonfire Mode Gameplay
Erangel နှင့် Miramar zone သို့ သွားမည့် ကစားသမားများသည် မြေပုံအတွင်းတွင် ထူးခြားသော Item (၃) ခု ကို ရှာဖွေတွေ့ရှိနိုင်သော ဂိမ်းအမျိုးအစားအသစ်ကို ကစားနိုင်မည်ဖြစ်သည်။ ရုပ်ထုငယ်လေး (Small Statues) များကို မီးရှို့ခြင်းဖြင့် အထောက်အပံ့ပစ္စည်း (Supplies) များနှင့် အခြား အထူး Item များကို ရရှိနိုင်မည် ဖြစ်သည်။ ရုပ်ထုကြီးများမှာ ဆောက်လုပ်မှုပုံစံ အဆင့်ဆင့်ရှိပြီး အရှိန်ရလာသည်နှင့်အမျှ ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့နောက် နောက်ဆုံးအဆင့်တွင် မီးလောင်သွားမည်ဖြစ်သည်။ နောက်ဆုံးတစ်ခုအနေနှင့် ရုပ်ထုများ အနီးအနားတွင် Statue Camp များ ရှိမည်ဖြစ်ကာ ထိုရွက်ဖျင်တဲများထဲတွင် Supplies များကို ရှာဖွေရယူနိုင်မည်ဖြစ်သည်။
Livik Firearm Special Training Event
Event ကာလအတွင်းတွင် ကစားသမားများသည် Livik Map အနီးတွင် အထူးလက်နက်များ ပါဝင်သော စမ်းသပ် လက်နက်သေတ္တာများ (Experimental Trial Weapon Crates) ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ နာမည်၊ Icon နှင့် Finishes (တန်ဆာပလာ) အသစ်များအပြင် မူရင်းလက်နက်များထက် ပိုမိုအားကောင်းသော အစွမ်းသတ္တိများ ပါဝင်သောကြောင့် တိုက်ခိုက်ရာတွင် မရှိမဖြစ် လိုအပ်သော အားသာချက်များလည်း ရရှိနိုင်သည်။

Photo Source https://web.facebook.com/PUBGMOBILELITE/

Cheer Park
ကစားသမား အယောက် ၂၀ အထိ တစ်ချိန်တည်း ဆက်သွယ်နိုင်သော လူကြိုက်များသည့် Social Area“Cheer Park” တွင် Feature အသစ်များဖြစ်သည့် ပစ်ခတ်မှု အကွာအ‌ဝေး (Shooting Range) အတွင်းတွင် ကတုတ်ကျင်းများ (Treches) ထားရှိပေးခြင်း၊ မီးပုံးပျံများတွင် Launcher များ ထည့်သွင်းပေးထားခြင်း၊ Bubble Emotes ပုံစံအသစ်များ ရရှိခြင်း စသည်တို့ ပါဝင်သည်။ ကစားသမားများသည် နှစ်ယောက်ချင်း (သေနတ်ဦးစားပေး) ထိပ်တိုက် ပစ်ခတ်ခြင်း (Firearm-specific Quick Draw Duel) ပုံစံအသစ်ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ပြီး အပစ်အခတ်ကျွမ်းကျင်မှုအတွက် လေ့ကျင့်နိုင်ရန် အဆင့်မြင့် Challenge များတွင်လည်း ပါဝင်နိုင်မည်ဖြစ်သည်။
အောက်ပါ Features များသည်လည်း 0.19.0 Update ၏ ထပ်တိုးအစိတ်အပိုင်းများဖြစ်သည်။
-New Arena Attachment – ကစားသမားများအနေနှင့် Sniper ရိုင်ဖယ်၊ ရိုင်ဖယ်များနှင့် SMGs များအတွက် Barrel Extender Muzzle အသစ်များကို အသုံးပြုလာနိုင်မည်ဖြစ်သည်။ အဆိုပါ လက်နက်များ တပ်ဆင်အသုံးပြုနိုင်မှုကြောင့် သေနတ်အကွာအဝေးကို တိုးစေနိုင်ပြီး နေရာအကွာအဝေးကြောင့် ပျက်စီးမှုကို လျော့နည်းစေသည်။
-Season Warmup Event – Season 13 အကုန်တွင် ကစားသမားများအနေဖြင့် Classic Mode အဆင့်ရှိ (၄) ယောက်တစ်သင်းအဖွဲ့များတွင် စာရင်းသွင်းနိုင်ပြီး Season 14 အတွက် ပွိုင့်မှတ်များ ရရှိနိုင်သည်။
-Basic Combat Balances – Pick Up tab, Combat Operation Settings, Parachuting Gauge Display နှင့် တခြားသော အရာများကိုလည်း ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် တိုးမြှင့်မှုများ ပြုလုပ်ထားသည်။
-Miscellaneous Improvements – System Features များ Radio Messages, Vouchers, Guncraft system, Firearm Attachment Finish Features, Download Speeds, Achievements နှင့် Achievement Rankings, Clan Classification, Ace Badge Features, Settings Features နှင့် Brothers in Arms များ အားလုံးကို ပြုပြင်မှုများ ပြုလုပ်ပြီး ပိုမိုကောင်းမွန်အောင် တိုးမြှင့်မှုများလည်း ပြုလုပ်ထားသည်။

Photo Source https://web.facebook.com/PUBGMOBILELITE/

ယခုပြောင်းလဲမှုများအပြီးတွင် အသစ်ထပ်မံထွက်ရှိလာမည့် PUBG MOBILE Ancient Secret Special Mode၊ Team Gun Game နှင့် Royale Pass Season 14 နှင့်ပတ်သက်သည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ် ကြောင်းသိရသည်။
PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း (Mobile Game) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခုဖြစ်သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။