OPPO Find N တွင် OPPO နှင့် Google တို့မှ ပူးပေါင်းတီထွင်ထားသည့် Android 13 Beta ပါဝင်လာ

OPPO ၏ ပထမဦးဆုံးသော စွမ်းဆောင်ရည်မြင့် Foldable Smartphone ဖြစ်သည့် OPPO Find N သည် စမတ်ဖုန်းလောကတွင် စမတ်ဖုန်းပုံစံအသစ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုတွင် ရှေ့တန်းမှ ဆက်လက် ရပ်တည်လျက်ရှိသည်။ OPPO Find N ၏ ပရီမီယံအရည်အသွေးနှင့် Foldable Smartphone အတွေ့အကြုံကို အပြည့်အဝရရှိစေရန် ထည့်သွင်းပေးထားသည့် ဖန်တီးမှုအသစ်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားပြီး မေလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် Google I/O ဆွေးနွေးမှုတွင် အဆိုပါ အချက်အလက်များကို ပြသဆွေးနွေးခဲ့သည်။
ထို့အပြင် OPPO Find N သည် ကမ္ဘာတစ်ဝန်းတွင် Android 13 Beta ကို အသုံးပြုခွင့်ရရှိထားသည့် ပထမဆုံးသော စမတ်ဖုန်းများထဲမှ တစ်ခုဖြစ်သည်။ OPPO ၏ ColorOS လည်ပတ်မှုစနစ်အပေါ် အခြေခံ၍ Android 13 Beta ၏ Developer Preview ကို မေလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံရှိ Find N အသုံးပြုသူများအတွက် Download ပြုလုပ်နိုင်ပြီဖြစ်ကြောင်း OPPO မှ ကြေညာခဲ့သည်။ Find N နှင့်အတူ Android 13 Beta စနစ်ကို OPPO စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်သည့် Find X5 Pro တွင်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar

“OPPO အတွက် ဆန်းသစ်ထွင်မှုဆိုတာကတော့ နည်းပညာတွေကိုပဲ အောင်မြင်အောင် ဆန်းသစ်တီထွင်ထားတာ မဟုတ်ဘဲ သုံးစွဲသူတွေအတွက် ခွန်အားဖြစ်စေဖို့ သူတို့ရဲ့ လိုအပ်ချက်တွေကို အဖြေရှာဖွေဖော်ထုတ်ပြီးတော့ ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေနဲ့ နည်းပညာကို တီထွင်ဖန်တီးထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်” ဟု OPPO Chief Product Officer ဖြစ်သူ Pete Lau က ပြောကြားသည်။
“OPPO Find N ဟာ သုံးစွဲသူတွေကို နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကနေတစ်ဆင့် ခွန်အားဖြစ်စေဖို့ OPPO ကနေ လုပ်‌ဆောင်နေတဲ့ နည်းပညာလမ်းကြောင်းတွေထဲက အခြေခံ အုတ်မြစ်တစ်ခုအဖြစ် ကိုယ်စားပြုပါတယ်။ Google နဲ့ လက်တွဲလုပ်ဆောင်ပြီးတော့ အခုတွေ့ရှိရတဲ့ Cutting-edge Hardware နဲ့ အားလုံးထက် သာလွန်တဲ့ Software ပေါင်းစပ်မှု အတွေ့အကြုံကို စမတ်ဖုန်းဈေးကွက်အတွင်းမှာ တိုးမြင့်ပေးလာနိုင်တာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခု OPPO Find N ၌ ပါဝင်ထားသည့် Android 13 Beta တွင် Multi-tasking အတွက် ကြီးမားသောမျက်နှာပြင်နှင့် ဘက်စုံ စမတ်ဖုန်း ကြည့်ရှုသည့် အတွေ့အကြုံများအတွက် စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အံဝင်ခွင်ကျဖြစ်စေသော Features များစွာပါဝင်သည်။

Photo Source https://www.facebook.com/OPPOMyanmar

ထို့အပြင် မေလ ၁၂ ရက်နေ့ Google I/O ၏ ဒုတိယနေ့အပြီးတွင် OPPO နှင့် Google အင်ဂျင်နီယာများမှ စမတ်ဖုန်းပုံစံအသစ်များ၏ အနာဂတ်နှင့် ပိုမိုကောင်းမွန်သည့် User Experience အတွက် Hardware၊ Software တို့နှင့်အတူ မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ဆိုသည်တို့ကို နက်နက်ရှိုင်းရှိုင်းဆွေးနွေးရန်အတွက် Instagram Live session ကို ပူးတွဲကျင်းပခဲ့သည်ဖြစ်သည်။ Live Session ကို မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီ PST တွင် ကျင်းပခဲ့ပြီး Google မှ Director of UX on Android ဖြစ်သူ Jason Cornwell၊ OPPO ၏ Head of Software Product ဖြစ်သူ Gary Chen၊ နှင့် OPPO ၏ အကြီးတန်း UX ဒီဇိုင်နာ Wenxi Li တို့မှ ပါဝင် ဆွေးနွေးခဲ့ကြသည်။