မြန်မာလူငယ်တွေရဲ့ Epic အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်စေမယ့် အခွင့်အရေးတွေ ယူဆောင်လာတဲ့ Samsung ရဲ့ Galaxy Campus Friends အစီအစဉ်

Samsung Myanmar ကနေ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းတွေကို့ မြန်မာနိုင်ငံက လူငယ်တွေအတွက် ဖန်တီးပေးနိုင်ဖို့ အသစ်ထွက်ရှိထားတဲ့ Galaxy S23 FE Series တွေကနေတဆင့် “Galaxy Campus Friends” အစီအစဥ်ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီအစီအစဉ်ကိုတော့ Epic ဖြစ်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း  ကိုယ်တိုင်လျှောက်လှမ်းချင်တဲ့ “Future“၊ တနည်းအားဖြင့် “Universe” အသစ်တစ်ခုကို ဖန်တီးဖို့အခွင့်အရေး ရှာဖွေနေတဲ့ အသက် ၁၆ မှ ၂၃ နှစ် အတွင်း လူငယ်တိုင်း ပါဝင်နိုင်မှာဖြစ်ပါတယ်။

Image: Samsung

Galaxy Campus Friends အစီအစဉ်ကို “ Open Your Universe “ ခေါင်းစဉ် နဲ့ ကိုယ့်ရဲ့ စိတ်ဝင်စားစရာ Story တွေကို မျှဝေရင်း ပါဝင်နိုင်မှာဖြစ်ပြီး ပါဝင်သူများအနေနဲ့ အခွင့်အလမ်းနဲ့ အတွေ့အကြုံသစ်များ တိုးပွားစေရုံသာမက ဆန်ကာတင်အနေနဲ့ ရွေးချယ်ခံရတဲ့အခါ Samsung Myanmar ကနေ ပြုလုပ်ပေးသွားမယ့် တစ်ရက်တာ Training Workshop ကို တက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက် ဖန်တီးနိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းတွေလည်း တိုးတက်လာစေမှာပါ။ နောက်ဆုံး ရွေးချယ်ခံရတဲ့ Samsung ကိုယ်စားပြု Galaxy Campus Friends ၄ ဦး ကတော့ Samsung နဲ့အတူတူ လက်တွဲလုပ်ကိုင်ခွင့်ရသွားမှာ ဖြစ်တဲ့အတွက် Influencing Power, Social Skills နဲ့ ခေါင်းဆောင်နိုင်စွမ်းတွေလည်း တိုးလာနိုင်ပါတယ်။ ဒါတင်မကဘဲ ရွေးချယ်ခံရတဲ့ Galaxy Campus Friends ၄ ဦးဟာ

  • Samsung နဲ့ အတူ ပူးတွဲလုပ်ကိုင်ခွင့်၊
  • Collab Fees အနေ နဲ့ တစ်လလျှင် ဒေါ်လာ ၂၀၀ ခံစားနိုင်ခွင့်ဖြင့် (၃) လ တိတိ ပူးပေါင်းလုပ်ဆောင်ခွင့်၊
  • Samsung Galaxy S23 FE ဖုန်း (၁) လုံး စတဲ့ အကျိုးခံစားခွင့်တွေကိုပါ ရရှိသွားနိုင်ဦးမှာပါ။

Image: Samsung

Galaxy Campus Friends အစီအစဉ်မှာ ပါဝင်ပြီး ကိုယ့်ရဲ့ Universe အသစ်တစ်ခုကို စတင်ပုံဖော်ဖို့အတွက် စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အောက်ပါ အဆင့်တွေအတိုင်း ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။

