OPPO A15 စမတ်ဖုန်းမှ 13 MP AI Triple Rear Camera ၏ အသုံးဝင်မှုများ

OPPO A15 မှာပါဝင်တဲ့ AI နည်းပညာသုံး ကျောဘက်ကင်မရာသုံးလုံးသည် စိတ်ကူးထဲမှဓါတ်ပုံများရရှိအောင် အမှန်တကယ် စွမ်းဆောင်ပေးနိုင်သည်။ 13MP ရှိ ပင်မမှန်ဘီလူးက ရုပ်ပုံများကို ရှင်းလင်းပြတ်သားမှုရှိအောင် ပုံဖော် ပေးနိုင်ပြီး 2MP မိုက်ခရိုမှန်ဘီလူးက ရုပ်ပုံများကို အသေးစိပ်ကျကျ အနီးကပ်ဆွဲယူ ဖမ်းယူရိုက်ကူးပေးသည်။ ပြီးပြည့်စုံသော အလှဓါတ်ပုံရိုက်ကူးခြင်းအတွက် 2MP depth မှန်ဘီလူးမှ အကောင်းဆုံး ပုံဖော်ရိုက်ကူးပေးသည်။
5MP Front AI Beautification သည် အလှပြုပြင်ပေးခြင်းစနစ်ဖြစ်သည့်အတွက် OPPO A15 ဖြင့် Selfie ဓါတ်ပုံတိုင်း တမူထူးခြားသောအလှတရားများ ရရှိစေမည်ဖြစ်သည်။ ကျား/မ ခွဲခြားပေးခြင်း၊ အသက်အရွယ်၊ ဒေသနှင့် ဓလေ့ထုံးတမ်း ကိုလိုက်၍ မျက်နှာအား အလိုက်ဖက်ဆုံးဖြစ်မည့် အသားအရေနှင့် အရောင်ကို ရရှိအောင် ချိန်ညှိပေးနိုင်သည်။
Portrait Bokeh စနစ်သည် ရှေ့ကြည်နောက်ဝါးလုပ်ဆောင်ချက်သည် ဟက်ဝဲလ်အဆင့်မှာတွင်ပင် ရိုက်ကူးလိုသော အရာဝတ္ထုအား ပိုမိုရုပ်လုံးကြွစေပြီး အနောက်ဖက်ရှိ နောက်ခံအား သဘာဝကျကျ ဝေဝါးအောင် လုပ်ဆောင်ပေးသည်။ အနောက်ဖက်အလင်းရောင်ပေးချိန်တွင်ပင် HDR သည် ဆက်လက်ကြည်လင်ပြတ်သားနေမည်ဖြစ်ပြီး အနောက်ဖက် ပုံရိပ်များကိုလည်း အသေးစိတ်ကျကျ ပုံဖော်ဖမ်းယူရိုက်ကူးနိုင်စွမ်းရှိသည်။

