အသံထုတ်လွှင့်မှုအားကောင်းပြီး အသစ်ထွက်ရှိထားတဲ့ Oppo Enco Buds အကြောင်း

အသံထုတ်လွှင့်မှုအားကောင်းပြီး အသစ်ထွက်ရှိထားတဲ့ Oppo Enco Buds ဟာ တစ်ကြိမ်အားသွင်းပြီး ၂၄ နာရီကြာ သီချင်းနားဆင်နိုင်ခြင်းကြောင့်လည်း ဈေးကွက်ထဲမှာ လူကြိုက်များတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
OPPO Enco နားကြပ်ဖြင့် ၆ နာရီကြာ အသုံးပြုနိုင်ပြီး အားသွင်းဘူးထဲသို့ ပြန်ထည့်ရုံဖြင့် အလွယ်တကူအားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် ၁၅ မိနစ် အချိန်ပေးရုံဖြင့် နာရီပိုင်း အသုံးပြုနိုင်ခြင်း။
OPPO Enco နားကြပ်သည် ဘလူးတုကို အသုံးပြု၍ နားကြပ်နှစ်ဖက်လုံးမှ အသံထုတ်လွှတ်ပေးနိုင်သဖြင့် အဆင်ပြေမှုရှိစေပါတယ်။ နားနှစ်ဖက်ထံသို့ အသံ ထုတ်လွတ်သည့်ကြာချိန်ကို လျှော့ချပေးသောကြောင့် ပိုမိုတည်ငြိမ်သော အသံစနစ်ကို ရရှိစေပါတယ်။ ဒါ့အပြင် နားကြပ်ကိုလည်း မိမိကြိုက်သည့်ဘက်မှ စိတ်ကြိုက် ဝတ်ဆင် အသုံးပြုနိုင်အုံးမှာဖြစ် ပါတယ်။
OPPO Enco နားကြပ်ကို ၃ ကြိမ်တို့ရုံဖြင့် 80 ms ဒေတာပို့ဆောင်မှုကြာချိန်ကို အထူးလျှော့ချပေးသည့် ဂိမ်းမုဒ်ရရှိမည်ဖြစ်ပြီး အသံနှင့်ရုပ်ကို တထပ်တည်းညီအောင် ညှိပေးနိုင်စွမ်းရှိခြင်းကြောင့် အချိန်တိုအတွင်း ဂိမ်းကစားခြင်းတွင် နစ်မျော ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

Photo Source https://www.oppo.com/mm/accessories/enco-buds/

ဖုန်းခေါ်ဆိုမှု (သို့မဟုတ်) အသံချိတ်ဆက်မှု အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ရန်မလိုဘဲ စိတ်တိုင်းကျ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။ OPPO Enco နားကြပ်မှာ ပါဝင်တဲ့ ဘလူးတု 5.2 ချစ်ပ်က ချိတ်ဆက်မှုများအားလုံးကို တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးနိုင်သောကြောင့် အဆင်ပြေလွတ်လပ်နေစေမှာလည်းဖြစ်ပါတယ်။
DNN မော်ဒယ်အခြေခံ စမတ်နည်းစနစ်ကိုအသုံးပြုထားပြီး အသံကို ပတ်ဝန်းကျင်အသံများကြားမှ စစ်ထုတ်ယူပေးပါတယ်။ လူထူထပ်သော နေရာများတွင် ဖုန်းခေါ်ဆိုမှုပြုလုပ်စေကာမူ အခြားတဖက်လိုင်းတွင်ရှိသော မိမိနားဆင်လိုသောသူ၏အသံ ကိုသာ ရှင်းလင်းစွာ ကြားနာနိုင်မည်ဖြစ်သည် ဒါ့အပြင် OPPO Enco နားကြပ်သည် အားသွင်းဘူးကို ဖွင့်လိုက်ရုံဖြင့် အလိုအလျောက် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
OPPO Enco နားကြပ်က IP54 ရေစိုဒဏ်ခံနိုင်မှုပါဝင်တာကြောင့် မိုးပြေးလေးပဲဖြစ်ဖြစ်၊ ချွေးပျံအောင် ကိုယ်လက်လှုပ်ရှားတာမျိုးဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ Google Play Store app မှ HeyMelody app ဒေါင်းလုတ်ဆွဲ၍ နားကြပ်ကို စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။
ဝတ်ဆင်ရလွယ်စေရန် အင်ဂျင်နီယာဒီဇိုင်းဖြင့် တွက်ချက်ပုံဖော်ထားပြီး နားတစ်ဖက်လျှင် ၄ ဂရမ်အလေးချိန်သာရှိပါတယ်။ ရွေးချယ်ရန် စီလီကွန်ထိပ်ဖူး အရွယ်အစား ၃ မျိုးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဓိကအနေဖြင့် OPPO Enco နားကြပ်၏ ထူးခြားမှုမှာ ဝတ်ဆင်ရ သက်သောင့်သက်သာရှိခြင်းပဲဖြစ်ပါတယ်။
သပ်ရပ်လှပစွာ ဒီဇိုင်းပုံဖော်ထားသော အားသွင်းဘူးပုံစံနဲ့ ရွှန်းစိုတောက်ပသော နားကြပ်ကိုယ်ထည်ကလေးက နေရောင်အောက်တွင် တလက်လက်တောက်ပနေသော ကမ်းခြေကဖန်ကျောက်တုံးကဲ့သို့ ဝတ်ဆင်ချင်အောင် ဆွဲဆောင်မှုရှိ စေပါတယ်။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.oppo.com/mm/accessories/enco-buds/