  • ဒီလင့်ခ် – (https://form.typeform.com/to/GiJcB1oG) ထဲက Application Form မှာ လိုအပ်တဲ့အချက်အလက်တွေကိုဖြည့်စွက်ရပါမယ်။
  • အဲ့ဒီနောက် “Open Your Universe “ ခေါင်းစဉ်နဲ့အညီ မိမိသက်ဆိုင်ရာ Academic / Social / Career / Hobbies ကြိုက်နှစ်သက်ရာ အကြောင်းအရာကို မျှဝေပေးတဲ့ ဗီဒီယို ကို (၂) မိနစ်ထက်မကျော်အောင် ရိုက်ကူးပြီး #GalaxyCampusMM #EpicStartsHere ဆိုတဲ့ hashtags တွေနဲ့ မိမိရဲ့ Facebook Wall ပေါ်မှာ Public နဲ့ တင်ထားပေးရမှာပါ။
  • ပြိုင်ပွဲဝင်ကာလကတော့နိုဝင်ဘာလ ၁၆ ရက်နေ့ ကနေ ဒီဇင်ဘာလ ၅ ရက်နေ့ အထိဖြစ်ပြီး လက်ရှိမှာ ပညာသင်ယူနေတဲ့ အသက် ၁၆ နှစ်မှ ၂၃ နှစ်အတွင်း  မြန်မာလူငယ်တိုင်း ကျား/မ မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
  • Galaxy Campus Friends Program နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိချင်ရင်တော့ ဒီလင့်ခ် (https://bit.ly/3ufRViy) ကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Image: Samsung

Galaxy Campus Friends ‌ရွေးချယ်မှုအစီအစဉ်မှာ ပထမအဆင့်အနေနဲ့ Form တင်ထားသူများထဲမှ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း၊ Open Your Universe ခေါင်းစဉ်နဲ့ လိုက်လျောညီထွေမှုရှိခြင်း၊ ဖန်တီးနိုင်စွမ်းရှိခြင်း၊ လူအများနှစ်သက်ခြင်း၊ Galaxy Campus Friend တစ်ယောက်အနေနဲ့  လုပ်ဆောင်နိုင်စွမ်းရှိခြင်း စတဲ့ အချက်တွေပေါ်မူတည်ပြီး ဆန်ကာတင် ၂၀ ဦးကို ဒီဇင်ဘာလ ဒုတိယအပတ်မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ ‌ရွေးချယ်ထားတဲ့ ဆန်ကာတင် အယောက် ၂၀ အတွက် 1 Day Workshop ပြုလုပ်သွားမှာဖြစ်ပြီး နောက်တစ်ဆင့်အတွက် သက်ဆိုင်ရာ Mission တွေကို ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Samsung ကိုယ်စားပြု Galaxy Campus Friends ၄ ဦးကိုတော့ Workshop အတွင်း တစ်ဦးချင်းစီရဲ့ Interview အမှတ်၊ သက်ဆိုင်ရာ Mission များကိုဆောင်ရွက်နိုင်စွမ်း၊ လူအများနှစ်သက်အားပေးမှုနဲ့ ဖန်တီးနိုင်စွမ်းတွေအပေါ်မူတည်ပြီး ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။

Image: Samsung

“ကျွန်တော်တို့ နိုင်ငံက လူငယ်လေးတွေက ထူးချွန်ကြသလို၊ ကြိုးလည်းကြိုးစားပြီး အခွင့်အလမ်းတွေကိုလည်း  အမြဲလိုက်ရှာနေကြတာတွေကို တွေ့မိတဲ့အတွက် ဒီလူငယ်တွေအတွက် ကျွန်တော်တို့ Samsung ကနေ အထောက်အကူတစ်ခု ဖြစ်ချင်ခဲ့ပါတယ်။ အဲ့တာကြောင့် ကျောင်းသားလူငယ်လေးတွေရဲ့ Epic အိပ်မက်တွေဆီ အရောက်သွားပြီး Universe အသစ်တစ်ခုကို စတင်ပုံဖော်နိုင်စေဖို့အတွက် Galaxy Campus Friends အစီအစဉ်ကို ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် Epic ဖုန်းတွေဖြစ်တဲ့ Galaxy S23 FE series နဲ့အတူ ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကနေ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းနဲ့၊ စွမ်းရည်တွေကို ဖွင့်ထုတ်ပေးနိုင်ပြီး ပါဝင်မျှဝေပေးရမယ့် ခေါင်းစဉ်လေးအတိုင်း “Open Your Universe“ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောပါတယ်။

အခုလို Epic ဖြစ်တဲ့ အခွင့်အလမ်းကောင်းတွေ ယူဆောင်လာတဲ့ Samsung Myanmar ရဲ့ “Galaxy Campus Friends” အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မတိုင်ခင် စာရင်းပေးသွင်းပြီး စည်းကမ်းချက်များနဲ့အညီ ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။