Visa သုံးစွဲသူ ၇၂ ရာခိုင်နှုန်းသည် Contactless ကတ်ဖြင့် ငွေပေးချေမှုပြုလုပ်ရန် စိတ်ဝင်စားကြကြောင်း Visa မှ စစ်တမ်းထုတ်ပြန်

ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa မှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ မြန်မာနိုင်ငံသား သုံးစွဲသူ ၄ ဦး လျှင် ၃ ဦး (၇၂ ရာခိုင်နှုန်း) ခန့်သည် Contactless ကတ်ဖြင့် ငွေပေးချေမှုများ ပြောင်းလဲလုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိချက်ကို Visa မှ စစ်တမ်းတစ်ရပ်ထုတ်ပြန်ခဲ့သည်။
ဤအချက်များသည် Visaမှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်) အပေါ် အခြေခံထားခြင်းဖြစ်ပြီးငွေပေးချေမှုဆိုင်ရာ အလေ့အကျင့်များနှင့်သဘောထားများ အပါ အဝင် ငွေပေးချေမှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော အကြောင်းအရာများကို စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ် သည်။
လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူထက်ဝက်ကျော် (၅၂ ရာခိုင်နှုန်း) ခန့်သည် Contactless ကတ်များဖြင့်ငွေပေးချေမှုကို သိရှိကြကြောင်း တွေ့ရှိခဲ့ပြီး အဆိုပါ အချက်သည် ပြီးခဲ့သောနှစ်က ၁၀ ရာခိုင်နှုန်းသာရှိခဲ့သည်။

Photo Source https://web.facebook.com/VisaMM/

“ဒစ်ဂျစ်တယ်ငွေပေးချေမှုဟာ စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုအတွက် ဘယ်တုန်းကမှ ယခုအချိန်လောက် အဓိကမကျခဲ့ပါဘူး။ ငွေအသွားအလာလှုပ်ရှားမှုတွေ တိုးတက်လာတာဟာ ဆန်းသစ်တီထွင်မှုတွေအတွက် အထောက်ကူပစ္စည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပိုမို ချိတ်ဆက်နိုင်မှု၊ အားလုံးပါဝင်မှုနဲ့ လက်ခံမှုတွေဟာ အင်မတန်အရေးကြီးပါတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းမှာ ဦးဆောင်သူအနေနဲ့ ကျွန်မတို့ဟာ မြန်ဆန်၊ အဆင်ပြေပြီး လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို တိုးချဲ့ဖို့ နည်းလမ်းတွေ ရှာဖွေနေစဉ်မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အသုံးပြုသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်ငွေပေးချေမှုရဲ့ အကျိုးကျေးဇူးတွေကို နားလည်သဘောပေါက်လာအောင် ကူညီဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားပြီးဖြစ်ပါတယ်” ဟု Visa Myanmar မှ Country Manager ဖြစ်သူ Lillian Wang က ပြောကြားသည်။
ဖြေဆိုသူများသည် Contactless ကတ်များကို အများဆုံးအသုံးပြုကြသည့် နေရာများအနေဖြင့်ပြည်ပခရီးသွားရာတွင် အများဆုံးအသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြပြီးထို့နောက်တွင် စူပါမားကက်များနှင့် စားသောက်ခြင်းများအတွက် စသည်ဖြင့် အသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြသည်။

