လူငယ်များအတွက် ဆွဲဆောင်မှုအပြည့်ပေးတဲ့ HUAWEI nova Y Series စမတ်ဖုန်းအကြောင်း

Digital ခေတ်မှာ ကြာရှည်စွာအသုံးခံသော ဘက်ထရီက မိုဘိုင်းပစ္စည်းများတွင်အရေးအကြီးဆုံးအချက် ဖြစ်လာခဲ့ပါတယ်။ Social media အသုံးပြုခြင်း၊ ဗီဒီယိုများကြည့်ခြင်း၊ စာတိုပို့ခြင်းနှင့်အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်နိုင်သောဖုန်းတွေဟာ ပုံမှန်စမတ်ဖုန်းအသုံးပြုသူများ၊ အထူးသဖြင့် လူကြီးနှင့်ဆယ်ကျော်သက်လူငယ်များ အတွက်မရှိမဖြစ်လိုအပ်လာခဲ့ပါတယ်။ လူငယ်စမတ်ဖုန်းအသုံးပြုသူများက တတ်နိုင်သော ဈေးနှင့် ကိုက်ညီသော စမတ်ဖုန်းများကိုရွေးချယ်ရသည်မှာလည်း ကြုံ တွေ့နေကျ ပြဿနာတစ်ခုဖြစ်နေပါတယ်။

Huawei မှ လူငယ်များအတွက် သင့်တော်သည့် အ‌ကောင်းဆုံး စမတ်ဖုန်းမိသားစုဝင်ဖြစ်သည့် HUAWEI nova Y Series အသစ်ကိုမကြာမီက မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
“HUAWEI nova Y70 မှာ6.75-inch HUAWEI FullView Display၊ကြီးမားတဲ့6000mAh ဘက်ထရီ၊ 22.5W HUAWEI SuperCharge solution၊ 128GB large storageနဲ့အကောင်းဆုံးEMUI 12 တို့ထည့်သွင်းထားပါတယ်။ကြီးမားသော 6000mAh(typical value) ဘက်ထရီကို တပ်ဆင်အသုံးပြုပေးထားတဲ့အတွက် ဘက်ထရီအားကုန်မှာကို စိုးရိမ်စရာမလိုဘဲ ဘက်ထရီသက်တမ်းပိုမိုကြာရှည်ခံမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်သာ အားသွင်းဖို့ လိုအပ်ပြီး ဘက်ထရီပမာဏသေးသော အခြားစမတ်ဖုန်းများထက် ပိုမိုကောင်းမွန်ပါတယ်”လို့ Huawei ရဲ့ Head of Marketing မခင်ရတနာဝင်း ကပြောပါတယ်။
ဒါ့အပြင် ဖုန်းဘက်ထရီ 5 ရာခိုင်နှုန်း သာကျန်တဲ့အချိန်မှာLow Battery Mode ဖွင့်ထားမယ်ဆိုရင် ၁၂ နာရီကြာဆက်လက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI nova Y70ကို HUAWEI smartwatches၊ bands နဲ့ စမတ်ဖုန်းတွေလို ပစ္စည်းတွေအတွက် wired reverse chargingကိုမှOutput 5V/1Aနဲ့ထောက်ပံ့ပေးထားပါတယ်။Scree to body ratio90.26% နဲ့ ကျဉ်မြောင်းတဲ့notch ဒီဇိုင်းကြောင့် ဓါတ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် ဂိမ်းကစားတဲ့အခါမှာ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM

“HUAWEI nova Y70 မှာ EMUI 12ကိုထည့်သွင်းထားပြီးကြည်လင်ပြတ်သားပြီးတော့အသေးစိတ်ကျတဲ့selfie ပုံများကို ရိုက်ကူးနိုင်တဲ့8MP front camera ကို အဆင့်မြှင့်တင်ထားပါတယ်။ အရှေ့ကင်မရာဟာဆိုရင်bokeh effect ကို ပံ့ပိုးပေးပြီး Huaweiရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့AI Beauty algorithm နှင့်အတူ အသုံးပြုသူရဲ့ အသက်နဲ့ ကျား၊ မစတဲ့ လက္ခဏာတွေအပေါ် အခြေခံပြီးbespoke beauty effect ကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာHUAWEI novaY70 မှာportraits နဲ့ landscapes ပုံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ဖို့အတွက် အလင်းဝင်ရောက်နှောင့်ယှက်မှုမရှိပဲ ပိုမိုအသေးစိတ်ကျ ရိုက်ယူနိုင်သည့် HDR backlight imaging technology ကိုလည်း ထည့်သွင်းပေးထားပါတယ်” လို့ သူမက ဆက်လက်ပြောကြားပါတယ်။
ဒါ့အပြင် အနောက်ကင်မရာအတွက် HUAWEI nova Y70မှာ48MP (f/1.8 aperture) High-res Main Camera၊ 120° 5MP Ultra-Wide-Angle Camera နှင့် 2MP Depth Camera အပါအဝင် AI Triple Camera ကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့Huawei algorithmsနဲ့ စွမ်းဆောင်ရည်မြင့် Main CameraကNoiseတွေကို လျှော့ချနိုင်ပြီး dynamic range ကို တိုးမြှင့်‌ပေးထားခြင်းလည်းဖြစ်ပါတယ်။
HUAWEI nova Y70 မှာ6.75-inch HUAWEI FullView Display၊ကြီးမားတဲ့6000mAh ဘက်ထရီ၊ 22.5W HUAWEI SuperCharge solution၊ 128GB large storageနဲ့အကောင်းဆုံးEMUI 12တို့ထည့်သွင်းထားတဲ့အပြင် ဈေးနှုန်းအားဖြင့် ကျပ်သုံးသိန်းခွဲဝန်းကျင်သာရှိတဲ့အတွက် Storage space များများလိုအပ်ပြီး အားခံတဲ့ ဘက်ထရီလိုအပ်တဲ့ လူငယ်တွေအတွက် သင့်လျော်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
HUAWEI nova Y70 ကို RAM 4 GB + 128 GB Storage အမျိုးအစားနဲ့ ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်)တို့ကိုPre-order တင်နိုင်ပြီးဈေးနှုန်း ကျပ်သုံးသိန်းခွဲဝန်းကျင်နဲ့ မြန်မာနိုင်ငံမှာ မကြာမီ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။
HUAWEI nova Y70 ဟာ အခြား Series တွေထက် Performance ပိုကောင်းပြီး ကြီးမားတဲ့6000 mAhဘက်ထရီပါဝင်တဲ့အတွက် ဘက်ထရီသက်တမ်းပိုမိုကြာရှည်ခံပြီး Storage က 128GB ဖြစ်လို့ သုံးစွဲသူရဲ့ ဒေတာအတော်များများကို ဖျက်စရာမလိုဘဲ သိမ်းဆည်းထားနိုင်တာက Huawei nova Y70 ရဲ့ အဓိကအားသာချက်တစ်ခုပါ ပဲ။
“HUAWEI nova Y70 ကိုလက်ရှိ မြန်မာနိုင်ငံဈေးကွက်မှာPre-order တင်နိုင်ပြီး လက်တလောလူအများဆုံး စိတ်ဝင်စားနေသည့် ဖုန်းတစ်လုံးဖြစ်တယ်” လို့လဲ သူမက ဆက်လက်ပြောကြားပါတယ်။
HUAWEI nova Y70 ကို တရုတ်နိုင်ငံမှာစတင်ရောင်းချခဲ့ပြီး တရုတ်ပြည်ပြင်ပဈေးကွက်မှာတော့ မြန်မာနိုင်ငံက ပထမဆုံးရောင်းချပေးတဲ့ နိုင်ငံဖြစ်ပါတယ်။
Huawei Service Carnival ကိုမတ်လ 21 ရက်မှ ဇွန်လ 31 ရက်နေ့အထိ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအပိုပစ္စည်းလဲမယ်ဆိုရင် အများဆုံး 20 ရာခိုင်နှုန်း အထိဈေးလျှော့ပေးမှာဖြစ်ပြီး နောက်ထပ် အထူးကမ်းလှမ်းမှု အဖြစ် ရှေ့/နောက် စတစ်ကာ အတွက် 60 ရာခိုင်နှုန်းအထူးလျှော့ဈေးပေးသွားမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ပြုပြင်လိုက်တဲ့ အပိုပစ္စည်းအတွက် ရက် 90 အာမခံကိုလည်းအခမဲ့ရရှိမှာပဲဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဖုန်းပြင်ဖို့ ဝန်ဆောင်မှုစင်တာကို လာလိုက်တာနဲ့ 50GB Cloud Storage ကိုအခမဲ့ရရှိမှာပဲဖြစ်ပါတယ်။
လစဉ်ပြုလုပ်နေကြဖြစ်တဲ့S ervice Day အစီအစဉ်ကို မေလ (၇) ရက်နေ့နဲ့ (၈) ရက်နေ့တို့မှာ ပြုလုပ်ပေးသွားမှာဖြစ်ပြီး Huawei ဖုန်းအသုံးပြုသူတွေအနေနဲ့ ဖုန်းသန့်ရှင်းရေးဝန်ဆောင်မှု၊ ဖုန်းမျက်နှာပြင် ထိခိုက်မှုကို ကာကွယ်ဖို့ Screen protector အခမဲ့ဝန်ဆောင်မှု၊ Software နဲ့ EMUI Update တို့ကို အခမဲ့ဝန်ဆောင်မှုရရှိမှာဖြစ်သလို အာမခံကာလကျော်လွန်သွားတဲ့ Huawei ဖုန်းတွေကိုလည်း လာပြင်မယ်ဆို ၇၀၀၀ ကျပ်ဈေးလျှော့ပေးသွားမှာလို့လည်း သိရပါတယ်။