ခေတ်အမီဆုံး ဒီဇိုင်းဖြင့်အော်ဒီယိုလုပ်ဆောင်ချက်ကောင်းများပါဝင်တဲ့ OPPO Enco Free

OPPO Enco Free နားကြပ်ကို စမတ်ဖုန်းနှင့် ကိုက်ညီလိုက်ဖက်မှုရှိအောင် အကောင်းဆုံး ဒီဇိုင်းရေးဆွဲထားပြီး နေ့စဉ်နား ဆင်အသုံးပြုရာတွင် ကြုံတွေ့နိုင်သည့် အနေအထားအားလုံးကို ထည့်သွင်းစဉ်းစားကာ ပုံဖော်ထားခြင်းဖြစ်သည်။ ဂိမ်းဆော့ကစားခြင်းနှင့် ဗီဒီယိုကြည့်ခြင်းတို့အတွက် ပိုမိုကောင်းမွန်လာရုံမျှမက ဖုန်းခေါ်ဆိုစဉ်ကာလအတွင်း မလိုအပ်သော ဆူညံသံများကို AI Uplink အသုံးပြု၍ ဖယ်ရှားနိုင်သောကြောင့် လွတ်လပ်ပေါ့ပါးစွာ ကြိုးမဲ့အနေအထားဖြင့် ဖုန်းနှင့် အကောင်းဆုံးဆက်သွယ် ချိတ်ဆက်ပေးသွားနိုင်မည်ဖြစ်သည်။
OPPO Enco Free နားကြပ်တွင် အခြေခံကျကျ ဒီဇိုင်းပြန်လည်ရေးဆွဲထားသော ခေတ်ရှေ့ပြေး အော်ဒီယိုကိုအသုံးပြုထား သည်။ Headphone နားကြပ်တစ်ခုအတွက် စပီကာသည် အသက်ပင်ဖြစ်သည်။ OPPO Enco Free တွင် အကောင်းတကာ့ အကောင်းဆုံး အော်ဒီယိုလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သော အလွန်လျင်မြန်သည် အမိုက်စား စပီကာကို ထည့် သွင်းပေးထားကာ အဆင့်မြင့်စတီဒီယိုကြီးများတွင် အသုံးပြုသည့် FPC နေရာချထားသည့် စနစ်တို့ ပေါင်းစပ်အသုံးပြု ထားသည်။ ၎င်းစနစ်တွင် ခေတ်မီနည်းစနစ်များဖြစ်သော သံလိုက် ဆားကစ်တစ်စုံ၊ တိုက်တေနီယံ အလွှာအုပ်ဆောင်း အတွင်းရှိ မဂ္ဂနေလီယံအလွှာအထပ်များပါဝင်သည်။ 

Photo source https://www.oppo.com/mm/accessory-headphone-oppo-enco-free/
OPPO ၏ ခေတ်ရှေ့ပြေးသော ဘလူးတူနားကြပ်သည် နားကြပ်နှစ်ဖက်လုံးဆီသို့ အသံကို ဘယ်နှင့်ညာ နှစ်ဖက်လုံးဆီ တပြိုင်နက် ပို့ဆောင်နိုင်သဖြင့် သင့်ကို စည်းချက်ညီသော သံစဉ်များကို သောတဆင်နိုင်အောင် ဆောင်ရွက်ပေးပါလိမ့်မည်။ ထို့အပြင် စနစ်တစ်ခုလုံးအား ကျယ်ကျယ်ပြန့်ပြန့် ချိန်ညှိအဆင့်မြှင့်တင်ပေးထားသဖြင့် ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ဖုန်းပြောဆိုခြင်းတို့တွင် နှောင့်နှေးကြန့်ကြာခြင်း၊ ထစ်ခြင်း၊ အံမဝင်ခြင်းနှင့် အခြားသော အနှောက်အယှက် များအားလုံးကို မဖြစ်ပေါ်စေဘဲ ကောင်းမွန်သော အသံအရည်အသွေးကို ရရှိစေမည်ဖြစ်သည်။