Photo Source https://web.facebook.com/VisaMM/

ထို့အပြင် ဤလေ့လာမှုတွင် အသက်အပိုင်းအခြားအလိုက် အသုံးပြုမှုကိုလည်း လေ့လာတွေ့ရှိခဲ့သည်။ တွေ့ရှိချက်များအရ ပိုမိုငယ်ရွယ်သော ဖြေဆိုသူ Gen-Y (အသက် ၂၅ မှ ၃၉ နှစ်) များသည် ငွေကြေးကိုင်ဆောင်မှုကိုရှောင်ရှားလိုကြောင်း ဖြေဆိုခဲ့ကြပြီး အဆိုပါ အခြေအနေသည် ဖြေဆိုသူ Gen-X (အသက် ၄၀ မှ ၄၅ နှစ်) များထက် ၄ ဆ ပိုမိုများပြားသည်။ (Gen-Y – ၄ ရာခိုင်နှုန်း နှင့် Gen-X – ၁ ရာခိုင်နှုန်း)။Gen – Y (အသက် ၂၅ မှ ၃၉ နှစ်) များသည် Contactless ကတ် အကြောင်းကို (၅၂ ရာခိုင်နှုန်း) ၊ မိုဘိုင်း Contactless ငွေပေးချေမှုများအကြောင်းကို (၃၉ ရာခိုင်နှုန်း) သိရှိကြကြောင်း ဖြေဆိုခဲ့ကြသည်။ Gen-X (အသက် ၄၀ မှ ၄၅ နှစ်) များသည်လည်း Contactless ကတ် အကြောင်းကို (၄၀ ရာခိုင်နှုန်း) သိရှိကြကြောင်း ဖြေဆိုခဲ့ပြီး မိုဘိုင်း Contactless ငွေပေးချေမှုများအကြောင်းကို (၂၆ ရာခိုင်နှုန်း) သိရှိကြကြောင်း စသည်ဖြင့် ဖြေဆိုခဲ့ကြကာ ၎င်းတို့အနေဖြင့်လည်း အဆိုပါ Contactless နည်းပညာနှစ်ခုစလုံးအကြောင်း သိရှိကြောင်း သိသာထင်ရှားစွာ ဖြေဆိုခဲ့ကြသည်။
ငွေသားကိုင်တွယ်ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်များ (Cashless Payment Methods) ကို အသုံးပြုသူ ၅ ဦးအနက်
၃ ဦး(၆၂ ရာခိုင်နှုန်း) သည် လာမည့်နှစ်တွင် ထိုစနစ်ကို ပိုမိုအသုံးပြုသွားကြလိမ့်မည်ဟု မျှော်လင့်သည်။ ယင်းကို ဖြစ်ပေါ်စေသည့် အကြီးမားဆုံးအချက်များမှာ အသုံးပြုသူများ၏ သုံးစွဲရခြင်း အဆင်ပြေမှု (၃၆ ရာခိုင်နှုန်း)၊ ငွေသားကိုင်တွယ်ပေးချေရန်မလိုသော ရွေးချယ်မှုအပေါ် ကျယ်ပြန့်စွာ လက်ခံမှု (၂၈ ရာခိုင်နှုန်း)၊ ငွေသားကိုယ်တွယ်ပေးချေမှုအပေါ်ဆန္ဒလျော့ကျလာမှု (၂၀ ရာခိုင်နှုန်း) စသည့် လှုံ့ဆော်ချက်များကြောင့်ဖြစ်သည်။
လေ့လာဆန်းစစ်မှု စစ်တမ်းကောက်ယူချက်များအရ ဝင်ရောက်ဖြေဆိုသူ ၄ ဦးအနက် ၁ ဦး (၂၃ ရာခိုင်နှုန်း) ခန့်သည် ၎င်းတို့၏ နေ့စဉ် လူမှုဘဝတွင် ငွေသားကိုင်တွယ်ဖြေရှင်းမှုကို ရပ်တန့်ပြီး ငွေသားကိုင်တွယ်ပေးချေရန် မလိုသော စနစ်များအပေါ် ကြိုးစားမှီခိုနေထိုင်ခဲ့ကြသည်။ ယင်းစနစ်အသုံးပြုသူ ၁၀ ဦးတွင် ၈ ဦး (၈၀ ရာခိုင်နှုန်း) သည် တစ်ရက် သို့မဟုတ် ရက်ပေါင်းအနည်းငယ်အထိ အဆင်ပြေစွာ နေထိုင်နိုင်ခဲ့ကြသည်။ ၁၂ ရာခိုင်နှုန်းသည် ငွေသားကိုင်တွယ်ပေးချေရန် မလိုသော စနစ်များဖြင့် တစ်လပြည့်အောင် မနေထိုင်နိုင်ခဲ့သော်လည်း တစ်ပတ် သို့မဟုတ် တစ်ပတ်နှင့် အထက် ပို၍ နေထိုင်နိုင်ခဲ့ကြသည်။ အခြားသော ၈ ရာခိုင်နှုန်းမှာ အဆိုပါစနစ်များတွင် တစ်လ သို့မဟုတ် တစ်လထက်ပို၍ နေထိုင်နိုင်ခဲ့ကြသည်။

Photo Source https://web.facebook.com/VisaMM/

လေ့လာဆန်းစစ်မှုများအနက် စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းတစ်ခုမှာ မြန်မာနိုင်ငံအနေဖြင့် ငွေသားလုံးဝကိုင်တွယ်ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်များဖြစ်လာရန် မည်မျှကြာရှည်မည်နည်းဆိုသည့် အကြောင်းအရာအပေါ်ဖြေဆိုသူ မြန်မာနိုင်ငံသားများ၏ ယုံကြည်ချက်ပင်ဖြစ်သည်။ ယခုအကြိမ် လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူ ၄၂ ရာခိုင်နှုန်းသည်
၆ နှစ်မှ ၁၀ နှစ်အတွင်း၊ ၂၁ ရာခိုင်နှုန်းသည် ၂ နှစ်မှ ၅ နှစ်အတွင်း၊ ၂ ရာခိုင်နှုန်းသည် ၁ နှစ်အတွင်းပင် မြန်မာနိုင်ငံသည် ငွေသားကိုင်တွယ်ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်လာလိမ့်မည်ဟု အသီးသီး ယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြသည်။
“အဆင့်မြင့် ငွေပေးချေမှုစနစ်နည်းပညာ တိုးတက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဒီဂျစ်တယ်စီးပွားရေးပေါင်းစည်းမှုကို အရှိန်မြှင့်တင်ပေးနိုင်သလိုကျွန်မတို့အတွက်လည်း စားသုံးသူတွေရဲ့ ငွေပေးချေမှုဆိုင်ရာ သဘောထားများနှင့် လုပ်ဆောင် လိုတဲ့ ငွေပေးချေမှုပုံစံတွေကို နားလည်သိရှိရန်ကလည်း အရေးကြီးပါတယ်။ ကျွန်မတို့အနေနဲ့ ဒီလေ့လာဆန်းစစ်ချက် တွေကနေတွေ့ရှိချက်တွေကို မျှဝေနိုင်တဲ့အခွင့်ထူးအတွက် များစွာဝမ်းမြောက်မိပြီး လေ့လာဆန်းစစ်ချက်တွေဟာ မြန်မာနိုင် ငံရဲ့ လူမှုရေးတိုးတက်မှုကို ဦးတည်စေမယ့် အတွေးအခေါ်အသစ်တွေ၊ အချက်အလက်အသစ်တွေ ဆက်လက်ရရှိနိုင်လိမ့် မယ်လို့မျှော်လင့်ပါတယ်” ဟု Lillian Wang က နိဂုံးချုပ် ထပ်မံပြောကြားသည်။