OPPO A Series အသစ် OPPO A55 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ

OPPO မှ All the Features You Want ဟူသော ဆောင်ပုဒ်နှင့်အတူ ခေတ်မီသောဒီဇိုင်း၊ မြင့်မားသော ကင်မရာအရည်အသွေးနှင့် အသုံးပြုသူတို့ကို စိတ်ကျေနပ်ဖွယ် စမတ်ဖုန်းသုံးစွဲမှု အတွေ့အကြုံ ပေးစွမ်းနိုင်မည့် OPPO A Series အသစ် OPPO A55 ကို ဇွန်လ (၅) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ၄၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး Rainbow Blue အရောင်နှင့် Starry Black ဟူ၍ အရောင်နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
OPPO A55 ကို ပါးလွှာပြီး စတိုင်ကျ သက်သောင့်သက်သာဖြစ်စေမည့် 3D Curved Design နှင့် ပြုလုပ်ထားပြီး Screen Size 6.51” တွင် စွမ်းဆောင်ရည်ကောင်းမွန်သည့် Punch-Hole LCD Display ကို 60 Hz နှင့် တပ်ဆင်ပေးထားကာ အလေးချိန် 193 g သာ ရှိသည်။ OPPO A55 ကို ခေတ်မီသော အရောင်များဖြစ်သည့် အပြာရောင်ကောင်းကင်ပေါ်မှ သက်တံကို မြင်တွေ့ခံစားရသလို ဖြစ်စေမည့် Rainbow Blue အရောင်နှင့် ကြယ်များပြည့်နေသော ညကောင်းကင်ကို ကြည့်ရှုနေသကဲ့သို့ ခံစားရမည့် Starry Black ဟူ၍ အရောင်နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Rainbow Blue ၏ နောက်ကျောဘက်ကာဗာသည် တောက်ပနေသော မှန်ကဲ့သို့ မျက်နှာပြင် ဒီဇိုင်းဖြစ်ပြီး Starry Black ၏ နောက်ကျောဘက် ကာဗာသည် ချွေးစိုခံပြီး လက်ဗွေရာမထင်သော ဒီဇိုင်းဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/posts/2248393211985221

OPPO A55 တွင် အရှေ့ဘက်ကင်မရာကို 16 MP Camera တပ်ဆင်ထားပြီး နောက်ကျောဘက်ကင်မရာများကို 50 MP Main Camera၊ 2 MP Bokeh Camera နှင့် 2 MP Macro Camera ဟူ၍ ကင်မရာ ၃ လုံးကို Triple Camera Setup ဖြင့် တပ်ဆင်ပေးထားသည်။ OPPO A55 ၏ ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်ခုစလုံးသည် AI Beautification ကို ပံ့ပိုးပေးထားသည့်အတွက် ပိုမို သဘာဝကျကျ လှပစေသည့် ဓာတ်ပုံများကို အသုံးပြုသူ စိတ်ကြိုက် ရိုက်ကူးနိုင်မည်ဖြစ်သည်။ OPPO A55 ကင်မရာတွင် Pixel ၄ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးသည့် Pixel Binning Technology အသုံးပြုထားသည့်အတွက် ဓာတ်ပုံများ၏ ရုပ်ထွက်ကို ပိုမိုကြည်လင်ပြတ်သားပြီး ပိုမို အသေးစိတ်ကျစေကာ 360˚ Fill Light Feature ပါဝင်သည့်အတွက် အလင်းမှိန်သော ပတ်ဝန်းကျင်တွင်ရိုက်ကူးလျှင်ပင် ကြည်လင်ပြတ်သားသော Night Selfie ကို ရရှိစေမည်ဖြစ်သည်။
OPPO A55 တွင် ကြီးမားသော 5000mAh ဘက်ထရီ ပါဝင်လာမည်ဖြစ်ပြီး YouTube Video များကို ၁၆ နာရီကျော်ကြာအောင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကြီးမားသော ဘက်ထရီကို မိနစ် ၃၀ အတွင်း အား ၃၃ ရာခိုင်နှုန်း ရောက်ရှိစေနိုင်မည့် 18W Fast Charging စနစ်ပါဝင်လာမည်ဖြစ်ပြီး ဘက်ထရီအား ကြာကြာအသုံးပြုနိုင်သည့် Super Power Saving Mode လည်း ပါဝင်မည်ဖြစ်သည်။ OPPO A55 တွင် အသုံးပြုသူ၏ အိပ်စက်မှုပုံစံများကို လေ့လာပြီး ညဘက် ဘတ်ထရီအားသွင်းမည့် အစီအစဉ်ကို အချိန်ဇယားဆွဲကာ ပိုင်းခြားပေးသည့် Optimized Night Charging စနစ်ပါဝင်သည်။ OPPO A55 ၏ AI စနစ်သည် သည် အသုံးပြုသူ၏ အိပ်စက်ခြင်းအလေ့အထကို မှတ်သားထားပြီး System နိုးကြားမှု အကြိမ်ရေနှင့် အချိန်များကို ထိန်းချုပ်ပေးခြင်းဖြင့် ညအချိန် ပါဝါသုံးစွဲမှုကို လျှော့ချပေးစေသော Super Nighttime Standby Mode တို့လည်း ပါဝင်သည့်အတွက် အသုံးပြုသူ၏ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေပြီး စိတ်ချလုံခြုံမှုပေး စွမ်းနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/posts/2248393211985221

OPPO A55 တွင် Octa-core Processor ဖြစ်သော MediaTek Helio G35 / MT6765G ကို ထည့်သွင်းပေးထားပြီး RAM 4GB နှင့် ROM 128GB ပါဝင်သည့်အဝင်သည့်အတွက် ပိုမို သွက်လက်ပြီး ချောမွေ့သော User Experience ရရှိနိုင်မည်ဖြစ်သည်။ ColorOS 11.1 ကို အသုံးပြုထားပြီး System Booster ပါဝင်သည့်အတွက် Idle Time Optimizer၊ Storage Optimizer နှင့် UI first 3.0 ၏ လုပ်ဆောင်ချက်များအားဖြင့် တုန့်ပြန်မှုနှုန်း +5.0% တိုးတက် နိုင်သည်။ OPPO A55 တွင် OPPO Lab မှ အချက်အလက်အရ Link Boost 2.0 ဖြင့် ကွန်ရက်တစ်ခုလုံး၏ သွက်လက်မှုကို 33% ခန့်တိုးတက်စေပြီး Multitasking အတွက် App Windows များကို လျှော့ချပေးသည့် FlexDrop နှင့် Google Lens ကို အသုံးပြု၍ ဘာသာပြန်နိုင်သော Three-Fingers Google Translate လည်း ပါဝင်သည့်အတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အဆင်ပြေစေသည်။
OPPO A55 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OPPOMyanmar/posts/2248393211985221