နားကြပ်နှစ်ဖက်လုံး တစ်ပြိုင်နက် ဘလူးတူးထုတ်လွှတ်နိုင်ခြင်း၊ စမတ်ဖုန်း ပလက်ဖောင်းများတွင် ကိုက်ညီမှုရှိခြင်း မည်သည့်အရပ်တွင် ရှိနေပါစေ ရှင်းရှင်းလင်းလင်း နားဆင်နိုင်မည်လည်းဖြစ်သည်။ မိုဘိုင်လ်းဖုန်းအသုံးပြုမှုနယ်ပယ်တွင် အချိန်နေရာမရွေး စိတ်ပူပန်မှု ကင်းဝေးစွာ ဖုန်းခေါ်ဆိုစေနိုင်မည်ဖြစ်သည်။ OPPO ၏ နည်းပညာမြင့် မိုက်ခရိုဖုန်းတစ်စုံတွင် ဆက်သွယ်လိုသော ဖုန်းရှိရာရေဒီယိုလှိုင်း ဦးတည်ထုတ်လွှတ်ပေးသော beam-forming နည်းပညာနှင့် ဆူညံသံများမှ စစ်ထုတ်ပေးနိုင်သော AI uplink ကိုအသုံးပြုထားသည့်အတွက် မည်သည့်နေရာပတ်ဝန်းကျင်သို့ ရောက်ရှိနေသည်ဖြစ်စေ သင့်အသံကို ပြင်ပအသံများနှောက်ယှက်ခြင်း မပြုနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။
OPPO Enco Free နားကြပ်ကို တို့ထိရုံဖြင့် ဖုန်းလက်ခံစကားပြောခြင်း၊ သီချင်းအဖွင့်အပိတ် ပြုလုပ်ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အသံအတိုးအလျော့နှင့် သီးချင်းပောင်းလဲခြင်းအတွက် နားကြပ်တွင် လက်ဖျားထိပ်ဖြင့် အပေါ်အောက် ဆွဲချဆွဲတင်ရုံဖြင့် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။
OPPO Enco Free ၏ နားကြပ်တံသည် လူ၏နားဖြင့် အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ ပြေပြစ်ချောမွေ့သော စီလီကွန်ရော်ဘာအရည်ကို အသုံးပြုထားပြီး နားကြပ်တစ်ခုတွင် ထူးခြားချက်၂ ခုပေါင်းစပ်မှုအဖြစ် နားနဲ့အံဝင်ခွင်ကျဖြစ်စေသော ပင်မနားကြပ်ခေါင်းနှင့် လေဝင်ထွက်ကောင်းအောင် ဆောင်ရွက်ပေးသော ဒုတိယနားကြပ် ခေါင်းတို့ပါဝင်သည်။ ထို့ကြောင့် နားကြပ်ကိုတပ်ဆင်ရာတွင် ဟန်ချက်ညီညီ၊ မြဲမြဲမြံမြံဖြင့် သက်တောင့်သက်သာရှိသော အတွေ့အထိကို ရရှိမည်ဖြစ်သည်။ Photo source https://www.oppo.com/mm/accessory-headphone-oppo-enco-free/
ကြိုးမဲ့နားကြပ်သည် ကြိုးတပ်နားကြပ်များကဲ့သို့ ကြိုးများရှုပ်ယှက်ခတ်ခြင်းမရှိပါ။ OPPO Enco Free ၏ ထိတွေ့ထိန်းချုပ်နိုင်သော မျက်နှာပြင်သည် ခေတ်ရှေ့ပြေးဆွဲဆောင်မှုရှိရုံမျှမက ထူးခြားတောက်ပသော ဒီဇိုင်းက ဆွဲဆောင်မှုအပြည့်ဖြင့် အများကြားတွင်ထင်ရှားစေမည်ဖြစ်သည်။ တွန်းသည့်ဘားတန်းခလုပ်များအားလုံးကို လှပသေသပ် စွာ ထွင်းထားပြီး ပိုမိုထူးခြားသော အမြင်ကို ရရှိစေရန် မီးအလင်းတန်းများဖြင့် ပုံဖော်ထားပါသည်။
Headphone နားကြပ်၏ အားသွင်းဗူးကို သယ်ဆောင်ရုံဖြင့် ၂၅ နာရီကြာ သီချင်းနားဆင်နိုင်ခြင်းနှင့် ၁၅ နာရီကြာ ဖုန်းခေါ်ဆိုမှုပြုနိုင်ပါသည်။ အားသွင်းဗူးမပါဘဲ ၅ နာရီကြာ သီချင်းဖွင့်ထားနိုင်ပြီး ၃ နာရီကြာ ဖုန်းခေါ်ဆိုမှုပြုနိုင်မည်ဖြစ်ပါသည်။ လျင်မြန်လွယ်ကူသော အားသွင်းစနစ်က သင်အကြိမ်မည်မျှ အသုံးပြုနားထောင်စေကာမှု တစ်နေ့တာအတွက် လုံလောက်သော အားသွင်းစနစ်က ပံ့ပိုးကူညီမည်ဖြစ်သည်။