အသစ်ထွက်ရှိထားတဲ့ realme 9 စမတ်ဖုန်းတွင်ပါဝင်သော Feature များ

မကြာသေးခင်ကမှ အသစ်ထွက်ရှိထားတဲ့ realme 9 စမတ်ဖုန်းကို realme စမတ်ဖုန်းချစ်သူတွေ အကြိုက် တွေ့စေမယ်လို့တော့ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အရင်ထွက်ရှိထားတဲ့ဖုန်းတွေထက်စာရင် ကာလာပိုစိုတဲ့ 90Hz Super AMOLED မျက်နှာပြင် ဒီဇိုင်းအသစ်တစ်ခုနဲ့ လှပလွန်းတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။
တကယ်တော့ realme 9 စမတ်ဖုန်းကို လူကြိုက်များရခြင်း အဓိကအချက် ၆ ချက်ရှိပါတယ်။
(၁)ပရိုဆန်တဲ့108MP ကင်မရာ
(၂)ကာလာပိုစိုတဲ့ 90Hz Super AMOLED မျက်နှာပြင်
(၃) စွမ်းဆောင်ရည်မြင့် Snapdragon680 Processor
(၄) ကြီးမားတဲ့ 5000mAh ဘက်ထရီ
(၅) ပါးလွှာတဲ့ 7.99mm ဖုန်းအထူ
(၆) လှိုင်းတွန့်ရောင်ပြေးဒီဇိုင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

Photo Source https://www.facebook.com/realmeMyanmar/

realme 9 စမတ်ဖုန်းကို ဆန်းသစ်တဲ့ Plasma Atom အပေါ်လွှာထပ်လောင်းခြင်းနဲ့ UV-Nano ပုံရိုက်ခြင်း လုပ်ဆောင်မှုတို့မှတစ်ဆင့် ဖန်တီးထားတဲ့ ရုပ်ကြွ 3D လှိုင်းတွန့်နောက်ကျောသားနဲ့ဖုံးအုပ်ပေးထားတာပါ။ တော်တော် လေးကို ပေါ့ပါးတဲ့ ၁၇၈ ဂရမ်အလေးချိန်နဲ့ ပါးလွှာတဲ့ ၇ ဒဿမ ၉၉ မီလီမီတာ အချိုးအစားက ကိုင်ဆောင်ရတာ ဘယ်လောက်အထိ သက်သောင့်သက်သာရှိသလဲဆိုတာကိုပြသနေတာပါ။ အဲ့ဒီအချက်က realme 9 စမတ်ဖုန်းရဲ့ အံ့သားသင့်စရာ အချက်တွေထဲမှာတစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။
realme 9 စမတ်ဖုန်းရဲ့ အရောင်ပိုစိုတဲ့ 90Hz Super AMOLED မျက်နှာပြင်က သက်သောင့်သက်သာရှိစေမယ့် မြင်ကွင်းအတွေ့အကြုံကို သေချာအောင်လုပ်ဆောင်ပေးမှာဖြစ်သလို 360Hz touch sampling rate က ထိတွေ့ ပွတ်ဆွဲမှုတိုင်းကို ချောမွေ့စေအောင်လုပ်ဆောင်ပေးဦးမှာပါ။ ဒါ့အပြင် realme 9 စမတ်ဖုန်းမှာ ပုံမှန်ခလုပ်နှိပ်နည်းလမ်းထက် ပိုမိုမြန်ဆန်ပြီး ဖွင့်ပေးနိုင်မယ့် လက်ဗွေဖတ်စနစ်ကို အသုံးပြုပေးထားပါတယ်။
realme စမတ်ဖုန်းမှာ Nonapixel Plus technology ကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ 9-sum Pixel Binning စနစ်က မှောင်တဲ့ပတ်ဝန်းကျင်မျိုးတွေမှာ အလင်းအားပိုမိုဖမ်းယူနိုင်ဖို့အတွက် pixel ၉ ခုကို ကြီးမားတဲ့ pixel ကွက်တစ်ခုအဖြစ် ပေါင်းစပ်ပေးနိုင်အောင်ထုတ်လုပ်ပေးထားပါတယ်။ အဲဒါကြောင့် အလင်းပိုကောင်းပြီး ကြည်လင်တဲ့ပုံတွေကို ထုတ်ပေး နိုင်ပါတယ်။
realme 9 စမတ်ဖုန်းမှာ သာလွန်တဲ့ ပုံရိပ်ဖြတ်ပေးမှု autofocus ပါဝင်ပါတယ်။ zoom နဲ့ focus အပိုင်းကို ပိုမိုထိန်း ချုပ်ချင်တယ်ဆိုရင်တော့ တစ်ချက်ပွတ်ဆွဲတို့ထိရုံနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၁၂၀ ဒီဂရီရှိတဲ့ မြင်ကွင်းကျယ်ကင်မရာက ရိုက်ချက်ဘောင်ထဲမှာ ပိုမိုဝင်ဆံ့စေပြီး နေရာကျဉ်းတဲ့နေရာတွေမှာရိုက်တဲ့အခါမျိုးမှာ တကယ် အသုံးဝင်စေပါတယ်။

Photo Source https://www.facebook.com/realmeMyanmar/

အမျိုးမျိုးသော selfie feature တွေပါတဲ့ 16MP HD ကင်မရာကိုတပ်ဆင်ပေးထားလို့ realme 9 စမတ်ဖုန်းက ရိုက်ချက်တိုင်းမှာ အလန်းစား selfie တွေဖြစ်ဖို့ ကူညီပေးပါတယ်။ 2.4 GHz မြန်နှုန်းထိတောက်ပံ့ထားတဲ့ အဆင့်မြင့် 6nm Snapdragon 680 processor ကြောင့် ဘယ်လို app မျိုးကိုမဆို ကောင်းမွန်တဲ့အပူချိန်ထိန်းချုပ်မှုနဲ့အတူ မြင့်မားတဲ့စွမ်း ဆောင်ရည်ကို ပေးနိုင်ပါတယ်။
8GB RAM နဲ့ 128GB သိုလှောင်နိုင်မှုနဲ့အတူ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ဖိုင်တွေကို ပိုမိုသိမ်းဆည်းနိုင်ပါတယ်။ realme 9 စမတ်ဖုန်းမှာ RAM ထပ်တိုးနည်းပညာပါဝင်လို့ နောက်ထပ် RAM ပမာဏကို 5GB အထိထပ်တိုး အသုံးပြုနိုင်မှာလည်းဖြစ်ပါ တယ်။ ဖုန်းရဲ့ ဈေးနှုန်းကတော့ ၅၃၉၉၀၀ ကျပ်ဖြစ်ပါတယ်။