အကောင်းဆုံးအသွင်အပြင်နှင့် ရုပ်ထွက်အကောင်းဆုံးဖုန်း OPPO A15 ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ဝယ်ယူနိုင်

OPPO မှ အကောင်းဆုံး အသွင်အပြင်နှင့် မြန်ဆန်သော စမတ်ဖုန်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး ထူးခြားကောင်းမွန်သော Triple-Camera ပါဝင်သည့် ရုပ်ထွက်အကောင်းဆုံးဖုန်း OPPO A15 ကို မြန်မာနိုင်ငံတွင် မြန်မာငွေ ၁၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ Photo Source https://www.facebook.com/oppomyanmar/

OPPO A Series သည် ဈေးနှုန်းသက်သာ၍ စုံလင်သော စမတ်ဖုန်းလုပ်ဆောင်ချက်များပါဝင်ကာ ဆန်းသစ်သော ဒီဇိုင်းတို့ကြောင့် လူငယ်များအကြား ရေပန်းစားသည့်အလျောက် ယခုထွက်ရှိလာသည့် OPPO A15 သည်လည်း အခြားဖုန်းများနှင့် သူမတူဘဲ ကွဲပြားမှု၊ အထက်တန်းဆန်မှုနှင့် ပါးလွှာမှုတို့ကြောင့် ရွေးချယ်စရာ ဖုန်းကောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ OPPO A15 ကို ဖွဲ့စည်းတည်ဆောက်ပုံ နှစ်ခု၊ ခံစားမှု နှစ်ခုဖြင့် သုံးစွဲသူများ ရွေးချယ်ဝယ်ယူနိုင်စေရန် Dynamic Black အရောင်ကို Glossy ပုံစံဖြင့် လည်းကောင်း၊ Mystery Blue အရောင်ကို Matte ပုံစံဖြင့် လည်းကောင်း ဝယ်ယူရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ ၁၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်း ကောင်တာများနှင့် Shop.com.mm တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူအားပေးနိုင်ပြီဖြစ်သည်။ ထို့ပြင် OPPO A15 ဝယ်ယူသူများကိုလည်း Mytel 4GB Data Package ကို လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။
OPPO A15 ကို 7.9mm ဖုန်းအထူနှင့် အလေးချိန် 175g ဖြင့် ဈေးနှုန်းတူဖုန်းများထဲတွင် အပါးလွှာဆုံး ကိုယ်ထည်နှင့် အပေါ့ပါးဆုံး ဒီဇိုင်းဖြစ်အောင် ဖန်တီးထားသည်သာမက 6.52-inch အကြီးမားဆုံး Screen Size ဖြင့် ပြုလုပ်ထားသည်။ ကြီးမားသော 4230mAh ဘက်ထရီနှင့် OPPO A15 ၏ Cover ကို  0.3mm ဖြင့် ပါးလွှာအောင် ပြုလုပ်ထားပြီး 3D ကွေးသော ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားသောကြောင့် အကောင်းဆုံး Hand-feeling ကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်ပြီး အချိန် ကြာရှည်စွာ ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် Social Media အသုံးပြုဖြင်းတို့ကို အဆင်ပြေစွာ သက်သောင့်သက်သာ လုပ်ဆောင်နိုင်စေမည်ဖြစ်ကာ ဖုန်းကို ကြာမြင့်စွာ Standby ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် Rear Fingerprint Unlock လည်း ပါဝင်လာ၍ မြန်ဆန်သော Unlock ပြုလုပ်ခြင်း အတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။ Photo Source https://www.facebook.com/oppomyanmar/

OPPO A15 ၏ ထူးခြားချက်တစ်ခုမှာ ရုပ်ထွက်ကောင်းမွန်သော 13MP Main Camera၊ 2MP Macro Camera နှင့် 2MP Bokeh Camera ဟူ၍ Rear Triple Camera ပါဝင်လာခြင်းဖြစ်ပြီး 5MP Front Camera လည်းပါဝင်လာသည်။ အခြားကောင်းမွန်သော ကင်မရာလုပ်ဆောင်ချက်များ ဖြစ်သည့် Micro Lens၊ AI Beautification နှင့် AI Scene Enhancement တို့လည်း ပါဝင်လာသောကြောင့် သေးငယ်သော မြင်ကွင်းများနှင့် အရာဝတ္ထု များကို 4cm အနီးကပ် ရိုက်ချက်များ ရိုက်ကူးခြင်း၊ အသားရောင်နှင့် အသက်အရွယ်ကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာကာ Selfie ရိုက်ချက်များကို ဆွဲဆောင်မှုရှိစေရန် ပြုပြင်နိုင်ခြင်းနှင့် ပုံရိပ်များကို အရောင်ပိုမို စုံလင်၍ ကောင်းမွန်လှပလာစေရန် ဖန်တီးနိုင်မည်ဖြစ်သည်။
OPPO A15 တွင် 3GB RAM+ 32GB ROM Memory ပါရှိကာ 256GB Micro-SD အထိ အပိုထပ်ထည့်နိုင်အောင် ပံ့ပိုးထားသောကြောင့် သီချင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို စိတ်ကြိုက်သိမ်းထားနိုင်မည်ဖြစ်သည်။ MTK P35 Octa-core Processor ဖြင့် ပံ့ပိုးထားသော OPPO A15 သည် အရင် ဖုန်းမော်ဒယ်များထက် ၁၁.၁ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်လာပြီး ချောမွေ့မြန်ဆန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ မြန်မာငွေ ၁၉၉,၉၀၀ ကျပ်သာကျသင့်မည့် OPPO  A15 ကို အသုံးပြုရ လွယ်ကူချောမွေ့သော Android 10 အခြေခံထားသည့် အဆင့်မြင့် ColorOS 7.2 ကို ထည့်သွင်း ပြုလုပ်ထား၍ 3-Finger Screenshot၊ Dark Mode နှင့် Simple Mode လုပ်ဆောင်ချက်တို့ကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းသုံးစွဲရာတွင် အဆင်ပြေလွယ်ကူစေမည် ဖြစ်သည်။ OPPO A15 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO Myanmar Facebook Page တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။ Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက်  ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး  ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊  R&D Centers ၄ ခု၊  London မြို့တွင်  International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။