3D ကိုယ်ထည် curves နှင့်အတူ 4030mAH ဘက်ထရီပါဝင်တဲ့ vivo Y1s 3GB

Vivo ၏ စမတ်ဖုန်းထုတ်ကုန်တွေထဲမှာ 3D ကိုယ်ထည် curves နှင့်အတူ 4030mAH ဘက်ထရီပါဝင်တဲ့ vivo Y1s 3GB ဖုန်းကလည်း ကောင်းမွန်တဲ့လုပ်ဆောင်ချက်များနှင့် ပြင်ဆင်ထုတ်လုပ်ထားပါသည်။ vivo Y1s 3G စမတ်ဖုန်း၏ ဖုန်းမျက်နှာပြင်အရွယ်အစားသည် ဖုန်းတစ်ခုလုံး၏ ၈၈.၆ ရာခိုင်နှုန်းဖြစ်ပြီး ၆.၂၂ လက်မ Halo FullView ™ Display ပါရှိသည်။ ဗီဒီယိုများနှင့်ဂိမ်းများ ဆော့သည့်အခါတွင်လည်း စွဲမက်ဖွယ်ကောင်းသော ခံစားချက်ကိုပေးသည်။ ဒါ့အပြင် Y1s သည် မျက်စိညောင်းညာမှုကို ကာကွယ်နိုင်ရန်အတွက် အန္တရာယ်ရှိသောအပြာရောင်အလင်းတန်းကို စစ်ထုတ်ပေးသည်။
vivo Y1s 3G စမတ်ဖုန်း၏ ပါးလွှာသော ခန္ဓာကိုယ်က စွဲမက်ဖွယ်ကောင်းတဲ့ 3D ကိုယ်ထည် curves နှင့်အတူ Y1s ကို လက်နှင့်ကိုင်တွယ်ရ အဆင်ပြေလွယ်ကူစေရန် ပြုလုပ်ထားသည်။ အထူ 161g နှင့် 8.28mm ရှိပြီး ကိုယ်ထည်ဒီဇိုင်း ပါးလွှာမှုကြောင့် လက်တဖက်တည်းဖြင့် ကိုင်တွယ်ရန် လွယ်ကူစေသည်။

Photo Source https://www.vivo.com/mm/

Olive Black သည် သစ်တောများမှ စိမ်းလန်းစိုပြေခြင်းကို ကိုယ်စားပြုသည်။ စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ဆောင်ချက် အသစ်နှင့်အတူ ပရီမီယံအရောင် ထုတ်လုပ်မှုနည်းစနစ်နှင့်တကွ အနက်နှင့်စိမ်းပြာရောင်အရင့်တို့ပါ ရောနှောနေပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော အမြင်အာရုံအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ vivo ၏အထူးသီးသန့်အလှအပ အသားပေးသည့် ပိုပြီးကောင်းမွန်သောအသားအရည် နှင့် အသားအရောင်အမျိုးမျိုးအတွက် အံဝင်ဂွင်ကျဖြစ်စေသည့် ရွေးချယ်စရာများကိုပေးထားခြင်းဖြစ်သည်။
vivo Y1s 3G စမတ်ဖုန်းတွင် 32GB internal ROM သည်ဓာတ်ပုံများ၊ ဖိုင်များနှင့် application များကို သိမ်းဆည်းရန် အတွက်ပေးသည်။ Y1s များသည် SD card နှင့်အတူ 256GB အထိတိုးချဲ့နိုင်ပြီး အံ့အားသင့်စရာများစွာဖြင့် ဆန်းသစ်စွာပြု လုပ်ထားသည်။ (မှတ်ချက်- ပြင်ပမှတ်ဉာဏ်အထောက်အပံ့အတွက် Micro SD ကဒ်ကိုသီးခြားဝယ်ယူရန်လိုအပ်သည်။ အမှန်တကယ်ရရှိနိုင်သော ROM သည် 32GB ထက်နည်းခြင်းမှာ operating system နှင့်ကြိုတင်ထည့်သွင်းထားသော app များသိုလှောင်ထားခြင်းကြောင့်ဖြစ်သည်။
vivo သည် Y1s ဖြင့် Face Access ကိုမိတ်ဆက်ပေးပြီး ဖုန်းအသုံးပြုသူ၏မျက်နှာကို မှတ်လိုက်သည်နှင့် တပြိုင်နက် ဖုန်းကို unlock ဖွင့်သည်။ ဖုန်းကို unlock ပြုလုပ်ခြင်းသည် နောက်ဘက်လက်ဗွေစကင်နာဖြင့် ပိုမိုအဆင်ပြေ လွယ်ကူစေသည်။ ယုံကြည်စိတ်ချရသောလုံခြုံမှုဖြင့် မိုဘိုင်းဆက်သွယ်မှုကို ရှင်းလင်းလွယ်ကူစေသည်။
Settings ထဲရှိ feature အသစ်သည် screen animations များကို စိတ်ကြိုက်ပြုလုပ်ရန် ရွေးချယ်စရာများစွာပေးသည်။ ဖုန်းကို unlockဖွင့်ခြင်း၊ မျက်နှာကိုမှတ်မိခြင်းနှင့် အခြားအပြန်အလှန်ဆက်သွယ်မှုများစွာ ပြုလုပ်ခြင်းတို့တွင် အသုံးပြုနိုင် သည်။ ညဉ့်နက်သည့်အခါ အမှောင်ထုဖြစ်နေသည့်နောက်ခံသို့ပြောင်းလဲနိုင်သည်။ ဘက်ထရီသက်တမ်း ကြာရှည်ခံပြီး အသုံးပြုသူတိုင်း ပိုမိုနှစ်သက်ဖွယ်ဖြစ်သည်။ ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ ၁၆၉၈၀၀ ကျပ်ဖြစ်သည်။

Photo Source https://www.vivo.com/mm/

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ vivo သည် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ် များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှု များမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး benfen*, vivo သည် ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါသည်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါသည်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivoသည် အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့သည်။