Photo Source https://www.facebook.com/OPPOMyanmar

OPPO A15 စမတ်ဖုန်းသည် AI နည်းပညာသုံး၍ ရိုက်ကွင်းအလိုက် လှပအောင် ပုံဖော်ပေးနိုင်သော ရိုက်ကွင်းအမျိုးအစား ၂၁ မျိုး ခွဲခြားသတ်မှတ်ပေးနိုင်စွမ်းရှိပြီး တစ်ခုချင်းစီနှင့် လိုက်ဖက်မှုရှိအောင်ပုံဖော်ပေးနိုင်သောကြောင့် ပုံရိပ်များကို ပိုမိုကျစ်လစ်လှပစေမည်ဖြစ်သည်။ Macro Lens သည် ပန်းပွင့်ဖြစ်စေ၊ အစားအသောက်များဖြစ်စေ၊ အသေးငယ်ဆုံးသော ပုံရိပ်များကို 4cm အကွာအဝေးမှပင် ကြည်လင်ထင်ရှားမှုရှိအောင် အသေးစိပ်ရိုက်ကူးပေးနိုင်သည်။
ဖုန်းမျက်နှာပြင်အရွယ်အစားသည် 16.55cm ရှိပြီး မည်သည့်ဗီဒီယိုကိုမဆို ကျယ်ကျယ်ဝန်းဝန်းကြည့်ရှုနိုင်မည်ဖြစ်သည်။ နေရောင်အောက်မှာတွင်ပင် အရာအားလုံးကို ထင်ထင်ရှားရှား တွေ့မြင်နိုင်စွမ်းရှိသည်။ AI Brightness ဖြင့်လည်း စိတ်ကြိုက်အလင်းရောင်အနေအထားရရှိအောင် အလိုအလျောက်ချိန်ညှိပေးနိုင်စွမ်းရှိသည်။
3D နောက်ဖုံးနှင့် ပါးလွှာသောပုံစံရှိသည့် OPPO A15 သည် လှပရုံမျှမက လက်မလွှတ်တမ်းစွဲကိုင်ထားချင်အောင် ဆွဲဆောင်မှုရှိစေသည်။ ရွေးချယ်စရာ အရောင် ၂ ရောင်ဖြင့် ထုတ်လုပ်ထားသည်။ လက်ဗွေအာရုံခံစနစ်နှင့် AI နည်းပညာသုံး မျက်နှာပြင်ဖတ် ဖုန်းဖွင့်ခြင်းစနစ်တပ်ဆင်ထားသည့်အတွက် OPPO A15 ကိုအသုံးပြုရန် တစ်ချက်ထိရုံ သို့မဟုတ် အကြည့်တစ်ချက်သာ လိုအပ်မည်ဖြစ်သည်။ OPPO ၏ အဆင့်မြင့်နည်းပညာဖြစ်သော မျက်နှာအား မှတ်သား ခွဲခြမ်းစိပ်ဖြာပေးနိုင်သည့်စနစ်သည် မျက်နှာပေါ်ရှိ ထူးကြားသော အမှတ်အသား ၁၂၈ ခုကို မှတ်သားခွဲခြားပေးနိုင်ပြီး အလျှင်အမြန်လုပ်ဆောင်ပေးနိုင်စွမ်းရှိသည်။
OPPO A15 ကို တန်ဖိုးကြီးသည့် 32GB သို့လှောင်နိုင်စွမ်းနှင့် စတင်မှုပြုထားသည်။ ထိုပမာဏထက်ပိုမိုလိုအပ်ပါက 256GB အထိ သိုလှောင်နိုင်စွမ်းကို စိတ်ကြိုက်တိုးမြှင့်နိုင်သည်။ အစွမ်းထက်သည့် Octa-coee ပရော်ဆက်ဆာက ဂိမ်းကစားခြင်းနှင့် ကြည့်ရှုခြင်းတို့တွင် ကောင်းမွန်အေင် စွမ်းဆောင်ပေးနိုင်သည်။

Photo Source https://www.facebook.com/OPPOMyanmar

4230mAh ဘက်ထရီက တစ်နေ့တာအတွက် အပြည့်အဝ လုံလောက်မှုရှိနေမည်ဖြစ်ပသည်။ အားသွင်းဖို့ ရပ်တန့်စောင့်စား ရန်မလိုဘဲ အွန်လိုင်းမှတဆင့် HD ဗီဒီယိုများအား ၁၆ နာရီကြည့်ရှုနိုင်သကဲ့သို့ ၆ နာရီကြာ မနားတမ်းဂိမ်းဆော့ နိုင်မည်ဖြစ်သည်။ ညအိပ်ချိန်အတွင်း ပါဝါစားနှုန်းကို လျှော့ချပေးနိုင်စွမ်းရှိသည်။ အလင်းလျှော့ထားသော Dark Mode သည်လည်း အရေးပါမည့် အချက်အလက်များအား အလွယ်တကူတွေ့မြင်နိုင်အောင် စွမ်းဆောင်ပေးမည်။ Smart Sidebar ပါရှိသည့်အတွက် ဖိုင်များ ရယူခြင်း၊ ဖုန်းမျက်နှာပြင်အား ဓါတ်ပုံရိုက်ခြင်းနှင့် လက်ရှိအသုံးပြုနေသော app များကို အလွယ်တကူ ရယူအသုံးပြုနိုင်ခြင်း စသဖြင့် များစွာသော လုပ်ဆောင်ချက်များကို လျှင်လျှင်မြန်မြန် အလွယ်တကူ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဖုန်းကို လက်တစ်ဖက်တည်းဖြင့် အသုံးပြုချိန်တွင် အိုင်ကွန်များကို ဆွဲချုံ့နိုင်ခြင်းကြောင့် ဖုန်းအသုံးပြုရ လွယ်ကူအဆင်ပြေချောမွေ့စေမည့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။
OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။