ပေါ့ပါးပြီးလူငယ်ဆန်လွန်းတဲ့ သဘာဝကို ပုံဖော်ထားတဲ့ HUAWEI Y5p ရဲ့ထူးခြားချက်များ

ယခုနောက်ပိုင်း ထွက်ရှိလာတဲ့ Huawei ရဲ့စမတ်ဖုန်းတွေဟာ လူကြီး၊ လူငယ်အကြိုက် ဒီဇိုင်းတွေနဲ့ ယခင်ထက်များစွာ အရည်အသွေးပိုမိုကောင်းမွန်လာတာတွေ့ရပါတယ်။ အရောင်အားဖြင့်လည်း အမြင်ဆန်းစေသလို အသုံးပြုသူများအတွက် လည်း လွယ်ကူပေါ့ပါးစေပါတယ်။ Huawei ရဲ့ ထုတ်ကုန်တွေထဲမှာ Huawei Y5p ဟာဆိုရင်လည်း ပေါ့ပါးပြီး လူငယ်ဆန် လွန်းတဲ့ သဘာဝအလှတရားတွေနဲ့ ပေါင်းစပ်ထုပ်လုပ်ထားပါတယ်။
HUAWEI Y5p မှာ 5.45-inch HD bazel-less FullView Display1 အသုံးပြုထားပြီး ကြည်လင်ပြတ်သားသော အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ ကျစ်လစ်သိပ်သည်းတဲ့ကိုယ်ထည်က လက်တစ်ဖက်တည်းနဲ့ အသုံးပြုဖို့အတွက်ပါ အဆင်ပြေစေပြီး ကျယ်ပြန့်တဲ့မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

Photo Source https://consumer.huawei.com/mm

HUAWEI Y5p မှာ ပေါ်လွင်တောက်ပသော အရောင်အသွေးနဲ့ နူးညံ့လှပသော အရောင် (၃) မျိုးရရှိနိုင်ပါတယ်။ သေသပ် လှပချောမွေ့သော HUAWEI Y5p မှာ Midnight Black၊ Phantom Blue နဲ့ Mint Green စတဲ့အရောင်တွေနဲ့ ထုတ်လုပ်ထားပါတယ်။
HUAWEI Y5p မှာ 32 GB memory storage ပါရှိသည့်အပြင် nano SIM card ၂ ခုနှင့် 512 GB2 အထိထည့်သွင်းနိုင်သော SD card တို့အသုံးပြုနိုင်သည့် slot ၃ ခုပါရှိပြီး သင့်ရဲ့ ဓာတ်ပုံတွေ၊ Apps တွေနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းနိုင်ရန် ကျယ်ပြန့်သောနေရာကို ပေးစွမ်းပါတယ်။ လိုအပ်တဲ့အရာတွေကို ဖုန်းထဲမှာပဲသိမ်းဆည်းထားနိုင်ပြီး နောက်ထပ်စွန့်စားခန်းအသစ်တွေအတွက် အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။
HUAWEI Y5p တွင်ပါဝင်သော 3020 mAh ဘက်ထရီက သင်ဗီဒီယိုတွေကို 17-hour ကြာရှည်အောင် ဗီဒီယို ကြည့်ရှုနိုင်ပြီး နာရီအနည်းငယ်ရပ်တန့်ပြီး အားသွင်းစရာမလိုဘဲ တောက်လျောက်အသုံးပြုနိုင်မှာပါ။ စွမ်းအင်ချွေတာပေးတဲ့ feature ကြောင့် ဘက်ထရီသုံးစွဲမှုလျော့ချနိုင်ခြင်းကိုတိုးတက်စေပြီး သင့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာများကို ယုံကြည်မှုအပြည့် နှင့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
HUAWEI Y5p ရဲ့ 8 MP HD အနောက်ကင်မရာက ဘဝရဲ့အဖိုးတန်ပုံရိပ်များကို ကောင်းမွန်သောဓာတ်ပုံအရည်အသွေးနဲ့ ဖမ်းယူပေးထားမှာဖြစ်ပါတယ်။ အလင်းရောင်မညီမျှလျင်တောင် HDR mode က အသေးစိတ်မြင်ရစေရန်ပြုလုပ်ပေးပါတယ်။ 5 MP ရှိ အရှေ့ဆယ်လ်ဖီကင်မရာက ကွဲပြားသောအလင်းရောင်တို့နဲ့အတူ သင့်ရဲ့မတူညီတဲ့ ကိုယ်ပိုင်အလှတရားတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ဒါ့အပြင် AI နည်းပညာနဲ့အသုံးပြုထားတဲ့ HUAWEI Y5p ရဲ့ Face Unlock နဲ့ မြန်ဆန်သောအမြန်နှုန်းနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ အဆင့်မြင့်တဲ့ algorithm တွေနဲ့ တိကျတဲ့မျက်နှာပုံဖော်ခြင်းတို့ကြောင့် စိုးရိမ်စရာမရှိဘဲ အေးအေးဆေး ဆေးသုံးစွဲနိုင်မှာလည်းဖြစ်ပါတယ်။
HUAWEI Y5p မှာပါရှိတဲ့ collage feature က မည်သည့် third-party application ရဲ့ အကူအညီမပါဘဲ ဓာတ်ပုံ ၂ ပုံမှ ၉ ပုံကြားကို fream တစ်ခုထဲကို ထည့်နိုင်ပါတယ်။ Smart algorithm နှင့်ပူးပေါင်းထားတာကြောင့် အရွယ်အစားပေါ်မူတည်ပြီး ကိုင်ညီသောဇယားကွက်အနေအထားတွင် ထားနိုင်ပါတယ်။ ဓာတ်ပုံတစ်ခုတည်းမှာပဲ လှပသောဆယ်လ်ဖီများနှင့် ရှုခင်းပုံ တို့ကို ပြသနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm

HUAWEI AppGallery ကတော့ မိုဘိုင်းအက်ပလီကေးရှင်းများအားရှာဖွေ၊ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Huawei ရဲ့ တရားဝင်ကိုယ်ပိုင်အက်ပလီကေးရှင်းဖြန့်ဖြူးရေးပလက်ဖောင်းဖြစ်ပါတယ်။ လုံခြုံပြီး ရွေးချယ်မှုစရာများပြားတဲ့ အတွေ့အကြုံ များကို ပေးစွမ်းနိုင်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာအက်ပလီကေးရှင်းဂေဟစနစ်ကို ဆက်လက်တိုးတက်အောင်ပြုလုပ်နေဆဲ လည်းဖြစ်ပါတယ်။ HUAWEI Y5p ရဲ့ဈေးနှုန်းကတော့ ၁၁၉၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။
Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။