HUAWEI nova Y Series ကိုမြန်မာပြည်တွင် မကြာခင်မိတ်ဆက်မည်

Huawei မှ လူငယ်များအတွက် သင့်တော်သည့် အ‌ကောင်းဆုံး စမတ်ဖုန်းမိသားစုဝင်ဖြစ်သည့် HUAWEI nova Y Series အသစ်ကိုမကြာမှီမိတ်ဆက်တော့မည်ဖြစ်သည်။
Huawei သည် ဘက်ထရီနည်းပညာနှင့်ပတ်သက်၍ လူသိများသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ၎င်း၏ အကြီးဆုံးဘက်ထရီများနှင့် အကောင်းဆုံးအားသွင်းသည့်နည်းပညာများကို Flagship ဖုန်းများတွင်သာမက ဈေးသက်သာသည့် လက်ကိုင်ဖုန်းများတွင်လည်း ထည့်သွင်းပေးထားသည်။
HUAWEI nova Y Series ၏ မျိုးဆက်သစ်တွင်လည်း ယခင်အတိုင်းပါလာမည်ဟုမျှော်လင့်ရပြီး ဘက်ထရီ အရွယ်အစားကိုလည်း အံ့အားသင့်လောက်မည့်အရွယ်အစားလာမည်ဟု ခန့်မှန်းထားသည်။ Flagship စမတ်ဖုန်း တော်တော်များများမှာပါသော 4500 mAh ဘက်ထရီကို အတော်အတန်ကြီးသော ဘက်ထရီဟု ယူဆရသော်လည်း Huawei တွင်ယခုထက်ပိုကောင်းသော၊ 6000 mAh နီးပါးရှီသည့်ဘက်ထရီပါလာမည်ဟု ယူဆရသည်။
Huawei နည်းပညာများအကြား နောက်ထပ်ကောင်းမွန်သည့်အချက်တစ်ချက်မှာ ၎င်း၏ Fast-charging နည်းပညာဖြစ်သည်။ HUAWEI SuperCharge ဖြစ်သည့် 65W SuperCharge သည် Flagship devices လောကတွင် ဦးဆောင်နေသည်။ HUAWEI ၏ အသစ်ထွက်ရှိမည့် nova Y Series တွင်လည်း ပိုမိုခေတ်မှီ၍ 20W range ရှိပြီး ၁၀ မိနစ်အားသွင်းရုံဖြင့် ၃ နာရီကြာ ဗီဒီယိုများကြည့်ရှုနိုင်မည့် Charging စနစ်ပါရှိလာမည်ဟု ခန့်မှန်းထားသည်။

Photo Source http://consumer.huawei.com

အားသွင်းမြန်ဆန်မှုနှင့် ကြာရှည်ခံသောဘက်ထရီကြောင့် အသုံးပြုသူများအနေဖြင့် ခရီးသွားခြင်း၊ အလုပ်လုပ်ခြင်း (သို့မဟုတ်) အိမ်မှာအသုံးပြုရာတွင်ဖြစ်ဖြစ် စိတ်ချစွာအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် Huawei ၏ Power Saving နည်းပညာမှလည်း ဘက်ထရီစားသက်သာအောင်ကူညီပေးနိုင်မည်ဖြစ်သည်။
လူငယ်အသုံးပြုသူများအတွက် နောက်ထပ်အလေးထားသည့်အချက်မှာ Display ဖြစ်သည်။ လူငယ်များအတွက် စမတ်ဖုန်းသည် ရုပ်ဝတ္ထုသပ်သပ်မျှမဟုတ်ဘဲ ခေတ်မှီတိုးတက်သောကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။ ယခင် HUAWEI nova Y Series များ၏ Display သည် ပုံမှန်အားဖြင့် 6.5 လက်မ FullView Display ဖြစ်ပြီး ယခုထွက်ရှိမည့် new generation တွင် ကိုင်ရအဆင်ပြေပြီး ပိုမိုကြီးမားသော Screen ပါလာမည်ဟု ခန့်မှန်းရသည်။
Huawei သည် အသုံးပြုသူများအတွက် ရုပ်ရှင်၊ တီဗီ၊ Social post နှင့် စာရွက်စာတမ်းများကြည့်ရှုရာတွင် Screen အပြည့်အဝကြည့်ရှုနိုင်စေရန် Screen to body ratio များများနှင့်ထုတ်လုပ်လေ့ရှိသည့်အတွက် new generation HUAWEI nova Y တွင်လည်း တူညီသည့် screen to body ratio (သို့မဟုတ်) ပိုမိုကောင်းမွန်လာမည့် ratio နှင့်ထုတ်လုပ်မည်ဟုမျှော်လင့်ရသည်။
အသစ်ထွက်ရှိလာမည့် HUAWEI nova Y သည် ယခင်ဖုန်းများအတိုင်း လူငယ်များအကြိုက်ကိုက်ညီမည့် အရောင်နှင့် အသား (Texture) တို့ဖြင့် ဆက်လက်ထုတ်လုပ်မည်ဟုခန့်မှန်းထားသည်။ ထို့ပြင် သက်တောင့်သက်သာ ဖြစ်စေမည့်အထိအတွေ့နှင့် ကြာရှည်ခံကာ အကြမ်းခံမည့် ဖုန်းတစ်လုံးဖြစ်လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။
ထို့ပြင် Huawei သည်မျက်စိကျန်းမာရေးအတွက်ကာကွယ်ပေးသည့် screen နည်းပညာများဖြင့် ထုတ်လုပ်လေ့ရှိသည့်အတိုင်း new generation တွင်လည်း အလင်းရောင်မှိန်ပေးသည့် Feature နှင့် ဖုန်းဖြင့် ဗီဒီယိုကြည့်ချိန်နှင့်စာဖတ်သည့်အချိန်တွင် မျက်လုံးအား အလင်းရောင်စူးရှစွာထိတွေ့ခြင်းမှ ကာကွယ်ပေးသည့် နည်းပညာများထည့်သွင်းလာမည်ဟု ခန့်မှန်းရသည်။
မိုဘိုင်းဂိမ်းကစားလေ့ရှိသည့် လူငယ်စမတ်ဖုန်းအသုံးပြုသူများအတွက် Touch Screen သည် အလွန်အရေးပါသည့်အတွက် Huawei သည် new generation စမတ်ဖုန်းတွင် ပိုမိုမြန်ဆန်ပြီးတုန့်ပြန်မှုကောင်းသည့် Multi-touch နည်းပညာကို ထည့်သွင်းထုတ်လုပ်မည်ဟု မျှော်လင့်ရသည်။
ထို့အတူ Privacy နှင့် Security သည်လည်း စမတ်ဖုန်းအသုံးပြုသူများအတွက် အဓိကအချက်ဖြစ်သည့်အတွက် HUAWEI ၏ အသစ်ထွက်ရှိလာမည့် Y Series စမတ်ဖုန်းတွင် တစ်ချက်ထိရုံဖြင့် ဖွင့်နိုင်မည့် Fingerprint unlock technology လည်းပါလာနိုင်သည်။
အထက်ပါအချက်များသည် HUAWEI nova Y Series နှင့်ပတ်သက်သောခန့်မှန်းချက်များဖြစ်ပြီး လူငယ်များအတွက် အထူးထုတ်လုပ်ထားသောဖုန်းတစ်လုံးဖြစ်မှာအသေအချာပင်ဖြစ်သည်။