Bluetooth Mesh Network ဆိုတာဘာလဲ

Bluetooth ဆိုတာကတော့ အချက်အလက်တွေကို မိုဘိုင်းလ်စက်ပစ္စည်းတစ်ခုကနေ နောက်တစ်ခုကို သတ်မှတ် အကွာအဝေးတစ်ခုအတွင်း အချက်အလက်တွေ ကူးပြောင်းပေးနိုင်တဲ့ ကြိုးမဲ့နည်းပညာစနစ် တစ်ခုဖြစ်ပြီးတော့ Personal Area Networks (PANs) တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ အကွာအဝေးအနည်းငယ်အတွင်း အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေး နည်းပညာတစ်ခုဖြစ်ပြီးတော့ ကွန်ပြူတာ၊ စမတ်ဖုန်း၊ ဂိမ်းခလုတ်တွေနဲ့ audio device  တွေမှာ တပ်ဆင်အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ အကွာအဝေးကတော့ မီတာ ၁၀၀ ကနေ ၁၀၀၀ အတွင်းဖြစ်ပြီးတော့ ကွန်ရက်အခြေခံတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ 

Photo source https://www.bluetooth.com/

Bluetooth Mesh Networking လို့ခေါ်တဲ့ Bluetooth ကွန်ယက်ချိတ်ဆက်စနစ်က စက်ပစ္စည်းအများအပြားကို ချိတ်ဆက်ပေးနိုင်ပြီးတော့ ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေကို အသုံးပြုပြီးတော့ ဆက်သွယ်ရေးကွန်ယက်တစ်ခု ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ လူအစားထိုး အလိုအလျောက်စက်ကိရိယာအသုံးပြုခြင်း၊ အာရုံခံကွန်ယက်စနစ်၊ ခြေရာခံစနစ်တွေနဲ့ တစ်ခြား နည်းပညာတွေမှာ အသုံးပြုသင့်ပြီးတော့ ဆယ်ဂဏန်း၊ ရာဂဏန်း, ထောင်ဂဏန်းလောက်ရှိတဲ့ စက်ပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုသင့်ပါတယ်။ ဒီလိုကွန်ယက်ချိတ်ဆက်စနစ်ကိုတော့ core version 4.0 နဲ့အထက် မှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Bluetooth Mesh Network ကိုအသုံးပြုနေတဲ့အချိန် အသုံးပြုသူရဲ့ အချက်အလက်တွေ မဆုံးရှုံးအောင် ကွန်ယက်တစ်ခုချင်းစီက ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ အချက်အလက်ယူဖို့ ကြိုးစားသူအတွက် ဘယ်Device က ဘယ်စာကိုပို့တယ်ဆိုပြီး ခြေရာခံလို့မရပါဘူး ဘယ်ကနေစပို့တယ်တဲ့ လိပ်စာကိုလည်း ခြေရာခံလို့မရပါဘူး။ အချက်အလက်တစ်ခု ပို့လိုက်တာနဲ့ ကွန်ယက်အလုပ်လုပ်ပုံ ပြောင်းလဲသွားမှာ ဖြစ်ပြီးတော့ အချက်အလက်ကို ခြေရာခံလို့မရအောင် ဖျောက်ဖျက်ပစ်မှာ ဖြစ်ပါတယ်။

Bluetooth Mesh မှာတော့ Model Layer, Access Layer, Upper Transport Layer, Lower Transport Layer, Network Layer, Bearer Layer စတဲ့ အလုပ်လုပ်ပေးနေတဲ့ အလွှာတွေ အများကြီးခံထားပြီဲးတော့ လုပ်ဆောင်မှုတိုင်းကို ဒီအလွှာတွေနဲ့ပဲ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

အချက်အလက်တွေပေးပို့တဲ့အခါ Mesh Network မှာ နုတ်စ်လေးတွေက အရေးပါပြီးတော့ နုတ်စ်တစ်ခုချင်းစီတိုင်းကလည်း ကွန်ယက်တစ်ခု ချိတ်ဆက်မိတဲ့အခါ အချက်အလက်ထဲမှာ မပါဝင်တဲ့ ဝှက်ထားတဲ့အရာတွေကို ဖယ်ထုတ်ပြီးတော့ ကွန်ယက်ပြန်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

Photo source https://www.bluetooth.com/

Bluetooth Mesh Network မှာ နုတ်စ်လေးတွေက Mesh Network တစ်ခုပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးပါတယ်။ နုတ်စ်တွေမှာတော့ ပေးပို့သူဆီက အချက်အလက်တွေကို လက်ခံပြီး ကြီးမားတဲ့ကွန်ယက်တစ်ခုဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ Relay ၊ GATT နဲ့ အချက်လက်ပေးပို့သူဆီက အချက်အလက်တွေကို လက်ခံပြီး ပြန်လည်ပို့ဆောင်ပေးတဲ့ Low Power ၊ Low Power ကိုထောက်ပံ့ပေးပြီးတော့ အချက်အလက်တွေ သိမ်းဆည်းပေးထားတဲ့ Proxy နဲ့ ကွန်ယက်တစ်ခုထဲမှာပဲ အချက်အလက် လက်ခံတာကို သိသိသာသာလျော့ချပေးပြီးတော့ ကွန်ယက်ကို ကောင်းကောင်းအလုပ်လုပ်စေနိုင်တဲ့ Friend ဆိုပြီး ရှိပါတယ်။

နုတ်စ်တွေ ဆက်သွယ်မှုပြတ်တောက်သွားတဲ့အခါ အခက်အခဲမရှိစေဘဲနဲ့ အချက်အလက်တွေကိုပဲ မှီခိုနေတဲ့အတွက် နုတ်စ်တွေ ချိတ်ဆက်မှုပြတ်သွားပေမယ့် ကွန်ယက်လုပ်ဆောင်မှုတွေကတော့ ပြတ်တောက်သွားမှာ မဟုတ်ပါဘူး။